
00002.jpg

 



လိင်စိတ်ကွဲပြားသူတွေအတွက် စတင်ပညာပေးပြီဖြစ်တဲ့ ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင် ကတော့ လိင်တူချစ်သူတစ်ယောက်အဖြစ် ကြေညာခဲ့ပြီးနောက်ပိုင်းမှာ လိင်စိတ်ကွဲပြားသူတွေ( မိန်းမလျာ၊ ယောကျာ်းလျာ စတဲ့) အတွက် ခွန်အားဖြစ်စေမယ့် အကြောင်းအရာတွေက စတင်တင်ဆက်တော့မယ်လို့ ဆိုပါတယ်Credit – Ye Htoo Win

Posted by CeleGabar TV on Wednesday, November 28, 2018

Source- Unokkarn & Me

Nay Madhuri

ယူနီကုဒ်ဖြင့်ဖတ်ရန်

 

 

လိင်စိတ်ကွဲပြားသူ တွေအတွက် စတင်ပြီး ခွန်အားဖြစ်စေတဲ့ စကားတွေကို ပြောပြလိုက်တဲ့ ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်တစ်ယောက် လိင်တူချစ်သူတစ်ယောက်အဖြစ် ပွင့်ပွင့်လင်းလင်း ဖွင့်ချပြီးနောက်ပိုင်းမှာ ဘဝတူလိင်တူချစ်သူတွေ ၊ လိင်စိတ်ခံယူမှုကွဲပြားသူတွေအတွက် ခွန်အားဖြစ်စေမယ့် စာတွေ ၊ အသိပညာပေးမှုတွေကို ပြုလုပ်နိင်ဖို့ စာမျက်နှာအသစ်တစ်ခု ကို ဖွင့်လှစ်လိုက်ပါတယ်။ Unokkarn & Meဆိုတဲ့ စာမျက်နှာလေးကနေတဆင့် မြန်မာနိုင်ငံမှ LGBT များအားလုံးနဲ့ သူတို့ကို ချစ်သော family & friends တွေအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ဗီဒီယိုလေးကို တင်ပြလိုက်ပါတယ်။

ဒီ ဗီဒီယိုလေးဟာ ဥက္ကာမင်းမောင်ရဲ့ ဘလော့ဂါ တစ်ယောက်အနေနဲ့ စတင်ရပ်တည်မယ့် ခရီးအစလည်းဖြစ်ပါတယ်။ ဗီဒီယိုလေးထဲမှာ လိင်စိတ်ကွဲပြားသူ တွေ( ယောကျာ်းလျာ၊ မိန်းမလျာ) တွေ အတွက် ခွန်အားဖြစ်စေမယ့် စကားတွေပြောဆိုထားတာတွေ့ရပါတယ်။ လိင်စိတ်ကွဲပြားသူတွေရင်ဆိုင်သင့်တဲ့အခက်အခဲတွေ ပြသနာတွေ နဲ့ နေ့စဉ်ဘဝမှာ ဘယ်လိုကျော်လွှားသင့်တယ်ဆိုတာကိုလည်း ပြောပြထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူများပြားနေတဲ့ဗီဒီယို တစ်ခုဖြစ်ပါတယ် ။

Source- Unokkarn & Me

scroll to top