အူ၀ဲ ကို လြမ္းတဲ့စိတ္ေလးပိုက္ျပီး တစ္ေယာက္ထည္းပြဲတက္ခဲ့ရတဲ့ ေျပတီဦး

collage.png

ထူးခၽြန္ေက်ာင္းသားေတြကို ေထာက္ပံ့ ကူညီေနတဲ့ ေျပတီဦးေဖာင္ေဒးရွင္း ဟာ ယေန႔မွာ ႏွစ္စဥ္လုပ္ေနၾက ထံုးစံအတိုင္း ၂၀၁၈-၂၀၁၉အတြက္ ေဖာင္ေဒးရွင္းမွ အကူအညီေပးျဖစ္တဲ့ ကေလးေတြနဲ႔ေတြ႕ဆံုတဲ့ပြဲေလး က်င္းပျဖစ္ခဲ့ပါတယ္။ အဆိုပါပြဲကို အကယ္ဒမီ ေျပတီဦး နဲ႕ ညီမျဖစ္သူ ေငြတီဦး တို႕ တက္ေရာက္ခဲ့ၾကတယ္လို႕လည္း သိရပါတယ္ ။ ေျပတီဦး ဟာ ပညာေရးအျပင္ အျခား က႑ေတြမွာလည္း အလွဴေတြအမ်ားၾကီးျပဳလုပ္တတ္သူတစ္ေယာက္ပါ ။

 

ေျပတီဦးကေတာ့ အဆိုပါပြဲ မွာ ထူးခၽြန္တဲ့ကေလးေတြနဲ႔ စကားေတြအမ်ားႀကီးေျပာျဖစ္ၾကၿပီး ရင္းႏွီးမႈေတြလည္း ရခဲ့ေၾကာင္း လူမႈကြန္ရက္မွာေရးသားထားတာကိုေတြ႕ရပါတယ္ ။ သူ ကေတာ့ “မေသခင္လုပ္ခဲ့တဲ့အလုပ္ေတြထဲမွာ အမွန္ဆံုး အလုပ္ကို လုပ္ခြင့္ရေနလို႔ ေက်းဇူးတင္ထိုက္သူမ်ားအားလံုးကို ေက်းဇူးတင္ပါတယ္…” လို႕ ဆုိထားပါတယ္။ထူးျခားတာက ႏွစ္တိုင္း အူ၀ဲ နဲ႕အတူ တက္ခဲ့တဲ့ ပြဲေလးမွာ တစ္ေယာက္ထည္းပြဲ တက္ခဲ့ရတဲ့ အတြက္ တီတီ တစ္ေယာက္လြမ္းေတာ္မူေနပါသတဲ့။ အူ၀ဲကေတာ့ အလုပ္ကိစၥနဲ႕ ခရီးထြက္ေနရတဲ့ အတြက္ ယခုပြဲကိုတက္ေရာက္နိုင္ျခင္းမရွိေၾကာင္းလည္း သိရွိရပါတယ္။

Source – Pyay Ti Oo
Nay Madhuri
ယူနီကုဒ္ျဖင့္ဖတ္ရန္

အူဝဲ ကို လွမ်းတဲ့စိတ်လေးပိုက်ပြီး တစ်ယောက်ထည်းပွဲတက်ခဲ့ရတဲ့ ပြေတီဦး

ထူးချွန်ကျောင်းသားတွေကို ထောက်ပံ့ ကူညီနေတဲ့ ပြေတီဦးဖောင်ဒေးရှင်း ဟာ ယနေ့မှာ နှစ်စဉ်လုပ်နေကြ ထုံးစံအတိုင်း ၂၀၁၈-၂၀၁၉အတွက် ဖောင်ဒေးရှင်းမှ အကူအညီပေးဖြစ်တဲ့ ကလေးတွေနဲ့တွေ့ဆုံတဲ့ပွဲလေး ကျင်းပဖြစ်ခဲ့ပါတယ်။ အဆိုပါပွဲကို အကယ်ဒမီ ပြေတီဦး နဲ့ ညီမဖြစ်သူ ငွေတီဦး တို့ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ် ။ ပြေတီဦး ဟာ ပညာရေးအပြင် အခြား ကဏ္ဍတွေမှာလည်း အလှူတွေအများကြီးပြုလုပ်တတ်သူတစ်ယောက်ပါ ။

ပြေတီဦးကတော့ အဆိုပါပွဲ မှာ ထူးချွန်တဲ့ကလေးတွေနဲ့ စကားတွေအများကြီးပြောဖြစ်ကြပြီး ရင်းနှီးမှုတွေလည်း ရခဲ့ကြောင်း လူမှုကွန်ရက်မှာရေးသားထားတာကိုတွေ့ရပါတယ် ။ သူ ကတော့ “မသေခင်လုပ်ခဲ့တဲ့အလုပ်တွေထဲမှာ အမှန်ဆုံး အလုပ်ကို လုပ်ခွင့်ရနေလို့ ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးတင်ပါတယ်…” လို့ ဆိုထားပါတယ်။ထူးခြားတာက နှစ်တိုင်း အူဝဲ နဲ့အတူ တက်ခဲ့တဲ့ ပွဲလေးမှာ တစ်ယောက်ထည်းပွဲ တက်ခဲ့ရတဲ့ အတွက် တီတီ တစ်ယောက်လွမ်းတော်မူနေပါသတဲ့။ အူဝဲကတော့ အလုပ်ကိစ္စနဲ့ ခရီးထွက်နေရတဲ့ အတွက် ယခုပွဲကိုတက်ရောက်နိုင်ခြင်းမရှိကြောင်းလည်း သိရှိရပါတယ်။

Source – Pyay Ti Oo
Nay Madhuri

scroll to top