
collage-5.png



သီချင်းစာသားမရခဲ့ကြတဲ့ တစ်ချိန်က နာမည်ကြီးတွေရဲ့ အင်းလေးမှာရွာတဲ့မိုး

" သီချင်းစာသားမရဘဲ ဆိုခဲ့ကြတဲ့ တစ်ချိန်က နာမည်ကြီးတွေရဲ့ အင်းလေးမှာရွာတဲ့မိုး"မမတို့ ကတော့ မေ့နေလည်း ခပ်တည်တည်ပါဘဲ ……ဒီအဆိုတော်မလေးတွေဘယ်သူလည်းသိကြရင် မန့်ခဲ့ ပါနော်။ Credit – Khin Haw #CeleGabar

Posted by CeleGabar TV on Thursday, November 29, 2018

Source – Khin Haw
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

” သီချင်းစာသားမရဘဲ ဆိုခဲ့ကြတဲ့ တစ်ချိန်က နာမည်ကြီးတွေရဲ့ အင်းလေးမှာရွာတဲ့မိုး”

အဆိုတော်တွေ သီချင်းစာသားမေ့တဲ့ ပြသနာဟာ ဟိုးယခင်ကတည်းကရှိခဲ့ပါတယ်။ သီချင်းဆိုပြိုင်ပွဲ တွေမှာလည်း ပြိုင်ပွဲဝင်တွေ သီချင်းစာသားမေ့တာ တွေ ကြောင့် ခဏခဏ ဝေဖန်ခံနေရတာတွေလည်းရှိပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ထွက်ပေါ်လာတဲ့ နာမည်ကြီး အမျိုးသမီး အဆိုတော်တွေရဲ့ အင်းလေးမှရွာတဲ့မိုး သီချင်းသီဆိုမှုဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။

ဟေမာနေဝင်း ၊ ကဗျာဘွဲ့မှူး ၊ ထွန်းအိန္ဒြာဗိုလ်၊ တင့်တင့်ထွန်းတို့ရဲ့ စာသားအလွဲပေါင်းများစွာနဲ့ သီဆိုထားတဲ့ အင်းလေးမှာရွာတဲ့မိုး သီချင်းကြောင့် ပရိသတ်တွေ မပြုံးဘဲ မနေနိုင်ဖြစ်ခဲ့ရပါတယ်။ ဟေမာ ကတော့ စာသားကြည့် ဆိုခဲ့ပေမယ့် ကျန်အဆိုတော်တွေကတော့ ခပ်တည်တည် နဲ့ စာသားအမှားတွေကို ဆိုခဲ့ကြတာပါ။ ပရိသတ်တွေက ဒီသီချင်း နဲ့ အခုခေတ်သီချင်းဆိုပြိုင်ပွဲတွေဝင်ပြိုင်ရင် ဝေဖန်ခံရနိုင်ရတယ်လို့လည်း သုံးသပ်နေကြပါတယ်။

Source – Khin Haw
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top