ဟိတ္ဟန္မရွိတဲ့ နိုင္ငံကိုယ္စားျပဳ၀တ္စံု လို႕ ေ၀ဖန္ေနၾကတဲ့ ေရႊအိမ့္စည့္ ၀တ္စံု ရဲ႕ ထူးျခားခ်က္မ်ား

collage-2.png

 

ျမန္မာႏိုင္ငံကိုယ္စားျပဳ အလွမယ္တစ္ဦးျဖစ္တဲ့ ေ႐ႊအိမ္စည္ကေတာ့ လွပေၾကာ့ရွင္းတဲ့ ျမန္မာမေလးေတြရဲ႕ အလွကို ႏိုင္ငံတကာ အလယ္မွာ ထုတ္ေဖာ္ျပသယွဥ္ၿပိဳင္မယ့္ေနတာပါ ။ နိုင္ငံကိုယ္စားျပဳ၀တ္စံုအျဖစ္ ေရႊအိမ္စည္ ကို အရိုးရွင္းဆံုး ဆင္ျမန္ထားတဲ့ ၀တ္စံုေၾကာင့္ ျပည္တြင္းျပည္ပ ပရိသတ္ေတြၾကား ေရပန္းစားေနပါတယ္။ ရိုးရိုးၾကီးနဲ႕ ဟိတ္ဟန္မရွိတဲ့ နိုင္ငံကိုယ္စားျပဳ၀တ္စံုလို႕လည္း ေ၀ဖန္မႈေတြ ထြက္ေပၚေနတဲ့အတြက္ အဆိုပါ၀တ္စံုရဲ႕ ထူးျခားခ်က္ေတြကို စုေဆာင္းတင္ဆက္ေပးလိုက္ပါတယ္။

 

၀တ္စံု ရဲ႕ ထူးျခားခ်က္ေတြက ေရႊအိမ္စည္ ကိုု ေတာ္၀င္ဘုရင္မ တစ္ပါးအျဖစ္ ဖန္တီးထားတဲ့ ၀တ္စံုဟာ သမိုင္းထဲက ဘယ္ဘုရင္မ ကိုမွ မွီျငမ္းထားတာမဟုတ္ပါဘူး ။ အ႐ိုးရွင္းဆံုးနဲ႔ ခမ္းနားထည္ဝါေနျခင္းဟာ Queen ေရႊအိမ္စည္ရဲ႕အလွကို ပိုမိုထင္ရွားေပၚလြင္ေအာင္ ျပဳလုပ္ထားတာပါ ။ Miss Supranational Myanmar အလွမယ္မ်ားအတြက္ ႏွစ္စဥ္မျပတ္ ပင္တိုင္ National Costume ဒီဇိုင္နာ Ma Pont (My Favorite) က ဖန္တီးခ်ဳပ္လုပ္ေပးထားတာျဖစ္ၿပီး အဖိုးတန္ လက္ဝတ္ရတနာမ်ားကို SK Jewels မွ ပံ့ပိုးေပးထားေၾကာင္း သိရပါတယ္။

Source- Ma Pont
Nay Madhuri

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဟိတ်ဟန်မရှိတဲ့ နိုင်ငံကိုယ်စားပြုဝတ်စုံ လို့ ဝေဖန်နေကြတဲ့ ရွှေအိမ့်စည့် ဝတ်စုံ ရဲ့ ထူးခြားချက်များ

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်ကတော့ လှပကြော့ရှင်းတဲ့ မြန်မာမလေးတွေရဲ့ အလှကို နိုင်ငံတကာ အလယ်မှာ ထုတ်ဖော်ပြသယှဉ်ပြိုင်မယ့်နေတာပါ ။ နိုင်ငံကိုယ်စားပြုဝတ်စုံအဖြစ် ရွှေအိမ်စည် ကို အရိုးရှင်းဆုံး ဆင်မြန်ထားတဲ့ ဝတ်စုံကြောင့် ပြည်တွင်းပြည်ပ ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။ ရိုးရိုးကြီးနဲ့ ဟိတ်ဟန်မရှိတဲ့ နိုင်ငံကိုယ်စားပြုဝတ်စုံလို့လည်း ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့အတွက် အဆိုပါဝတ်စုံရဲ့ ထူးခြားချက်တွေကို စုဆောင်းတင်ဆက်ပေးလိုက်ပါတယ်။

ဝတ်စုံ ရဲ့ ထူးခြားချက်တွေက ရွှေအိမ်စည် ကို တော်ဝင်ဘုရင်မ တစ်ပါးအဖြစ် ဖန်တီးထားတဲ့ ဝတ်စုံဟာ သမိုင်းထဲက ဘယ်ဘုရင်မ ကိုမှ မှီငြမ်းထားတာမဟုတ်ပါဘူး ။ အရိုးရှင်းဆုံးနဲ့ ခမ်းနားထည်ဝါနေခြင်းဟာ Queen ရွှေအိမ်စည်ရဲ့အလှကို ပိုမိုထင်ရှားပေါ်လွင်အောင် ပြုလုပ်ထားတာပါ ။ Miss Supranational Myanmar အလှမယ်များအတွက် နှစ်စဉ်မပြတ် ပင်တိုင် National Costume ဒီဇိုင်နာ Ma Pont (My Favorite) က ဖန်တီးချုပ်လုပ်ပေးထားတာဖြစ်ပြီး အဖိုးတန် လက်ဝတ်ရတနာများကို SK Jewels မှ ပံ့ပိုးပေးထားကြောင်း သိရပါတယ်။

Source- Ma Pont
Nay Madhuri

scroll to top