အမ်ိဳးသမီးခ်င္းခ်စ္ၾကိဳက္ျပီး မိဘေတြသေဘာမတူလို႔ ခုိးေျပးခဲ့ရတဲ့ ျပည္ျမိဳ႕က စံုတြဲ

47684650_317970182140839_4748545666710503424_n.png

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕မွာ အမ်ိဳးသမီးခ်င္းလက္ထပ္တဲ့ ဒုတိယေျမာက္ မဂၤလာပြဲတခုကို ေရႊဟသၤာအေနာက္ေပါက္လမ္းက ေရႊဟသၤာဓမၼာ႐ံုမွာ ဒီဇင္ဘာ (၆) ရက္ ညေန က က်င္းပခဲ့ပါတယ္။ ဒီလိုမဂၤလာမေဆာင္ခင္က မိဘေတြသေဘာမတူမွာစိုးရိမ္ၿပီး ခိုးေျပးခဲ့ၾကတယ္လို႔ မဂၤလာစံုတြဲက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ လိင္စိတ္ခံယူမႈ ကြဲျပားခံယူထားသူေတြရဲ႕ လိမ္တူျခင္း ထိမ္းျမားလက္ထပ္မႈ ေတြဟာ ဥပေဒေၾကာင္းအရ တရား၀င္တာေတာ့ မရွိေသးပါဘူး။

အသက္ (၁၇) အရြယ္ သတိုု႔သမီးကေတာ့ ပတ္၀န္းက်င္က ေ၀ဖန္မႈေတြရွိခဲ့ေပမယ့္လည္း ဆက္လက္ ရင္ဆိုင္သြားမယ္လို႔ ေျပာပါတယ္။ သတို႔သား ေမာင္ေအာင္ေအာင္ကေတာ့ “ပတ္ဝန္းက်င္အသိုင္းအဝိုင္းက ဘယ္လိုပဲေျပာေျပာ လူဆိုတာ ခ်ီးမြမ္း ၇ ရက္၊ ကဲ့ရဲ႕ ၇ ရက္ေပါ့။ သူတို႔ေျပာတာကို မၾကားခ်င္ေယာင္ပဲ ေဆာင္ေန လိုက္တယ္။ သူတို႔ကို လိုုက္ၾကည့္ေနလို႔ ကိုယ့္အတြက္ ဘာမွျဖစ္လာမွာ မဟုတ္ဘူးေလ။ အလုပ္႐ံုေရာ ပတ္ဝန္းက်င္ကေရာ ေျပာၾကတယ္။ ဒါေပမယ့္ ႏွစ္ေယာက္လံုး ဘယ္သူ႔စကားမွ နားမေယာင္ခဲ့ပါဘူး။ တေယာက္နဲ႔တေယာက္ ခ်စ္တဲ့စိတ္နဲ႔ပဲ လက္တြဲခဲ့ၾကပါတယ္” လို႔ ေျပာပါတယ္။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၄ ရက္ကလည္း ျပည္ၿမဳိ႕နယ္ ပန္းတင္ေက်းရြာမွာ လိင္တူခ်င္း ခ်စ္ႀကိဳက္သူႏွစ္ဦးက လူအမ်ားကိုဖိတ္ၾကား ေကၽြးေမြးဧည့္ခံၿပီး ဘိသိက္ေျမႇာက္ၿပီး မဂၤလာေဆာင္ပြဲ က်င္းပခဲ့ပါတယ္။ ဒီမဂၤလာပြဲကို ေဒသပံုစံအတိုင္း ျပဳလုပ္ခဲ့ၾကၿပီး ဧည့္သည္ေတြကိုလည္း ကိတ္မုန္႔နဲ႔ လက္ဖက္ရည္ ဧည့္ခံခဲ့ၾကပါတယ္။

အမ်ိဳးသမီးခ်င္းခ်စ္ၾကိဳက္ျပီး မိဘေတြသေဘာမတူလို႔ ခုိးေျပးခဲ့ရတဲ့ ျပည္ျမိဳ႕က စံုတြဲ

ပတ္၀န္းက်င္အသိုင္း၀ိုင္းကေတာ့ ခ်ီးက်ဴး ၇ရက္ကဲ့ရဲ့ ၇ရက္ေပါ့တဲ့

Posted by CeleGabar TV on Friday, December 7, 2018

Source : DVB burmese

Molly

Unicode ျဖင့္ဖတ္ရန္

 

အမျိုးသမီးချင်းချစ်ကြိုက်ပြီး မိဘတွေသဘောမတူလို့ ခိုးပြေးခဲ့ရတဲ့ ပြည်မြို့က စုံတွဲ

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ အမျိုးသမီးချင်းလက်ထပ်တဲ့ ဒုတိယမြောက် မင်္ဂလာပွဲတခုကို ရွှေဟင်္သာအနောက်ပေါက်လမ်းက ရွှေဟင်္သာဓမ္မာရုံမှာ ဒီဇင်ဘာ (၆) ရက် ညနေ က ကျင်းပခဲ့ပါတယ်။
ဒီလိုမင်္ဂလာမဆောင်ခင်က မိဘတွေသဘောမတူမှာစိုးရိမ်ပြီး ခိုးပြေးခဲ့ကြတယ်လို့ မင်္ဂလာစုံတွဲက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လိင်စိတ်ခံယူမှု ကွဲပြားခံယူထားသူတွေရဲ့ လိမ်တူခြင်း ထိမ်းမြားလက်ထပ်မှု တွေဟာ ဥပဒေကြောင်းအရ တရားဝင်တာတော့ မရှိသေးပါဘူး။ အသက် (၁၇) အရွယ် သတို့သမီးကတော့ ပတ်ဝန်းကျင်က ဝေဖန်မှုတွေရှိခဲ့ပေမယ့်လည်း ဆက်လက် ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

သတို့သား မောင်အောင်အောင်ကတော့ “ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ဘယ်လိုပဲပြောပြော လူဆိုတာ ချီးမွမ်း(၇) ရက်၊ ကဲ့ရဲ့ (၇) ရက်ပေါ့။ သူတို့ပြောတာကို မကြားချင်ယောင်ပဲ ဆောင်နေ လိုက်တယ်။ သူတို့ကို လိုက်ကြည့်နေလို့ ကိုယ့်အတွက် ဘာမှဖြစ်လာမှာ မဟုတ်ဘူးလေ။ အလုပ်ရုံရော ပတ်ဝန်းကျင်ကရော ပြောကြတယ်။ ဒါပေမယ့် နှစ်ယောက်လုံး ဘယ်သူ့စကားမှ နားမယောင်ခဲ့ပါဘူး။ တယောက်နဲ့တယောက် ချစ်တဲ့စိတ်နဲ့ပဲ လက်တွဲခဲ့ကြပါတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ (၄) ရက်ကလည်း ပြည်မြို့နယ် ပန်းတင်ကျေးရွာမှာ လိင်တူချင်း ချစ်ကြိုက်သူနှစ်ဦးက လူအများကိုဖိတ်ကြား ကျွေးမွေးဧည့်ခံပြီး ဘိသိက်မြှောက်ပြီး မင်္ဂလာဆောင်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီမင်္ဂလာပွဲကို ဒေသပုံစံအတိုင်း ပြုလုပ်ခဲ့ကြပြီး ဧည့်သည်တွေကိုလည်း ကိတ်မုန့်နဲ့ လက်ဖက်ရည် ဧည့်ခံခဲ့ကြပါတယ်။

Source : DVB burmese
Molly
Unicode ဖြင့်ဖတ်ရန်

scroll to top