ရွှေရွှေ မင်္ဂလာဦးမှာ နှစ်ဖက်မိဘတွေ မတက်ရောက်ခဲ့ကြလို့ အံ့အားသင့်ခဲ့ရတဲ့ အောင်ဇမ္ဗူတောရဆရာတော်ကြီး

collage-17.jpg

 

ပရိသတ်တွေ တခဲနက် ၀န်းရံမှုကို ရရှိထားတဲ့ ရွှေထူး နဲ့ ရွှေမှုန်ရတီတို့ ဟာ ဒီနေ့မှာတော့ မင်္ဂလာဦး အထိမ်းအမှတ် အလှူ ကို အောင်ဇမ္ဗူတောရကျောင်းမှာ ပြုလုပ်ခဲ့ပါတယ် ။ ဒီပွဲမှာ ထူးခြားချက်က ရွှေထူး နဲ့ ရွှေမှုန်တို့ ဟာ နှစ်ယောက်ထည်း သီးသန့် လူအနည်းငယ်ဖြင့်သာ ပြုလုပ်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။

ပွဲကို တက်ရောက်ခဲ့တဲ့ သူတစ်ယောက်ရဲ့ ရေးသားချက် အရ မင်္ဂလာဦး အလှူဖြစ်ပေမယ့် နှစ်ဖက်မိဘတွေ က ကြွရောက်ချှီးေ့မြှာက်ခဲ့တာ မရှိဘူးလို့ သိရပါတယ်။ နှစ်ဖက်မိဘ မပါဝင် ဘဲ နှစ်ဦးတည်း လုပ်တဲ့ အလှူဖြစ်တဲ့အတွက် အောင်ဇမ္ဗူတောရ ဆရာတော်ကြီး ကိုယ်တိုင် အံ့အားသင့်ခဲ့ရတယ်လို့ဆိုပါတယ်။

အပျော်ကြီးပျော်နေတဲ့ ရွှေမှုန်တစ်ယောက် မင်္ဂလာဆွမ်းကျွေးမှာ လည်း မျက်ရည်တွေလည်နေခဲ့တာကို တွေ့ရပါတယ် ။ ညီမ ဖြစ်တဲ့ ငွေမှုန် ကတော့ အစ်မ နဲ့ အတူတူ လှူဖွယ်ပစ္စည်းတွေကို ပါဝင်လှူဒါန်းခဲ့တာကိုလည်းတွေ့ရပါတယ်။ပရိသတ်တွေကတော့ ၁၁ ရက်နေ့မှာ ကျရောက်မယ့် မင်္ဂလာပွဲ မှာတော့ နှစ်ဖက်မိဘ အစုံအလင် ကြွရောက်ဆင်နွှဲနိုင်ဖို့ မျှော်လင့်နေကြကြောင်းပါ ။

Source – Kalyar Nyein San

scroll to top