
collage-24.jpg

 


 


Source – Zay Ye Htet
Nay Madhuri
ယူနီကုဒ်ဖြင့် ဖတ်ရန်

ကြည့်သူတွေကို ဟင်ခနဲ ဟာခနဲဖြစ်သွားစေမယ့် လမ်းမကြီးဘေးက ရွှေရိုးဇေရဲထက်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားချောစာရင်းထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသားချောဇေရဲထက် ဟာ ကျရာဇာတ်ရုပ်မှာ အပိုင်နိုင်ဆုံးသရုပ်ဆောင်နိုင်သလို စိတ်သဘောထား အင်မတန်မှ ကောင်းမွန်တဲ့ သရုပ်ဆောင်တစ်ဦးပါ။ ဇေရဲထက်တစ်ယောက် လူမှုကွန်ယက်မှာတော့ “ရုပ်ပြောင်လေး”ဆိုတဲ့စာလေးနဲ့ အတူချစ်စရာကောင်းတဲ့ ဦးရွှေရိုးပုံလေးဒေါ်မိုးအကပုံရိပ်လေးတွေတင်ခဲ့တာပဲ ဖြစ်ပါတယ်

ရုပ်ပြောင်းရုပ်လွဲဇာတ်ရုပ်တွေ ကို မကြာခဏ သရုပ်ဆောင်တတ်တဲ့ ဇေရဲထက်တစ်ယောက် အခုတစ်ခါမှာတော့ နှုတ်ခမ်းမွှေးထူထူနဲ့ ခေါင်းပေါင်းဝတ်ဖက်ရှင်အဆန်းနဲ့ ဦးရွှေရိုးတစ်ယောက်အဖြစ်မြင်တွေ့ရပြန်ပါတယ်။အဆိုလည်းကောင်းတဲ့ ဇေရဲထက်တစ်ယောက် အကလည်း ကောင်းမယ်ဆိုတာက တော့ အထူးပြောစရာမလိုတော့ပါဘူး ။ ဒီရွှေရိုးဇာတ်ကောင်အတွက် တတ်ကျွမ်းနားလည်တဲ့သဘင်မင်းသားတွေဆီမှာ တပည့်ခံပြီး အကောင်းဆုံးပြင်ဆင်ခဲ့တယ်လို့လည်းသိရပါတယ်။

Source – Zay Ye Htet
Nay Madhuri

scroll to top