လူငယ္ေတြအတုယူမမွားေအာင္ ပိုစတာေပၚက ေဆးလိပ္ေနရာမွာ စေတကာကပ္ခံလိုက္ရတဲ့ ‘မီ’

collage-21.jpg

 

ဆရာမၾကည္ေအး၏ ဝတၳဳကို ဒါ႐ိုက္တာ ဏႀကီးက ႐ိုက္ကူးပံုေဖာ္ထားတဲ့ ‘မီ’ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ဒီေန႔မွာ ႐ံုတင္ျပသေနပါၿပီ။ လြန္ခဲ့တဲ့ ေခတ္ေဟာင္း ကို ပံုေဖာ္ခဲ့တဲ့ ဇာတ္လမ္းျဖစ္လို႕’ မီ ‘ကို ပရိသတ္ေတြက ေမွ်ာ္လင့္ေစာင့္စား၀န္းရံခဲ့ၾကတာပါ ။ ကာရိုက္တာအရ မူရင္း စာေရးဆရာမၾကီး ၾကည္ေအး ရဲ႕ ဇာတ္ေကာင္ ‘မီ’ဟာ ေရာဂါသည္ ျဖစ္ျပီး စီးကရက္ ကို အၾကိဳက္ေသာက္သံုးသူျဖစ္တာလည္း စာဖတ္ပရိသတ္ေတြအသိပါ ။

ရုပ္ရွင္အျဖစ္ ပံုေဖာ္ေတာ့လည္း ‘မီ’ကို မူရင္း၀တၳဳ ထဲက အတိုင္းပံုေဖာ္ခဲ့ပါတယ္ ။ ဒါေပမယ့္ လူမႈကြန္ရက္ေပၚမွ ပ်ံ႔ႏွံ႔ခဲ့တဲ့ ေဆးပညာနယ္ပယ္မွ လူတစ္ေယာက္ စာစုတစ္ခုေၾကာင့္ ‘မီ’ ရုပ္ရွင္ကားၾကီး ရဲ႕ မူရင္း ပိုစတာမွာ ေဆးလိပ္မေသာက္ စေတကာၾကီး ကပ္ဖို႕ ရုပ္ရွင္ဆင္ဆာအဖြဲ႕ က ညႊန္ၾကားလိုက္ပါတယ္္။ အေၾကာင္းက လူငယ္္ေတြ လမ္္းမွားမလိုက္ေစခ်င္တဲ့ ဆင္ဆာအဖြဲ႕၀င္ လူၾကီးမ်ားရဲ႕ ေစတနာေၾကာင့္ပါ ။

အခုလို ျဖစ္ခဲ့တဲ့ အတြက္ ရုပ္ရွင္ခ်စ္ပရိသတ္ေတြ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။ မူလျဖန္႕ေ၀ခဲ့တဲ့ အမ်ိဳးသမီးရဲ႕ စာစုေအာက္မွာလည္း ျပင္းထန္တဲ့ ေ၀ဖန္သူေတြရွိေနပါတယ္။ မူလလက္ေဟာင္း ဂႏၱ၀င္လက္ရာတစ္ခု ကို စေတကာကပ္တဲ့ အေပၚမွာ အနုပညာလက္ရာေတြကိုဖ်က္ဆီးျခင္းသာျဖစ္တယ္လို႕ ပရိသတ္ေတြကလည္း သံုးသပ္ေနၾကပါတယ္။

Source – M-MDB Page/ မီ ႐ုုပ္႐ွင္ဇာတ္ကားႀကီး                                                                    Nay Madhuri
ယူနီကုဒ္ျဖင့္ ဖတ္ရန္

လူငယ်တွေအတုယူမမှားအောင် ပိုစတာပေါ်က ဆေးလိပ်နေရာမှာ စတေကာကပ်ခံလိုက်ရတဲ့ ‘မီ’

ဆရာမကြည်အေး၏ ဝတ္ထုကို ဒါရိုက်တာ ဏကြီးက ရိုက်ကူးပုံဖော်ထားတဲ့ ‘မီ’ ရုပ်ရှင်ဇာတ်ကားကြီးကို ဒီနေ့မှာ ရုံတင်ပြသနေပါပြီ။ လွန်ခဲ့တဲ့ ခေတ်ဟောင်း ကို ပုံဖော်ခဲ့တဲ့ ဇာတ်လမ်းဖြစ်လို့’ မီ ‘ကို ပရိသတ်တွေက မျှော်လင့်စောင့်စားဝန်းရံခဲ့ကြတာပါ ။ ကာရိုက်တာအရ မူရင်း စာရေးဆရာမကြီး ကြည်အေး ရဲ့ ဇာတ်ကောင် ‘မီ’ဟာ ရောဂါသည် ဖြစ်ပြီး စီးကရက် ကို အကြိုက်သောက်သုံးသူဖြစ်တာလည်း စာဖတ်ပရိသတ်တွေအသိပါ ။

ရုပ်ရှင်အဖြစ် ပုံဖော်တော့လည်း ‘မီ’ကို မူရင်းဝတ္ထု ထဲက အတိုင်းပုံဖော်ခဲ့ပါတယ် ။ ဒါပေမယ့် လူမှုကွန်ရက်ပေါ်မှ ပျံ့နှံ့ခဲ့တဲ့ ဆေးပညာနယ်ပယ်မှ လူတစ်ယောက် စာစုတစ်ခုကြောင့် ‘မီ’ ရုပ်ရှင်ကားကြီး ရဲ့ မူရင်း ပိုစတာမှာ ဆေးလိပ်မသောက် စတေကာကြီး ကပ်ဖို့ ရုပ်ရှင်ဆင်ဆာအဖွဲ့ က ညွှန်ကြားလိုက်ပါတယ်။ အကြောင်းက လူငယ်တွေ လမ်းမှားမလိုက်စေချင်တဲ့ ဆင်ဆာအဖွဲ့ဝင် လူကြီးများရဲ့ စေတနာကြောင့်ပါ ။

အခုလို ဖြစ်ခဲ့တဲ့ အတွက် ရုပ်ရှင်ချစ်ပရိသတ်တွေ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ မူလဖြန့်ဝေခဲ့တဲ့ အမျိုးသမီးရဲ့ စာစုအောက်မှာလည်း ပြင်းထန်တဲ့ ဝေဖန်သူတွေရှိနေပါတယ်။ မူလလက်ဟောင်း ဂန္တဝင်လက်ရာတစ်ခု ကို စတေကာကပ်တဲ့ အပေါ်မှာ အနုပညာလက်ရာတွေကိုဖျက်ဆီးခြင်းသာဖြစ်တယ်လို့ ပရိသတ်တွေကလည်း သုံးသပ်နေကြပါတယ်။

Source – M-MDB Page
Nay Madhuri
ယူနီကုဒ်ဖြင့် ဖတ်ရန်

scroll to top