ပြဲအတြင္းပစၥည္းေတြကိုဖ်က္ဆီးခဲ့တဲ့နတ္တလင္း ျဖစ္္စဥ္ေနာက္ကြယ္ကအေၾကာင္းတရားမ်ား

collage-26.jpg

ပရိသတ္ေတြ ၾကိတ္မနိုင္ခဲမရျဖစ္လို႕ ပြဲအတြင္းပစၥည္းေတြကိုဖ်က္ဆီးခဲ့တဲ့ ျဖစ္စဥ္တစ္ခု နတ္တလင္းမွာ ျဖစ္ပ်က္ခဲ့ပါတယ္ ။ နတ္တလင္း ျမိဳ႕ သက်မဟာျမတ္မုနိ ဘုရားပြဲေတာ္အၾကိဳ ေဖ်ာ္ေျဖပြဲမွာ ပရိသတ္တခ်ိဳ႕ က ပါ၀င္ၾကတဲ့ သူေတြက အဆိုေတာ္ေတြ မေဖ်ာ္ေျဖခဲ့ၾကတဲ့အေပၚေပါက္ကြဲခဲ့ၾကတာပါ ။အထက္ပါ အေၾကာင္းအရာႏွင့္ ပတ္သက္ျပီး ကာယကံရွင္ အဆိုေတာ္ သားငယ္ ကေတာ့ တာ၀န္ယူခ်င္စိတ္မရွိတဲ့ ပြဲစီစဥ္သူ ေတြေၾကာင့္ အဆိုေတာ္ေတြေရာ ၊ စက္ဆရာေတြေကာဆံုးရံႈးနစ္နာမႈေတြမ်ားရတယ္လို႕ ေျပာျပထားေပမယ့္ ပရိသတ္ေတြေပါက္ကြဲရတဲ့ေနာက္ကြယ္မွာလည္း အေၾကာင္းတရားေတြရွိေနပါတယ္။

 

ကိုယ္တိုင္ လက္မွတ္၀ယ္ခဲ့တဲ့ ေဒသခံ Chit Ngae အေကာင့္ပိုင္ရွင္ ရဲ႕ ေရးသားထားခ်က္အရ ..” လူတစ္ေယာက္ ၅၀၀၀ ထိုင္ခံု ၃၀၀၀ နဲ့မတရားယူျပီး ပြဲကိုမေျပာမဆိုဖ်က္ပစ္ပါတယ္ တာဝန္က်တဲ့ရဲမ်ား မီးသတ္မ်ားအသီးသီးလက္တို့ျပန္သြားျကျပီး ျပည္သူလူထုကပြဲပ်က္တာလားလိုက္ေမးတာေတာင္ တစ္ခ်ို့ကမေျဖပါဘူး တစ္ခ်ို့ကဘာမွန္းမသိဘူးလို့ေျဖျကတဲ့ အတြက္ “ပရိသတ္ေတြရဲ႕ ေဒါသေတြ ပြားခဲ့ရပါတယ္။ပြဲပ်က္ရျခင္း အတြက္ တာ၀န္ယူမႈမရွိတဲ့ ပြဲစီစဥ္သူေတြရယ္ ၊ ပိုက္ဆံအျပည့္မရရင္သီခ်င္းမဆိုိနိုင္ဘူးဆိုတဲ့ အနုပညာရွင္ေတြ ႏွစ္ဦးလံုးမွားတယ္လို႕ ေထာက္ျပမႈေတြရွိေနပါတယ္။ ဒါေပမယ့္ မင္းမဲ့စရိုက္ ဆန္ဆန္ ဖ်က္ဆီးခဲ့ၾကတဲ့ ပရိသတ္ေတြရဲ႕ အျပဳအမူအတြက္လည္း သက္ဆိုိင္ရာအာဏာပိုင္ေတြက တင္းတင္းၾကပ္ၾကပ္ အေရးယူျပီး ေနာင္အလားတူမျဖစ္ရေအာင္ ကာကြယ္သင့္တယ္လို႕လည္း ေျပာဆိုိေနၾကတာပါ ။

 

ဆက္လက္ျပီး ” ပ်က္ျပီးေတာ့လက္မွတ္ေရာင္းတဲ့သူေတြလည္းေပ်ာက္ကုန္ပါတယ္ တာဝန္ယူမယ့္သူတစ္ေယာက္မွမရွိပါဘူး က်ြန္မကိုယ္တိုင္ညတြင္းခ်င္းနတၱလင္းရဲစခန္းသို့သြားေရာက္ျပီးပြဲကန္ထရိုက္ဘယ္သူလည္းဆိုတာေမးေတာ့မသိဘူးလို့ေျဖပါတယ္ ဒါဆိုက်ြန္မေမးခ်င္ပါတယ္ နတၱလင္းစခန္းမွဴ းက ပြဲကန္ထရိုက္ဘယ္သူမွန္းမသိပဲ ပြဲလံုျခံဳ ေရးအတြက္ ဘုမသိဘမသိနဲ့သြားရတာလား ဒီပြဲပါမစ္က်ဖို့ေပးတဲ့ေထြအုပ္ ဘယ္သူမွန္းမသိပဲပြဲမိန့္ေပးလိုက္တာလား က်ြန္မရဲ့ေခ်ြးနဲစာတန္ေျကးအတြက္ဒီကိစၥကိုက်ြန္မဒီမွာတင္ျငိမ္ေနမွာမဟုတ္ဘူးေနာ္ ” လို႕ ေရးသားထားတာေတြကို ေတြ႕ရပါတယ္။ေနာက္ဆံုးမွာ နစ္နာသူေတြအျဖစ္ အမ်ားဆံုး အထိနာခဲ့တာက ေတာ့ ေခၽြးနဲစာနဲ႕ အားေပးခဲ့ၾကတဲ့ နယ္ပရိသတ္ေတြ နဲ႕ စက္ပစၥည္းေတြရဲ႕ ပိုင္ရွင္ေတြပါဘဲ ။

Source – Thar Nge / Chit Ngae
Nay Madhuri
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပွဲအတွင်းပစ္စည်းတွေကိုဖျက်ဆီးခဲ့တဲ့ နတ်တလင်း ဖြစ်စဉ်နောက်ကွယ် က အကြောင်း တရားများ

ပရိသတ်တွေ ကြိတ်မနိုင်ခဲမရဖြစ်လို့ ပွဲအတွင်းပစ္စည်းတွေကိုဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်တစ်ခု နတ်တလင်းမှာ ဖြစ်ပျက်ခဲ့ပါတယ် ။ နတ်တလင်း မြို့ သကျမဟာမြတ်မုနိ ဘုရားပွဲတော်အကြို ဖျော်ဖြေပွဲမှာ ပရိသတ်တချို့ က ပါဝင်ကြတဲ့ သူတွေက အဆိုတော်တွေ မဖျော်ဖြေခဲ့ကြတဲ့အပေါ်ပေါက်ကွဲခဲ့ကြတာပါ ။အထက်ပါ အကြောင်းအရာနှင့် ပတ်သက်ပြီး ကာယကံရှင် အဆိုတော် သားငယ် ကတော့ တာဝန်ယူချင်စိတ်မရှိတဲ့ ပွဲစီစဉ်သူ တွေကြောင့် အဆိုတော်တွေရော ၊ စက်ဆရာတွေကောဆုံးရှုံးနစ်နာမှုတွေများရတယ်လို့ ပြောပြထားပေမယ့် ပရိသတ်တွေပေါက်ကွဲရတဲ့နောက်ကွယ်မှာလည်း အကြောင်းတရားတွေရှိနေပါတယ်။

ကိုယ်တိုင် လက်မှတ်ဝယ်ခဲ့တဲ့ ဒေသခံ Chit Ngae အကောင့်ပိုင်ရှင် ရဲ့ ရေးသားထားချက်အရ ..” လူတစ်ယောက် ၅၀၀၀ ထိုင်ခုံ ၃၀၀၀ နဲ့မတရားယူပြီး ပွဲကိုမပြောမဆိုဖျက်ပစ်ပါတယ် တာဝန်ကျတဲ့ရဲများ မီးသတ်များအသီးသီးလက်တို့ပြန်သွားကြပြီး ပြည်သူလူထုကပွဲပျက်တာလားလိုက်မေးတာတောင် တစ်ချို့ကမဖြေပါဘူး တစ်ချို့ကဘာမှန်းမသိဘူးလို့ဖြေကြတဲ့ အတွက် “ပရိသတ်တွေရဲ့ ဒေါသတွေ ပွားခဲ့ရပါတယ်။ပွဲပျက်ရခြင်း အတွက် တာဝန်ယူမှုမရှိတဲ့ ပွဲစီစဉ်သူတွေရယ် ၊ ပိုက်ဆံအပြည့်မရရင်သီချင်းမဆိုနိုင်ဘူးဆိုတဲ့ အနုပညာရှင်တွေ နှစ်ဦးလုံးမှားတယ်လို့ ထောက်ပြမှုတွေရှိနေပါတယ်။ ဒါပေမယ့် မင်းမဲ့စရိုက် ဆန်ဆန် ဖျက်ဆီးခဲ့ကြတဲ့ ပရိသတ်တွေရဲ့ အပြုအမူအတွက်လည်း သက်ဆိုင်ရာအာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် အရေးယူပြီး နောင်အလားတူမဖြစ်ရအောင် ကာကွယ်သင့်တယ်လို့လည်း ပြောဆိုနေကြတာပါ ။

ဆက်လက်ပြီး ” ပျက်ပြီးတော့လက်မှတ်ရောင်းတဲ့သူတွေလည်းပျောက်ကုန်ပါတယ် တာဝန်ယူမယ့်သူတစ်ယောက်မှမရှိပါဘူး ကျွန်မကိုယ်တိုင်ညတွင်းချင်းနတ္တလင်းရဲစခန်းသို့သွားရောက်ပြီးပွဲကန်ထရိုက်ဘယ်သူလည်းဆိုတာမေးတော့မသိဘူးလို့ဖြေပါတယ် ဒါဆိုကျွန်မမေးချင်ပါတယ် နတ္တလင်းစခန်းမှူ းက ပွဲကန်ထရိုက်ဘယ်သူမှန်းမသိပဲ ပွဲလုံခြုံ ရေးအတွက် ဘုမသိဘမသိနဲ့သွားရတာလား ဒီပွဲပါမစ်ကျဖို့ပေးတဲ့ထွေအုပ် ဘယ်သူမှန်းမသိပဲပွဲမိန့်ပေးလိုက်တာလား ကျွန်မရဲ့ချွေးနဲစာတန်ကြေးအတွက်ဒီကိစ္စကိုကျွန်မဒီမှာတင်ငြိမ်နေမှာမဟုတ်ဘူးနော် ” လို့ ရေးသားထားတာတွေကို တွေ့ရပါတယ်။နောက်ဆုံးမှာ နစ်နာသူတွေအဖြစ် အမျာျးဆုံး အထိနာခဲ့တာက တော့ ချွေးနဲစာနဲ့ အားပေးခဲ့ကြတဲ့ နယ်ပရိသတ်တွေ နဲ့ စက်ပစ္စည်းတွေရဲ့ ပိုင်ရှင်တွေပါဘဲ ။

Source – Thar Nge / Chit Ngae
Nay Madhuri

scroll to top