
collage-28.jpg

 



Source : Dain Daung
Nay Madhuri
ယူနီကုဒ်ဖြင့် ဖတ်ရန်

ခရီးသွားဟန်လွဲ လုပ်ခဲ့တဲ့အရာတစ်ခုကြောင့် ပရိသတ်တွေ ချီးမွမ်းခံနေရတဲ့ ဒိန်းဒေါင်

ဟာသသရုပ်ဆောင် ဒိန်းဒေါင်တစ်ယောက်က တော့ ဇာတ်သဘင် လူရွှင်တော်ဘဝကနေ ဟာသရုပ်ဆောင် အဖြစ်ရပ်တည်လာခဲ့တဲ့ ဟာသလူရွှင်တော်တစ်ယောက်ဘဲဖြစ်ပါတယ် ။ပရိသတ်တွေအတွက် စေတနာကောင်းတဲ့ ဒိန်းဒေါင် တစ်ယောက် ခရီးသွားဟန်လွဲ လုပ်ခဲ့တဲ့အရာတစ်ခုကြောင့် ပရိသတ်တွေအကြားမှာ ချီးမွမ်းသံတွေကြားနေရပါတယ်။

မကြာခဏဆိုသလို လိုအပ်တဲ့နေရာ လေး တွေမှာ အလှူအတန်းတွေ မိမိတတ်စွမ်းသမျှ လှူဒါန်းကုသိုလ်ယူနေတဲ့ ဒိန်းဒေါင်က တော့ ဒီနေ့မှာ အသက် ၈၆နှစ်ရွယ်အမေ အို တစ်ယောက် ပန်းရောင်းနေတာကို မကြည့် ရက်လို့ ” အသက်က၈၆နှစ်ရှိနေပြီ အမေရယ် လိုက်မရောင်းနဲ့တော့နော်အမေ ပင်ပန်း ပါတယ် သားအကုန်ဝယ်လိုက်မယ်နော် ” ဆိုပြီး ပန်းတွေအကုန်လုံးကို မေတ္တာနဲ့ ကူညီပြီး ဝယ်လိုက်တာဖြစ်ပါတယ် ။အခုလို တကယ်ကို ခက်ခဲနေတဲ့ အဖွားကို ကူညီပေးလိုက်တဲ့ ဦးဒိန်းဒေါင်တစ်ယောက် ရင်ထဲက ဖြူစင်တဲ့စိတ်ထားလေးကြောင့် တူသောအကျိုးပေးပြီး ဆထက်တပိုး အောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။

Source : Dain Daung
Nay Madhuri

scroll to top