နတ္တလင္းလို ကိစၥေတြမျဖစ္ဖို႕ သက္ဆိုင္ရာကိုု ေတာင္းဆိုလိုက္တဲ့ ဦးေကာင္းေက်ာ္

collage-34.jpg

 

လတ္တေလာျဖစ္ပြားခဲ့တဲ့ နတ္တလင္း ျဖစ္စဥ္ နဲ႕ ပတ္သက္ျပီး အႏုပညာရွင္ေတြ သတိထားရမယ့္အခ်က္ေတြကို ေျပာျပလာသူ ကေတာ့ နိုင္ငံေက်ာ္ ဟာသလူရႊင္ေတာ္ဦးေကာင္းေက်ာ္ပါ ။အခုျဖစ္စဥ္အတြက္ အဓိကက်တဲ့ မရႈံးကန္ထရိုက္ ေတြရဲ႕ အေၾကာင္းေတြ ကို ဦးေကာင္းေက်ာ္ က အခုလို ေျပာျပထားပါတယ္။

မရႈံးကန္ထရိုက္ဆိုတာကေတာ့ “ခင္မင္မႈကိုခုတုန္းလုပ္ျပီး စရံေငြနည္းနည္းေလးေပးထားက်န္ေငြကို ပြဲကလို႔ လက္မွတ္ေရာင္းရတဲ႔ ဝင္ေငြအေပၚမွာ မူတည္ျပီးေတာ့ အျမတ္ေပၚေနရင္စားမယ္ရႈံးေနျပီဆို ရင္ က်န္ေငြကို ဒီေလာက္ေတာ့ယူထားပါ ေနာက္ေတာ့ေပးပါ့မယ္လိုယုံေအာင္ေျပာ အဲ႔လိုေျပာလို႔မွအဆင္မေျပရင္ ရထားတဲ႔ရုံဝင္ခ ဝင္ေငြ ကိုေတာင္မေပးေတာ့ဘဲအဖြဲ႕ကိုျဖစ္ခ်င္ရာျဖစ္ ျပစ္ထားခဲ႔ျပီးထြက္ေျပးတဲ႔လူစားမ်ိဳးေတြ လုပ္တတ္ႀကတဲ႔ မရႈံးကန္ထရိုက္ဆိုတာ အဲ႔ဒါဘဲ” လို႕ဦးေကာင္းေက်ာ္ က ေျပာျပထားပါတယ္။

 

ဆက္လက္ျပီး”ျမတ္ရင္စား ရႈံးရင္ထြက္ေျပး ဒီႀကားထဲမဆီမဆိုင္ အသံပစၥည္းေတြက ႀကားထဲကဆုံးရႈံး။ ဒါေႀကာင့္ အဲ႔ဒီလိုျဖစ္ရပ္မ်ိဳးေတြအတြက္အနုပညာရွင္မ်ားဘက္က မားမားမတ္မတ္ရပ္တည္ေပးမည့္ အဖြဲ႕အစည္း ဥပေဒျဖင့္ ကာကြယ္ေပးမႈမ်ိဳးအတြက္ အထးူလိုအပ္ေနေပျပီ”လို႕ ဦးေကာင္းေက်ာ္က သက္ဆိုင္ရာ အာဏာပိုင္ေတြကို ေတာင္းဆိုလိုက္ပါတယ္။

Source – U Kaung Kyaw
Nay Madhuri
ယူနီကုဒ္ျဖင့္ဖတ္ရန္

နတ်တလင်းလို ကိစ္စတွေမဖြစ်ဖို့ သက်ဆိုင်ရာကို တောင်းဆိုလိုက်တဲ့ ဦးကောင်းကျော်

လတ်တလောဖြစ်ပွားခဲ့တဲ့ နတ်တလင်း ဖြစ်စဉ် နဲ့ ပတ်သက်ပြီး အနုပညာရှင်တွေ သတိထားရမယ့်အချက်တွေကို ပြောပြလာသူ ကတော့ နိုင်ငံကျော် ဟာသလူရွှင်တော်ဦးကောင်းကျော်ပါ ။အခုဖြစ်စဉ်အတွက် အဓိကကျတဲ့ မရှုံးကန်ထရိုက် တွေရဲ့ အကြောင်းတွေ ကို ဦးကောင်းကျော် က အခုလို ပြောပြထားပါတယ်။

 

မရှုံးကန်ထရိုက်ဆိုတာကတော့ “ခင်မင်မှုကိုခုတုန်းလုပ်ပြီး စရံငွေနည်းနည်းလေးပေးထားကျန်ငွေကို ပွဲကလို့ လက်မှတ်ရောင်းရတဲ့ ဝင်ငွေအပေါ်မှာ မူတည်ပြီးတော့ အမြတ်ပေါ်နေရင်စားမယ်ရှုံးနေပြီဆို ရင် ကျန်ငွေကို ဒီလောက်တော့ယူထားပါ နောက်တော့ပေးပါ့မယ်လိုယုံအောင်ပြော အဲ့လိုပြောလို့မှအဆင်မပြေရင် ရထားတဲ့ရုံဝင်ခ ဝင်ငွေ ကိုတောင်မပေးတော့ဘဲအဖွဲ့ကိုဖြစ်ချင်ရာဖြစ် ပြစ်ထားခဲ့ပြီးထွက်ပြေးတဲ့လူစားမျိုးတွေ လုပ်တတ်ကြတဲ့ မရှုံးကန်ထရိုက်ဆိုတာ အဲ့ဒါဘဲ” လို့ဦးကောင်းကျော် က ပြောပြထားပါတယ်။

ဆက်လက်ပြီး”မြတ်ရင်စား ရှုံးရင်ထွက်ပြေး ဒီကြားထဲမဆီမဆိုင် အသံပစ္စည်းတွေက ကြားထဲကဆုံးရှုံး။ ဒါကြောင့် အဲ့ဒီလိုဖြစ်ရပ်မျိုးတွေအတွက်အနုပညာရှင်များဘက်က မားမားမတ်မတ်ရပ်တည်ပေးမည့် အဖွဲ့အစည်း ဥပဒေဖြင့် ကာကွယ်ပေးမှုမျိုးအတွက် အထးူလိုအပ်နေပေပြီ”လို့ ဦးကောင်းကျော်က သက်ဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

Source – U Kaung Kyaw
Nay Madhuri

scroll to top