
collage-37.jpg



 

Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ကြည့်လိုက်တာနဲ့ ရည်းစားမရှိတောင် မင်္ဂလာဆောင်ချင်စိတ် ပေါက်သွားစေနိုင်တဲ့ ရွှေထူး နဲ့ ရွှေမှုန်တို့ ရဲ့ အလန်းစားဗီဒီယို

အဆိုတော် ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင် ရွှေမှုန်ရတီတို့ ချစ်သူနှစ်ဦးကတော့ နိုဝင်ဘာ ၁၁ရက်နေကလေးမှာကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီးကို ကျင်းပပြုလုပ်ပြီးတာဖြစ်ပါတယ်။ ရွှေရွှေတို့နှစ်ယောက်က အမြဲလိုလို ချစ်တဲ့အကြောင်းလေးတွေနဲ့ ပုံလေးတွေကို တင်လေ့ရှိပြီး မကြာခင်ကမှ သူတို့ချစ်သူနှစ်ဦးဟာ ကြီးကျယ်ခမ်းနားပြီး အရမ်း romantic ဆန်တဲ့ မင်္ဂလာပွဲကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်ယောက်အတူ ပျော်ရွှင်နေကြတာလည်းဖြစ်ပါတယ်။ခုအခုမှာလည်း သူတို့ ဇနီးမောင်နှံရဲ့ အမိုက်စား romantic ဆန်တဲ့ Pre Wedding ဗီဒီယိုအသစ်လေး ထပ်မံ ထွက်ရှိလာတာတွေ့ရပါတယ်။

ရွှေရွှေ ဇနီးမောင်နှံရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်ပြီး ကြည်နူးမိတာအမှန်ပဲ ဖြစ်ပါတယ်။မင်္ဂလာအခမ်းနားလေးမှာလည်း တစ်ယောက်ပေါ်တစ်ယောက် အမှတ်ရစေမယ့် စကားလေးတွေ ပြောပြီး အနမ်းလေးတွေပေးနေကြတာလည်း ကြည်နူးစရာမြင်ကွင်းလေးပါပဲ။ချစ်ပရိသတ်တွေတွက် ရွှေရွှေ ဇနီးမောင်နှံရဲ့ ကြည်နူးစရာ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။အမိုက်စားရိုက်ချက်တွေကို ပုံဖော်ပေးထားတာကတော့ Forever One Stop Wedding Service & Planning ကျောက်တန်းလို့သိရပါတယ်။

Source:Forever One Stop Wedding Service & Planning
Nay Madhuri

scroll to top