
003-1.jpg



Nay Madhuri @ CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

တာဝန်ပျက်ကွက်ခဲ့မှုအတွက် လူသိရှင်ကြားတောင်းပန်လိုက်ရတဲ့ သက်မွန်မြင့်

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ပရိသတ်ကြီးရဲ့ အချစ်တော် သက်မွန်မြင့်ကတော့ ပရိသတ်တွေအတွက် အကောင်းဆုံးတွေကို သာပေးစွမ်းဖို့ကြိုးစားတတ်သူပါ ။ပရိသတ်တွေအတွက် အမြဲကြိုးစားနေသလို လူမှုဆက်ဆံရေးမှာလည်း သူမတူအောင် ကောင်းမွန်သူတစ်ယောက်ပါ ။ သက်မွန်မြင့်တစ်ယောက် သူ့ရဲ့ တာဝန်ပျက်ကွက်မှုတစ်ခုအတွက် လူသိရှင်ကြားတောင်းပန်လိုက်တာကို တွေ့ရပါတယ်။

ဒီသွေးချင်းတို့ရဲ့ ပွဲတော် Miss Ethnic Myanmar 2019 final မှာ ဒိုင်လုပ်ပေးရမယ့် ချစ်သက်တစ်ယောက် ဖျားသွားတဲ့ အတွက် အဆိုပါပွဲကို တက်ရောက်နိုင်ခြင်းမရှိပါဘူး ။ သက်မွန်မြင့်တစ်ယောက် လူမှုကွန်ရက်ကနေ “ဖျားသွားလို့ ပျက်ကွက်မှု အတွက် သွေးချင်းမောင်နှမတွေရော တာဝန်ရှိသူတွေရော ချစ်ရတဲ့ ပရိတ်သတ်တွေကို ဒီကနေ တောင်းပန်ပါတယ်ရှင်.. ” လို့ ရေးသားထားတာကိုတွေ့ရပါတယ် ။ ဆယ်လီကမ္ဘာပရိသတ်တွေ လည်း စိတ်မကောင်းဖြစ်နေကြတဲ့ ချစ်သက်အတွက် အားပေးစကားလေးပြောခဲ့ကြပါဦးနော်။

Source – Thet Mon Myint Page
Nay Madhuri @ CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top