ရန္ကုန္ျမိဳ႕လည္မွာ နိုင္ငံျခားကားဆန္ဆန္အနုၾကမ္းစီးခဲ့ၾကတဲ့ ျခံအမွတ္(၅၁) က က်ဴးလြန္သူေတြကို မိျပီ

collage-38.jpg

 

အလုံၿမိဳ႕နယ္၌ KGL အင္ဂ်င္ဝိုင္ေရာင္းဝယ္ေရး ကုမၸဏီဝင္းအတြင္းသို႔ တုတ္/ဓားကိုင္ အမ်ိဳးသား ၁၀ ဦးခန္႔မွ ဝင္ေရာက္အႏိုင္အထက္ျပဳ၍ အမ်ိဳးသား ၁ ဦးအား ေခၚေဆာင္သြားမႈျဖစ္ပြားခဲ့ပါတယ္။ ၂၀၁၈ခုႏွစ္၊ ႏိုဝင္ဘာလ ၁၂ ရက္ေန႔ ၁၈၅၀ အခ်ိန္ အလုံၿမိဳ႕နယ္၊ ေစာရန္ပိုင္၊ အေရွ႕ ရပ္ကြက္ရွိ KGL အင္ဂ်င္ဝိုင္ေရာင္းဝယ္ေရးကုမၸဏီဝင္းအတြင္းသို႔ 6E/×××× လိုက္ထရပ္ယာဥ္ ျဖင့္ သူရ(၄၂)ႏွစ္၊ (၁၃၃)ရပ္ကြက္၊ ဒဂုံအေရွ႕ၿမိဳ႕နယ္ေနသူပါ အမ်ိဳးသား ၁၀ ဦးခန္႔ (စိစစ္ဆဲ)သည္ မ်က္ႏွာတြင္ Mark မ်ား တပ္ဆင္ထားၿပီး တုတ္/ ဓားမ်ား ကိုင္ေဆာင္ဝင္ေရာက္လာကာ ကုမၸဏီဝန္ထမ္း သားဒို(ခ)ေစာမူးဖြဲ႕ထူး(၂၄)ႏွစ္၊ ေဒါင္ႀကီးေက်း႐ြာ၊ ကန္ႀကီးေဒါင့္ၿမိဳ႕နယ္ေနသူပါ အမ်ိဳးသား ၃ ဦး အား ႀကိဳးျဖင့္ တုပ္ၿပီး ဖုန္း ၃ လုံးကို သိမ္းဆည္း၍ ကုမၸဏီ႐ုံးခန္းအတြင္း တပ္ဆင္ထားေသာ CCTV အား ျဖဳတ္ယူသြားခဲ့ကာ လိုက္ထရပ္ယာဥ္ျဖင့္ ျပန္ထြက္သြားခဲ့ေၾကာင္း။

၄င္းအဖြဲ႕မွ ၅ ဦး သည္ ကုမၸဏီမန္ေနဂ်ာ ဦးျမင့္စိန္(ခ)ဖီးလစ္(၄၈)ႏွစ္အား ၎ပိုင္ 3F/×××× လင္ခ႐ူဆာယာဥ္ႏွင့္ အတူေခၚေဆာင္သြားကာ ၎၏ ဖုန္း ၂ လုံးအား ယူေဆာင္၍ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ျပည္လမ္းႏွင့္ မပိုလမ္းအေရာက္၌ ကားေပၚမွဆင္းေျပးသြားခဲ့သျဖင့္ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားမွ ဝိုင္းဝန္းပိတ္ဆို႔ရွာေဖြခဲ့ရာ ၁၉၃၀ အခ်ိန္တြင္ ကမာ႐ြတ္ၿမိဳ႕နယ္၊ ျပည္လမ္း ႏိုဗိုတယ္ဟိုတယ္ေရွ႕ တြင္ ဦးျမင့္စိန္(ခ)ဖီးလစ္အား ၎ပိုင္ယာဥ္ျဖင့္ ျပန္လည္ေတြ႕ရွိခဲ့ပါတယ္။

သူရ(၄၂)ႏွစ္ပါ အမ်ိဳးသား ၂ ဦးအား အခင္းျဖစ္အရပ္၌လည္းေကာင္း၊ ေဇာ္ထူး(ခ)ကရင္(၄၈)ႏွစ္၊ (၁၃၂)ရပ္ကြက္၊ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္ေနသူပါ အမ်ိဳးသား ၂ ဦးတို႔အား (၁၃၃)ရပ္ကြက္၊ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္တြင္လည္းေကာင္း၊ လိုက္ထရပ္ယာဥ္ႏွင့္ ထြန္းထြန္း (၄၂)ႏွစ္၊ ေပဆင္ကုန္း ရပ္ကြက္၊ သုံးဆယ္ၿမိဳ႕နယ္ေနသူအား တိုက္ႀကီးၿမိဳ႕နယ္၊ ေစ်းရပ္ကြက္၊ ဗီးနပ္စ္ဖုန္းဆိုင္ေရွ႕၌ လည္းေကာင္း ထပ္မံဖမ္းဆီးရမိခဲ့ပါေၾကာင္းႏွင့္ ဦးျမင့္စိန္(ခ)ဖီးလစ္၏ အကိုျဖစ္သူ ဦးေက်ာ္ျမင့္မွ တိုင္တန္းသျဖင့္ သူရ(၄၂)ႏွစ္ပါ ၅ ဦး(ဖမ္းမိ)ႏွင့္ မ်ိဳးျမင့္ေအာင္(ခ) အရွည္ႀကီး(စိစစ္ဆဲ)၊ (၁၄၀) ရပ္ကြက္၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ေနသူပါ ၅ ဦးခန္႔(ဖမ္းမမိ)တို႔အား အလုံၿမိဳ႕မရဲစခန္း(ပ) ၄၃၀/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၅ (ဓားျပမႈ) ျဖင့္ အမႈဖြင့္စစ္ေဆးခဲ့ၿပီး က်န္တရားခံမ်ား ဖမ္းဆီးရမိေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။
Source – Ministry of Home Affairs, Myanmar
Nay Madhuri
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရန်ကုန်မြို့လည်မှာ နိုင်ငံခြားကားဆန်ဆန်အနုကြမ်းစီးခဲ့ကြတဲ့ ခြံအမှတ်(၅၁) က ကျူးလွန်သူတွေကို မိပြီ

အလုံမြို့နယ်၌ KGL အင်ဂျင်ဝိုင်ရောင်းဝယ်ရေး ကုမ္ပဏီဝင်းအတွင်းသို့ တုတ်/ဓားကိုင် အမျိုးသား ၁၀ ဦးခန့်မှ ဝင်ရောက်အနိုင်အထက်ပြု၍ အမျိုးသား ၁ ဦးအား ခေါ်ဆောင်သွားမှုဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ၁၈၅၀ အချိန် အလုံမြို့နယ်၊ စောရန်ပိုင်၊ အရှေ့ ရပ်ကွက်ရှိ KGL အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီဝင်းအတွင်းသို့ 6E/×××× လိုက်ထရပ်ယာဉ် ဖြင့် သူရ(၄၂)နှစ်၊ (၁၃၃)ရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်နေသူပါ အမျိုးသား ၁၀ ဦးခန့် (စိစစ်ဆဲ)သည် မျက်နှာတွင် Mark များ တပ်ဆင်ထားပြီး တုတ်/ ဓားများ ကိုင်ဆောင်ဝင်ရောက်လာကာ ကုမ္ပဏီဝန်ထမ်း သားဒို(ခ)စောမူးဖွဲ့ထူး(၂၄)နှစ်၊ ဒေါင်ကြီးကျေးရွာ၊ ကန်ကြီးဒေါင့်မြို့နယ်နေသူပါ အမျိုးသား ၃ ဦး အား ကြိုးဖြင့် တုပ်ပြီး ဖုန်း ၃ လုံးကို သိမ်းဆည်း၍ ကုမ္ပဏီရုံးခန်းအတွင်း တပ်ဆင်ထားသော CCTV အား ဖြုတ်ယူသွားခဲ့ကာ လိုက်ထရပ်ယာဉ်ဖြင့် ပြန်ထွက်သွားခဲ့ကြောင်း။

၎င်းအဖွဲ့မှ ၅ ဦး သည် ကုမ္ပဏီမန်နေဂျာ ဦးမြင့်စိန်(ခ)ဖီးလစ်(၄၈)နှစ်အား ၎င်းပိုင် 3F/×××× လင်ခရူဆာယာဉ်နှင့် အတူခေါ်ဆောင်သွားကာ ၎င်း၏ ဖုန်း ၂ လုံးအား ယူဆောင်၍ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းနှင့် မပိုလမ်းအရောက်၌ ကားပေါ်မှဆင်းပြေးသွားခဲ့သဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းပိတ်ဆို့ရှာဖွေခဲ့ရာ ၁၉၃၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ ပြည်လမ်း နိုဗိုတယ်ဟိုတယ်ရှေ့ တွင် ဦးမြင့်စိန်(ခ)ဖီးလစ်အား ၎င်းပိုင်ယာဉ်ဖြင့် ပြန်လည်တွေ့ရှိခဲ့ပါတယ်။

သူရ(၄၂)နှစ်ပါ အမျိုးသား ၂ ဦးအား အခင်းဖြစ်အရပ်၌လည်းကောင်း၊ ဇော်ထူး(ခ)ကရင်(၄၈)နှစ်၊ (၁၃၂)ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်နေသူပါ အမျိုးသား ၂ ဦးတို့အား (၁၃၃)ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင်လည်းကောင်း၊ လိုက်ထရပ်ယာဉ်နှင့် ထွန်းထွန်း (၄၂)နှစ်၊ ပေဆင်ကုန်း ရပ်ကွက်၊ သုံးဆယ်မြို့နယ်နေသူအား တိုက်ကြီးမြို့နယ်၊ ဈေးရပ်ကွက်၊ ဗီးနပ်စ်ဖုန်းဆိုင်ရှေ့၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ပါကြောင်းနှင့် ဦးမြင့်စိန်(ခ)ဖီးလစ်၏ အကိုဖြစ်သူ ဦးကျော်မြင့်မှ တိုင်တန်းသဖြင့် သူရ(၄၂)နှစ်ပါ ၅ ဦး(ဖမ်းမိ)နှင့် မျိုးမြင့်အောင်(ခ) အရှည်ကြီး(စိစစ်ဆဲ)၊ (၁၄၀) ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူပါ ၅ ဦးခန့်(ဖမ်းမမိ)တို့အား အလုံမြို့မရဲစခန်း(ပ) ၄၃၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ (ဓားပြမှု) ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ကျန်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Source – Ministry of Home Affairs, Myanmar
Nay Madhuri

scroll to top