
collage-5.jpg




Source – Actor 99
Nay Madhuri
ယူနီကုဒ်ဖြင့် ဖတ်ရန်

အဝေးတစ်နေရာရောက်နေတာတောင် ဗိုင်ဘာ(VIBER) ထဲကနေ ရွှေတိဂုံကို ဦးချခဲ့တဲ့ နိုင်းနိုင်းရဲ့ သမီးကြီး

ပရိသတ်ကြီးရေ နိုင်ငံကျော် ရုပ်ရှင်မင်းသားချော နိုင်းနိုင်းကတော့ ချစ်စရာကောင်းတဲ့ သား၊သမီးလေးတွေနဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သားတစ်ယောက် ၊ သမီး ၃ယောက်တို့ရဲ့ ဖခင်ဖြစ်တဲ့ နိုင်းနိုင်းက အိမ်ထောင်ဦးစီးတစ်ယောက်အဖြစ်ရော ရုပ်ရှင်မင်းသားအဖြစ် တာဝန်ကျေပွန်တဲ့သူပါ ။

နိုင်းနိုင်းတစ်ယောက် သမီးကြီး Floreece ကိုးနှစ်ပြည့် မွေးနေ့..အမှတ်တရ ကုသိုလ် ကောင်းမှုတွေကို လုပ်ရင်း သမီးနဲ့ Viber ကနေ စကားပြောခဲ့ပါတယ်
သမီးကြီး Floreece ကိုးနှစ်ပြည့် မွေးနေ့မှာ အဝေးတစ်နေရာက သမီကြီးကို
ရွှေတိဂုံစေတီတော်ကြီးဖူးမျှော်ဖို့ Viber ကနေပြခဲ့တော့ လက်အုပ်ချီ ကန်တော့ပါတယ်တဲ့ နိုင်နိုင်းကတော့ သမီးကြီး လိုရာဆန္ဒပြည့်စုံပြီး ကျန်းမာ ချမ်းသာပါစေ ဆိုပြီး ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။

ဘာသာတရားကိုင်းရှိုင်းတတ်တဲ့ သမီးအလိမ္မာလေးကို နိုင်းနိုင်းတစ်ယောက် ပိုင်ဆိုင်ထားတာက ထူးမြတ်တဲ့ ကုသိုလ်တစ်ခုပေါ့

Source – Actor 99
Nay Madhuri

scroll to top