ဖောက်ပြန်တယ်ဆိုပြီး စွပ်စွဲ ခံရပြန်တဲ့ ပန်ကိတ်

collage-10.jpg

ရွှေ နှစ် ရွှေ ရဲ့ မင်္ဂလာဆောင်ဟာ ပန်ကိတ် နဲ့ ရွှေထူးတို့ ရဲ့ ချစ်သက်တမ်း ၁၁ ရက် မြောက်နေ့ ဖြစ်တဲ့ ၁၁ ရက် ၁၁ရက် မှာ ကျင်းပခဲ့တယ်ဆိုတာ ပရိသတ်ကြီးသိပါသလား။ ပန်ကိတ် တစ်ယောက် အရာရာကို အချိန်ရဲ့ ကုစားမှု နဲ့ ဖြတ်သန်းနေခဲ့ပေမယ့် အချို့သော ရွှေ ရွှေ တို့ ကို ၀န်းရံ နေကြတဲ့ သူတွေရဲ့ ဆဲဆိုမှု ကို ခံခဲ့ရတယ် လို့ ဆိုပါတယ်။

 

ပြင်းထန်တဲ့ ဝေဖန်ချက်တွေကို ပန်ကိတ် က သူမရဲ့ လူမှုကွန်ယက် ကနေတဆင့် အခုလိုရှင်းလိုက်ပါတယ် ။ “ငါလည်းရည်းစားလေးတစ်ယောက်ထားပြမှပဲထင်တယ်ေ-ာက် ပြဿနာကြားထဲ မပြီးနိုင်တော့ဘူး။မပြီးနိုင်မစီးနိုင် ခုချိန်ထိ လိုက်လိုက်ကြည့်ပြီး ငါ့ကိုမျက်ရည်ချူတယ်ချူတယ် ပြောတဲ့ နင်တို့ ကိုကြောက်လို့ ချစ်သူရရင် ဥ ထားမှာသေတောင် မပြဘူး ။”

 

“PS: မျက်ရည်ချူတဲ့ အဆင့်ကလည်းမဟုတ်ဘူး.. ချူစရာအကြောင်းလည်းမရှိဘူး.. အဲ့လောက်လည်းမျက်ခွက်မပြောင်ဘူး.. ကိုယ့်ဘာသာ စာတစ်ဖက်အလုပ်တစ်ဖက်နဲ့မအားလို့ နေနေတာ why so serious?(ဒါနဲ့ဟိုနေ့က မိုင်ဒေး မှာ တင်ထားတဲ့ ကောင်လေးက တစ်ဦးတည်းသောမောင်လေးအရင်း.. မိုးကြိုးတွေပစ်သေကုန်ဦးမယ်..ဂျပန်ကောင်နဲ့ဖောက်ပြန်တယ် ဆိုပြီး အတင်းပေးစားနေကြတာအလုပ်မဟုတ်ဘူး.. :3 )” လို့ ရေးသားထားပါတယ်။ ပန်ကိတ် ဟာ ရှစ်နှစ်တိတိ သစ္စာရှိရှိ ချစ်ခဲ့ ၊ ထောက်ပံ့ပေးခဲ့တဲ့ ချစ်သူက စွန့်လွှတ်ခဲ့တာတောင် ပြိုလဲမသွားတဲ့ လေးစားစရာ စိတ်ထားရှိသူတစ်ဦးပါ .

Source- Ya Min Oo
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top