
005-8.jpg









နာရီပိုင်းအတွင်း ကြည့်ရှုသူသောင်းကျော်နေတဲ့ "ရှူး"

ပရိသတ်တွေ ကြည့်ရင်း နောင်တတွေ တသီကြီး ရသွားမယ့် "ရှူး"နိုင်ငံကျော် ရုပ်ရှင်လောကသားတွေ ရိုက်ထားတာ မဟုတ်ပေမယ့် … မင်မင်တော့ကြည့်ရင်းနောင်တတွေရနေပါပြီ 🙁 🙁 🙁 ရင်ဘတ်ထဲထိရင် ပြန်လည်မျှဝေလိုက်ပါ ပရိသတ်ကြီးရေCredit – Naung Naung#CeleGabarTV #Shuu!

Posted by CeleGabar TV on Wednesday, February 13, 2019

Source – Naung Naung
Nay Madhuri@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

ကြည့်ရှုသူတိုင်း မျက်ရည်လည်ရင်း သင်ခန်းစာရသွားစေမယ့် ရှူးတိုးတိုး ဇာတ်လမ်းတို

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မကြာခင်ကာလမှာ နိုင်ငံတစ်ခုရဲ့ အရွေ့ကို အဆုံးအဖြတ်ပေးမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရမယ့် အချိန်ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ (၁၀)တန်းဆိုတာ က ဘဝအချိုးအကွေ့တစ်ခုကိုပြောင်းလဲစေနိုင်တဲ့ အတွက် ကျောက်ဆည်မြို့ကို ဇာတ်အိမ်တည်ပြီး ဒါရိုက်တာ တစ်ဦးက ပညာပေး ဗီဒီယိုတစ်ပုဒ်ကို ဖန်တီးလိုက်ပါတယ်။ အဆိုပါ ဗီဒီယို လေးဟာ လူမှုကွန်ရက်ပေါ်မှာ ကြည့်ရှုသူ တွေ အချိန်နှင့်အမျှ မြင့်တက်လာနေတာကို အံ့သြစရာတွေ့ရပါတယ်။

ရှူး ဆိုတဲ့ Short Film လေးဟာ ” ကလေးတွေရဲ့ အနာဂါတ် ပညာရေး ” အတွက် Awareness ရစေဖို့ တွန်းလိုက်တဲ့ ကျွန်တော့်ရဲ့ အနုပညာ ဖန်တီးမှု အရွေ့ကလေး တစ်ခုဖြစ်ပါတယ်…။ လို့ ပြောလာသူက ဒါရိုက်တာဖြစ်တဲ့ ကိုနောင်နောင်ပါ ။ ဒီ ” ရှူးတိုးတိုး ” Short Film လေးသည် မည်သည့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ မည်သည့် အဖွဲ့အစည်း၊ မည်သည့် စီးပွားရေး လုပ်ငန်း နှင့် မည်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် လုံးဝ မရှိပါ ဘူးလို့လည်းသူကဆိုထားပါသေးတယ်။ စာမေးပွဲဖြေဆိုရမယ့်ကျောင်းသား၊ကျောင်းသူတွေ စိတ်အနှောင့်အယှက်ဖြစ်နိုင်တဲ့ ပတ်ဝန်းကျင်က ဆူညံသံတွေကို မပြုလုပ်ကြစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ကူးတင်ဆက်ထားတာပါ။ ဝါရင့်သရုပ်ဆောင်တွေမပါဘဲ တကယ့်ကျေးလက်ဒေသက ဒေသခံအစစ်တွေ၊ ဖြစ်ရပ်အစစ်တွေနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးအတွက် ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း မှတ်ချက်ကနေ အားပေးစကားပြောပေးခဲ့ကြပါဦးနော်။

Source – Naung Naung
Nay Madhuri@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top