ကိုယ့်မွေးရပ်မြေကိုကျောခိုင်းထွက်ခွာလာခဲ့ရတဲ့ မြန်မာလုပ်သားတစ်ဦး ရဲ့ ရင်နာစရာ တရုတ်သီချင်း ” မင်္ဂလာပါ “

collage-15-1.jpg

 

မင်္ဂလာပါ ဆိုတဲ့သီချင်းဟာ ကိုယ့်မွေးရပ်မြေကိုကျောခိုင်းထွက်ခွာလာခဲ့ရတဲ့ မြန်မာလုပ်သားတစ်ဦးမှ ပင်လယ်သမုဒ္ဒရာခြားနေတဲ့ မိသားစုဆီ နှုတ်ခွန်းဆက်သတဲ့အကြောင်းလေးကို ရေးစပ်သီကုံးထားတာဖြစ်ပါတယ်။ MTV အစမှာ Namewee ဟာ ဆောက်လက်စတိုက်လေးထဲမှာ ထိုင်ပြီး မြန်မာ့တူရိယာစောင်းကောက်လေးကိုဖက်လို့ စတင်သီဆိုလိုက်တာကတော့ မင်္ဂလာပါ တဲ့။ သီချင်းလေးကိုနားထောင်ကြည့်ရင်တော့ အိမ်ကိုလွမ်းတဲ့ သာမန်သီချင်းလေးတစ်ပုဒ်ပါပဲလို့ခံစားမိမယ်ဆိုပေမယ့် Namewee ဟာ MV အဆုံးမှာ လူအများကိုအံ့အားသင့်တုန်လှုပ်စေတဲ့ စာသားတချို့ကို အောက်ပါအတိုင်း စာတန်းထိုးဖော်ပြခဲ့ပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မလေးရှားနိုင်ငံရဲ့ အငြင်းပွားဖွယ်ရာများနဲ့ အမြဲဒွန်တွဲ နာမည်ကြီးနေတဲ့ တရုတ်လူမျိုးအဆိုတော် Namewee ဟာ သူ့ရဲ့ Youtube စာမျက်နှာပေါ်ကနေ ကိုယ်ပိုင်သံစဉ်တေးသီချင်းသစ်တစ်ပုဒ်ကို တင်ခဲ့ပါတယ်။ သီချင်းသစ်ရဲ့နာမည်က မြန်မာလို မင်္ဂလာပါ တဲ့။

 

Namewee ဟာ ဘာသာစကားဘက်မှာ ပါရမီထူးသူတစ်ဦးဖြစ်ပါတယ်။ ဟိုအရင်က Japanglish လိုဆိုထားတဲ့ Tokyo Bon ၊ Thaichinese လိုဆိုထားတဲ့ Thai ChaCha နဲ့ Thai Love Song တို့အပြင် ဗီယက်နမ်နဲ့တရုတ် ၂ဘာသာပေါင်းစပ်သီဆိုထားတဲ့ Rain in Hu Chi Minh အစရှိတဲ့သီချင်းတွေကိုသီဆိုခဲ့ဖူးပါတယ်။ တချို့သီချင်းတွေက အမြူးလေးတွေဖြစ်ပေမယ့် တချို့ကတော့ အလွမ်းသီချင်းလေးတွေဖြစ်ပါတယ်။ ဒီတခါသီဆိုလိုက်တဲ့ မင်္ဂလာပါ ဆိုတဲ့သီချင်းကတော့ ဟိုအရင်ကသီချင်းပုံစံတွေနဲ့မတူကွဲပြားပြီး သီချင်းရဲ့နောက်ကွယ်မှာ အမှောင်ထုထဲက လူမသိသူမသိတဲ့ ဖြစ်ရပ်လေးတစ်ခုကို အခြေခံပြီး ရေးစပ်သီကုံးထားတာဖြစ်ပါတယ်။

“မလေးရှားနိုင်ငံတွင်းမှာ ပြည်ပလုပ်သားပေါင်း ၇ သန်းကျော်ရှိပြီး မလေးရှားနိုင်ငံ လူဦးရေရဲ့ ၂၀% ခန့်ရှိပါတယ်။ သူတို့တွေဟာ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ နီပေါ နဲ့ တရုတ် အစရှိတဲ့နိုင်ငံအသီးသီးမှဖြစ်ပြီးတော့ ဒီ ပြည်ပလုပ်သား ၇ သန်းကျော်ရဲ့ ၇၀% ဟာ တရားမ၀င်လုပ်သားတွေပဲဖြစ်ပါတယ်။ အလုပ်ရှင်ဟာ အသုံးစရိတ်ကိုလျော့ချနိုင်ဖို့အတွက် တရားမ၀င်လမ်းကြောင်းကနေပြီးတော့ နိမ့်ကျတဲ့လစာနဲ့ ဒီလို တရားမ၀င်လုပ်သားတွေကို ခေါ်ယူပါတယ်။ နောက်ပြီး သူတို့တွေကို ဝေးလံတဲ့ လယ်ကွင်းတွေ၊ အလုပ်ရုံ၊ စက်ရုံတွေမှာ ဖွက်ထားပြီး အလုပ်စေခိုင်းပါတယ်။ ယုတ်ညံ့တဲ့အလုပ်ရှင်တွေဟာ ဒီလို တရားမဝင်လုပ်သားတွေပေါ်မှာ လူမဆန်စွာဆက်ဆံပါတယ်။ မတရားသဖြင့်လုပ်ခလစာဖြတ်တောက်ခြင်း၊ အလုပ်ချိန်ထက်ကျော်လွန်စေခိုင်းခြင်းတို့အပြင် တခါတရံမှာ ကိုယ်ထိလက်ရောက် ရိုက်နှက်စော်ကားမှုတွေပါ ပြုလုပ်ပါတယ်။

#Namewee_TXDY_Translationမင်္ဂလာပါ ဆိုတဲ့သီချင်းဟာ ကိုယ့်မွေးရပ်မြေကိုကျောခိုင်းထွက်ခွာလာခဲ့ရတဲ့ မြန်မာလုပ်သားတစ်ဦးမှ ပင်လယ်သမုဒ္ဒရာခြားနေတဲ့ မိသားစုဆီ နှုတ်ခွန်းဆက်သတဲ့အကြောင်းလေးကို ရေးစပ်သီကုံးထားတာဖြစ်ပါတယ်။ MV အစမှာ Namewee ဟာ ဆောက်လက်စတိုက်လေးထဲမှာ ထိုင်ပြီး မြန်မာ့တူရိယာစောင်းကောက်လေးကိုဖက်လို့ စတင်သီဆိုလိုက်တာကတော့ မင်္ဂလာပါ တဲ့။ သီချင်းလေးကိုနားထောင်ကြည့်ရင်တော့ အိမ်ကိုလွမ်းတဲ့ သာမန်သီချင်းလေးတစ်ပုဒ်ပါပဲလို့ခံစားမိမယ်ဆိုပေမယ့် Namewee ဟာ MV အဆုံးမှာ လူအများကိုအံ့အားသင့်တုန်လှုပ်စေတဲ့ စာသားတချို့ကို အောက်ပါအတိုင်း စာတန်းထိုးဖော်ပြခဲ့ပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မလေးရှားနိုင်ငံရဲ့ အငြင်းပွားဖွယ်ရာများနဲ့ အမြဲဒွန်တွဲ နာမည်ကြီးနေတဲ့ တရုတ်လူမျိုးအဆိုတော် Namewee ဟာ သူ့ရဲ့ Youtube စာမျက်နှာပေါ်ကနေ ကိုယ်ပိုင်သံစဉ်တေးသီချင်းသစ်တစ်ပုဒ်ကို တင်ခဲ့ပါတယ်။ သီချင်းသစ်ရဲ့နာမည်က မြန်မာလို မင်္ဂလာပါ တဲ့။ Namewee ဟာ ဘာသာစကားဘက်မှာ ပါရမီထူးသူတစ်ဦးဖြစ်ပါတယ်။ ဟိုအရင်က Japanglish လိုဆိုထားတဲ့ Tokyo Bon ၊ Thaichinese လိုဆိုထားတဲ့ Thai ChaCha နဲ့ Thai Love Song တို့အပြင် ဗီယက်နမ်နဲ့တရုတ် ၂ဘာသာပေါင်းစပ်သီဆိုထားတဲ့ Rain in Hu Chi Minh အစရှိတဲ့သီချင်းတွေကိုသီဆိုခဲ့ဖူးပါတယ်။ တချို့သီချင်းတွေက အမြူးလေးတွေဖြစ်ပေမယ့် တချို့ကတော့ အလွမ်းသီချင်းလေးတွေဖြစ်ပါတယ်။ ဒီတခါသီဆိုလိုက်တဲ့ မင်္ဂလာပါ ဆိုတဲ့သီချင်းကတော့ ဟိုအရင်ကသီချင်းပုံစံတွေနဲ့မတူကွဲပြားပြီး သီချင်းရဲ့နောက်ကွယ်မှာ အမှောင်ထုထဲက လူမသိသူမသိတဲ့ ဖြစ်ရပ်လေးတစ်ခုကို အခြေခံပြီး ရေးစပ်သီကုံးထားတာဖြစ်ပါတယ်။Ref: Seize China သီချင်းအတွက် Review ကိုတော့ Seize China Page မှ ကူးယူဖော်ပြပါသည်။#李如清(天下第一)

Posted by 天下第一 on Tuesday, November 13, 2018

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုပြီးဆုံးသွားပြီဆိုတာနဲ့ နောက်ဆုံးကျန်တဲ့လစာကိုမပေးချင်တော့ တချို့သောအလုပ်ရှင်တွေက ဒီလိုတရားမဝင်လုပ်သားတွေကို ရဲတိုင်ပြီး အဖွဲ့လိုက်ဖမ်းဆီးခံရအောင်လုပ်ဆောင်လိုက်ပါတယ်။ တရားမဝင်လုပ်သားတွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ရဲစခန်းမှာ သတ်မှတ်ရက်မရှိဖမ်းဆီးခံရပါတယ်။ စကားကလည်းမပေါက်၊ မှတ်ပုံတင်လည်းမပြနိုင်၊ ညစ်ပတ်ပေရေနေတဲ့နေရာမှာ ကူးစက်ရောဂါတွေကူးစက်ခံရနဲ့ သူတို့ကို ကယ်တင်မယ့်သူမရှိပါဘူး။ သက်ဆိုင်ရာသံရုံးတွေကတောင် လာမကယ်နိုင်ပါဘူး။ တရားမဝင် ဝင်ရောက်လာတာဖြစ်လို့ ကယ်တင်ဖို့လမ်းစလည်းမရှိဖြစ်နေပါတယ်။ သူတို့တွေရဲ့ဖြစ်တည်မှုကို ဘယ်သူမှလည်းမသိကြပါဘူး။ ဘယ်နေရာမှာအလုပ်ဝင်နေလို့ ဘယ်နေရာမှာအဖမ်းခံထားရတယ်ဆိုတာမျိုး မှတ်တမ်းလည်းမရှိပါဘူး။ ဒီလို ယုတ်ညံ့တဲ့အလုပ်ရှင်တွေဟာ အဲ့လိုနည်းလမ်းမျိုးနဲ့ပဲ တစ်သုတ်ပြီးတစ်သုတ် တရားမဝင်လုပ်သားတွေကို ခေါ်ယူနေပါတယ်။

Source – 天下第一
Nay Madhuri
ယူနီကုဒ်ဖြင့် ဖတ်ရန်

scroll to top