တရားပြိုင် ဦးကျော်ကျော်ထွန်း အပေါ် ခပ်ကြမ်းကြမ်း တုံ့ပြန်လိုက်တဲ့ ဒါဒါ

collage-17-1.jpg



 


Nay Madhuri
ယူနီကုဒ်ဖြင့် ဖတ်ရန်

စာချုပ်မှာလက်မှတ်ထိုးတယ် လို့ ဝန်ခံတဲ့ အပေါ် ခပ်ကြမ်းကြမ်း တုံ့ပြန်လိုက်တဲ့ ဒါဒါ

လက်ရှိ တရားရင်ဆိုင်နေရတဲ့ စိုးမြတ်နန္ဒာတစ်ယောက် ပြီးခဲ့ တဲ့ရုံးချိန်းမှာ စာချုပ်ကို လက်မှတ်ထိုးခဲ့ကြောင်းဝန်ခံလိုက်ပါတယ်။ တရားပြိုင် ဦးကျော်ကျော်ထွန်း က “ဒီနေ့ကတော့ ပြီးခဲ့တဲ့အပတ်ထဲကလည်း သူက ကျွန်တော်တို့၊ ကိုစိုးသူနဲ့ နောက် သူကိုယ်တိုင် အသိသက်သေထိုးထားတဲ့ စာချုပ်ရှိတယ်လေ။ အဲဒီမှာ လက်မှတ်ထိုးထားတာကို သူဝန်ခံသွားပြီ။ တရားရုံးဆုံးဖြတ်ချက်ပေါ်မူတည်သွားပြီ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အရင် သူ အကြိမ်ကြိမ်ပေးထားတဲ့ ကတိတွေရှိပါတယ်။ အဲဒါတွေကို ဆက်လက်ပြီးတော့ နောက်ထပ်ရုံးချိန်းတွေမှာ တင်ပြသွားမှာပါ” လို့ မီဒီယာ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်

စိုးမြတ်နန္ဒာကတော့ “ကိုယ့်ကို ဝန်ခံတယ် ဆိုပဲဘာမှနားမလည်တာ အဲ့ဒီမှာ ပေါ်တာပဲ.. ကြောက်ချီးပါပြီး ဟန်မဆောင်နိုင်အောင် ပြာယာခတ်နေရတာလေး ထည့်ပြောပါဦးသူများတွေဆီက ငွေနဲ့ အသက်ဆက် , သူဋ္ဌေးဂိုက်ဖမ်းပြီး ညဆို နှလုံးဆေးသောက် သေမှာနေ့တိုင်း ကြောက်နေရတဲ့ ရှင်ရက်နဲ့ ငရဲကျနေတာလေး ထည့်ပြောနော် .. ဘာမှအဖက်လုပ်သိပ်မပြောချင်လို့မပြောတာ အကောင်းထင်မနေနဲ့ .. အဖက်လုပ်ပြောရင် ဆယ်လီ ဖြစ်ချင်တဲ့ နင့်ကို ပံ့ပိုးမိသလိုဖြစ်မှာစိုးလို့ စိတ်ဆိုတာ ရုပ်မှာပေါ်တယ်ဆိုတာလေးလဲ နင်ရော နင့်လူတွေရော သတိကပ်ထားခိုင်း .. နင်လုပ်ချင်သလိုလုပ်လို့ရတဲ့အထဲ ငါမပါဘူး.. ဘာတဲ့ သဘောရိုး နဲ့ လုပ်လိုက်တာပါတဲ့ ..နင့် ကို သိတဲ့ လူ ၁၀၀ မှာ အယောက် ၁၀၀ လုံး အဲဒီစကားကြားရင် ဟားတိုက် ရီလိမ့်မယ် သိလား သဘောရိုး ဟုတ်လား မဟုတ်လား ဆက်ကြည့်ကြတာပေါ့.. ” လို့ တုံ့ပြန်လိုက်ပါတယ်။

ရုံးတော်ရဲ့ အဆုံးအဖြတ်တာ အတည်ဖြစ်တာမို့ ဘယ်သူတွေဘယ်လိုဆက်ဖြစ်ကြမလဲ ဆိုတာ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ရမှာပါ ။

Source – Soe Myat Nandar Page
Nay Madhuri

scroll to top