
collage-18-1.jpg


 



Source – Nyi Min Khine
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

ညီဖြစ်သူ ပျောက်ဆုံးနေတဲ့အတွက် ပရိသတ်တွေကို အကူအညီတောင်းလိုက်တဲ့ ညီမင်းခိုင်

ညီဖြစ်သူ ရှစ်တန်းကျောင်းသား ပျောက်ဆုံးနေတဲ့ အတွက် လူမှုကွန်ရက်ပေါ်ကနေ ညီမင်းခိုင်တစ်ယောက် အခုလို အကူအညီတောင်းထားပါတယ်။

“ကျေးဇူးပြု၍ Share ပေးကြပါဗျာ…ရှစ်တန်းကျောင်းသား ကျွန်တော့်ရဲ့ညီ မောင်မင်းသိန်းဇံ အသက်(၁၃)နှစ်သည်…ယနေ့ ညနေသုံးနာရီခွဲမရမ်းကုန်းမြို့နယ် အ.လ.က(၈)မှကျောင်းဆင်းပြီး ကျူရှင်ဆက်တက်ခဲ့ပါတယ်…ရှူရှင်ကျောင်းဆင်းပြီးကတည်းအခုထိအိမ်ပြန်မရောက်သေးလို့ပါ ကျောင်းစိမ်းဝတ်စုံနဲ့ပဲရှိနေပါဦးမယ်…ရန်ကုန်မှာလည်လည်ဝေဝေလည်းသိပ်မရှိသလို ဘယ်နေရာမှလည်း သူ့တစ်ယောက်တည်းသွားလာတတ်သူမဟုတ်ပါဘူး..”

” သူကကျောင်းဆင်းရင်အမြဲတမ်းအိမ်ပဲတန်းပြီးပြန်လာနေကျပါ…ရှာတာလည်းနေရာစုံနေပါပြီ…သူသွားလာတတ်တဲ့နေရာအားလုံးကိုရှာဖွေပြီးနေပါပြီ…စခန်းမှာလည်းလူပျောက်စာရင်းတိုင်တန်းထားပါတယ်…အားလုံးကူညီဆောင်မပေးကြပါဗျာ…(မိသားစုတွေအားလုံးစိတ်ပူပင်နေကြရပါတယ်)…#NMK(သူ့အဖေနဲ့ကျွန်တော့်အဖေကညီအစ်ကိုအရင်းအချာကြီးပါ)(သူ့ကိုတွေ့ရင် ခေါ်ထားပေးကြဖို့ အားလုံးကိုမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ…ဒီဖုန်းနံပါတ်တွေကို ဆက်သွယ်ပေးကြပါဗျာ…09421715843, 09250453233) လို့ ရေးသားထားတာကို တွေ့ရပါတယ်

Source – Nyi Min Khine
Nay Madhuri

scroll to top