
001-18.jpg





Nay Madhuri @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

တောင်ငူဖြစ်ရပ် နဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်ခဲ့သူတွေကို စကားဆိုလိုက်တဲ့ ဆရာမင်းသိမ်းခိုင်

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ တောင်ငူနှစ်လောင်းပြိုင်လူသတ်မှုဖြစ်စဉ်ဟာ လူမှုကွန်ရက်အသုံးပြုသူတွေကို စိတ်မချမ်းသာဖြစ်စေခဲ့ပါတယ်။ ဒါတွေတင်မကသေးပါဘူး ဒီဖြစ်ရပ်ကို အခြေတည်ပြီး အမျိုးမျိုးသောသင်ခန်းစာတွေ ၊ သုံးသပ်ချက်တွေ ၊ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

မြန်မာနိုင်ငံရဲ့ ဗေဒင်ပညာရှင်အကျော်အမော်တစ်ယောက်ဖြစ်တဲ့ ဆရာမင်းသိမ်းခိုင်ကတော့ အဆိုပါကိစ္စ နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို လူမှုကွန်ရက်ကနေ သုံးသပ်ပြောဆိုထားပါတယ်။ ဆရာမင်းသိမ်းခိုင်က “အသတ်ခံရတဲ့ လင်မယားကလည်း ဘယ်သေချင်ပါ့မလဲ … ။ သေမယ်မှန်း သိရင် ဘယ်သွားမလဲ… ။ ( သိန်းတစ်သောင်းရမယ့်ကိစ္စဆိုရင်တောင် သေမယ်မှန်းသိရင်ဘယ်သွားမလဲ… )သတ်တဲ့သူကလည်း ဘယ်သတ်ချင်ပါ့မလဲ … ။ ( သတ်တဲ့သူကိုမေးကြည့်ပါ …. ။ ဒီရန်ပွဲကို အစကနေပြန်စလို့်ရမယ်ဆိုရင် သေအောင်သတ်ဦးမလား … )လင်မယားနှစ်ယောက်နေရာမှာ ကျနော်တို့ဆိုရင်လည်း အသတ်ခံရမှာပဲ… ။ သတ်တဲ့သူနေရာမှာ ကျနော်တို့ဆိုရင်လည်း သတ်မိချင် သတ်မိမှာပါပဲ… ။ ဘာကြောင့်လဲဆိုတော့… ကျနော်တို့ဟာ လူသားတွေဖြစ်နေလို့ပါ… ။ တစ်ခါတလေ ဘဝပေးအခြေအနေတွေက ကျနော်တို့ကို ငြင်းဆန်ခွင့်မရှိဘူး… ။ မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)” လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ဆရာမင်းသိမ်းခိုင်ရဲ့ အမြင် နဲ့ ပတ်သက်ပြီးမှတ်ချက်ကနေတစ်ခုခုပြောပြခဲ့ကြပါနော်။

Source – မင်းသိမ်းခိုင်
Nay Madhuri @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top