
collage-22-2.jpg

 


 


.

 


 

R+1 Crystal Anniversary Part 1

Posted by Wunna Khwar Nee on Wednesday, November 14, 2018

 

Source – Wanna Khwar Nee
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်ထောင်သက် (၁၅) နှစ်ပြည့်တဲ့အထိ မင်္ဂလာမဆောင်ဖြစ်ခဲ့တဲ့ အကြောင်းရင်ဖွင့်လာတဲ့ Rဇာနည် နဲ့ ဝမ်း

အဆိုတော် R ဇာနည် နဲ့ ဝမ်းတို့ ရဲ့ မင်္ဂလာရက်မြတ်ဟာ ၁၅ နှစ်တောင်တိုင်ခခဲ့ပါပြီ ။ အောင်မြင်တဲ့ အနုပညာရှင် ဇနီးမောင်နှံဖြစ်တဲ့အပြင် ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ရှိတဲ့ ပျော်ရွင်စရာ မိသားစုဘဝလေးကို ထူထောင်ထားနိုင်ခဲ့လို့လည်း ပရိသတ်တွေ စံပြုထားရတဲ့ အိမ်ထောင်တစ်ခုပါ ။ဒါပေမယ့် ပရိသတ်တွေမသိသေးတဲ့ အကြောင်းတရားတစ်ခုကို သူတို့ ဇနီးမောင်နှံ က ပြောပြလိုက်ပါတယ်။ R ဇာနည် နဲ့ ဝမ်း တို့ ဟာ ခိုးပြေးခဲ့ကြတာဖြစ်လို့ မိဘတွေအသိအမှတ်မပြုတာကြောင့် မင်္ဂလာမဆောင်ခဲ့ရဘဲ လက်မှတ်ထိုးတဲ့ လောက်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ .

R ကြီးတစ်ယောက် အနုပညာအလုပ်တွေကိုကြိုးစားရင်း ဇနီးဖြစ်သူ ကို တင့်တောင့်တင့်တယ် မင်္ဂလာပြန်ဆောင်ပေးမယ်ဆိုတဲ့ စိတ်ကူး ဟာ တစ်စတစ်စ နဲ့ မင်္ဂလာသက်တမ်း (၁၅)နှစ်ပြည့်မှ အခုလို ထည်ထည်ဝါဝါ ရှိလှတဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကို တခြားသူတွေ အားကျလောက်တဲ့အထိ ပြန်လည်ပြုလုပ်ပေးခဲ့တာပါ ။

Rကြီး နဲ့ ဝမ်းတို့ရဲ့ အပြန်အလှန် ထားရှိကြတဲ့ မေတ္တာစကားတွေကို ဒါရိုက်တာ ဝဏ္ဏခွာနီး ရိုက်ကူးပေးထားတဲ့ ဗီဒီယိုလေးထဲမှာ မြင်တွေ့ရမှာပါ

Source – Wanna Khwar Nee
Nay Madhuri

scroll to top