
collage-23-1.jpg




Source – Pyay Ti Oo
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

ကျိုက်ထီးရိုးတောင်တော်ပေါ်မှာ ဒါနမျိုးစေ့စိုက်ခဲ့တဲ့ ပြေတီဦး

အားလုံးက တီတီ လို့ ခေါ်ကြတဲ့ ပြည်သူ့ အချစ်တော် ပြေတီဦးတစ်ယောက် ခရီးသွားဟန်လွဲကုသိုလ် တစ်ခု ကို ပြုလုပ်လိုက်ပါတယ်။ ဒီအကြောင်းအရာကို ပြေတီဦးရဲ့ လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ပြန်လည်မျှဝေထားတာပါ ။

“နှစ်စဉ်ရိုးရာမပျက် တစ်နှစ်တစ်ခေါက် ကျိုက်ထီးရိုး တောင်တော်ပေါ်ရောက်ရှိခဲ့ပါတယ်…ကျိုက်ထီးရိုးတောင်တော်ပေါ်ရှိ လုံခြုံရေးဝန်ထမ်းမိသားစုများ…သန့်ရှင်းရေးဝန်ထမ်းမိသားစုများ…အထမ်းသမားမိသားစုများ ကိုလည်း ရိုးရာမပျက်လှူဒါန်းပြီး မုန့်လက်ဆောင်းစတုဒီသာများလည်း တိုက်ကျွေးဖြစ်ခဲ့ပါတယ်ခင်ဗျာ…” လို့ ရေးသားထားတာကိုတွေ့ရပါတယ်။

ပြည်သူတွေချစ်တဲ့ မင်းသားတစ်ယောက်ဖြစ်တာမို့ ဘ၀၀မ်းရေး မအေးရတဲ့ ပရိသတ်တွေအတွက် တတ်အားသမျှ ကုသိုလ်ပြုတတ်တဲ့ ပြေတီဦးရဲ့ စိတ်ထားဟာလေးစားစရာပါ ။

Source – Pyay Ti Oo
Nay Madhuri

scroll to top