
collage-25-1.jpg



Nay Madhuri

 

နေဝင်ရီတရောမှာ ကောင်မလေးကို လည်ပင်း ဓါးနဲ့ထောက်ပြီး အဖြေတောင်းခဲ့တဲ့ ချစ်ဓါးပြ

၁၄-၁၁-၂၀၁၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ အချိန် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်၊ ၆၉ လမ်း၊ ၄၃xသိပ္ပံလမ်းကြားတွင် လှိုင်မင်းအောင် ၂၀ နှစ်၊ အိုးဘိုရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူမှ မxxxx အား လူငယ်သဘာဝချစ်ခွင့်ပန်ရာ ပြန်လည်ချစ်ကြိုက်ခြင်း မရှိသဖြင့် ဓားကိုင်ကာလည်ပင်းအားထောက်ပြီး အဖြေတောင်းနေစဉ် မဟာအောင်မြေ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်တွေ့ရှိဖမ်းဆီးနိုင်ခဲ့ပါတယ် ။

သက်သေခံပစ္စည်းဖြစ်တဲ့ ဓားဦးချွန် ၁ ချောင်း အား သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး မဟာအောင်မြေမြို့မရဲစခန်း (ပ)၈၇၆/၂၀၁၈ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း (ပ)၈၇၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၆၆/၃၂၄ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားရှိ ကြောင်း သတင်းရရှိပါတယ်။

အမျိုးသမီးတွေလည်း ချစ်ဓါးပြ တိုက်တဲ့ ရန်က ကင်းဝေးအောင် ဂရုတစိုက် နေထိုင်ကြဖို့လည်း အကြံပြုပါရစေ ။
Source – Mandalay Police
Nay Madhuri

scroll to top