
collage-29-1.jpg




Source – Myo Minn Soe
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

သိန်း၁၅၀၀တန်ပလက်တီနမ်စိန်ထိုင်မသိမ်း ကို ဝတ်ဆင်ခွင့်ရမယ့် ကျောက်ပန်းတောင်းမြို့က သတို့သမီး

မင်္ဂလာဆောင်ရာသီကို ရောက်ရှိနေပြီဖြစ်တာကြောင့် သူ့ထက်ငါ အပြိုင်အဆိုင် အလှသွေးကြွယ်ချင်ကြတာ မဆန်းပါဘူးနော်။ စိတ်ကူးအိပ်မက်ထဲက သတို့ သမီး အဖြစ် အလှဆုံး ပြင်ဆင်ဖို့ ရွှေငွေ အဖိုးတန် ကျောက်သံပတ္တမြားတွေ နဲ့ လာလည်းစီခြယ်ထားတဲ့ ဝတ်စုံတွေကို လည်း ဖန်တီးလာကြပါတယ်။

ဒီလို အဖိုးတန် ဝတ်စုံတွေ ထဲက သိန်း၁၅၀၀(တစ်ထောင့်ငါးရာ)တန်ပလက်တီနမ်စိန်ထိုင်မသိမ်းလေးဖန်တီးနေတာမကြာခင်မြင်ရပါတော့မယ် လို့ သိရပါတယ်။ နိုင်ငံကျော် ဒီဇိုင်နာ မျိုးမင်းစိုးရဲ့ ဖော်ပြချက်အရ ကျောက်ပန်းတောင်းမြို့ရွှေဂုဏ်ရည်စိန်ရွှေရတနာဆိုင်မှမင်္ဂလာသတို့သမီးလေးရဲ့မင်္ဂလာပွဲအတွက်ပလက်တီနမ်ကြိုးများစိန်များပုလဲများစွာနဲ့ဖန်တီးချုပ်လုပ်နေပါတယ်တဲ့ ။

ဒီဇိုင်နာမျိုးမင်းစိုးကတော့ ယုံကြည်စွာ စိတ်ကြိုက်ဖန်တီးခွင့်ပေးလို့လည်းကျေးဇူးပါ။ မကြာခင်အရမ်းလှတဲ့ဝတ်စုံလေးပြီးတော့မှာပါ။ ရတနာများနဲ့ဝတ်စုံချုပ်ဖို့အကျိုးပေးတယ်လို့ဆိုရမဲ့ကျန်တော်ရယ်ပါ ဆိုပြီး လူမှုကွန်ရက်မှာရေးသားဖောဖိပြထားပါတယ်။ ကဲ ကျောက်ပန်းတောင်း က ကံထူးတဲ့သတို့သမီးလေး ဆင်မြန်းမယ့် ရတနာတွေကို လည်း ပရိသတ်ကြီးသိဖို့မျှဝေပေးလိုက်တယ်နော်။

Source – Myo Minn Soe
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top