002-4.jpg
Source – Martin Swe
ယူနီကုဒ်ဖြင့်ဖတ်ရန်
အမေစုသက်တော်စောင့် မချယ်ရီကိုယ်တိုင် ရေးသားလိုက်တဲ့ သူ့ရဲ့ ကျန်းမာရေးအခြေအနေ
ဆယ်လီကမ္ဘာပရိသတ်ကြီးရေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်လို့ လူသိများတဲ့ မချယ်ရီထက်ဟာ ဒီနေ့ စစ်ကိုင်းတိုင်းခရီးစဉ် မုံရွာလမ်းကြောင်းမှာ ကားဘေးနားက တွယ်လိုက်ရင်း ခုန်အဆင်း လဲကျသွားခဲ့တဲ့ ဗီဒီယိုဖိုင် တစ်ခု ကို DVB သတင်းဌာန က ထုတ်လွှင့်ခဲ့ပါတယ်။ သံမဏိလိပ်ပြာလို့တင်စားကြတဲ့ အမေစု ရဲ့ ကိုယ်ရံတော် မချယ်ရီထက်ရဲ့ အလုပ်ကြိုးစားမှုတွေ ၊ထက်မြက်တဲ့ စွမ်းရည်တွေ ။ အနစ်နာခံမှုတွေ ကြောင့် မြန်မာနိုင်ငံသားတွေရဲ့အချစ်တော် တစ်ယောက်ဖြစ်လို့နေတာပါ ။ မနေ့ကထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်ကြောင့် အွန်လိုင်းအသုံးပြုသူတွေ၊ လူမှုကွန်ရက်အသုံးပြုသူတွေက မချယ်ရီထက်အတွက် စိုးရိမ်ပူပန်မှုတွေဖြစ်ခဲ့ရပါတယ်
အဆိုပါကိစ္စရပ်နဲ့ ပတ်သက်ပြီး မချယ်ရီထက်က စိတ်ပူပေးခဲ့ကြသူတွေကို လူမှုကွန်ရက် စာမျက်နှာကနေ ကျန်းမာရေးအခြေအနေအသေးစိတ် ကို ရေးသားဖော်ပြလိုက် တာကိုတွေ့ရပါတယ်။ မချယ်ရီထက်က “မိတ်ဆွေ အပေါင်းသင်း သူငယ်ချင်းများ ချစ်သူခင်သူများ ဆွေမျိုးမိဘများ ကျန်းမာကောင်းမွန်စွာဖြင့်ရှိနေပါကြောင်း အကြောင်းကြားအပ်ပါသည် ဘာမှမဖြစ်သွားပါဘူး စိုးရိမ်ပြီးမေးမြန်းကြတဲ့ ချစ်ခင်သူအားလုံးကျေးဇူးတင်ပါတယ်
love you all”လို့ ရေးသားထားတာကိုတွေ့ရပါတယ် ။ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း မချယ်ရီထက် အတွက် ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။
Source – Martin Swe
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
scroll to top