အမႈိက္ေကာက္တယ္ဆိုတာက နာမည္ႀကီးခ်င္လို႔မဟုတ္ဘူးဆိုတဲ့ ဇြဲျပည့္နဲ႔ဖိုးျပည့္

2-7.png

ခန႔္ညားတဲ့ ႐ုပ္ရည္နဲ႔ သီခ်င္းဆိုလဲ ေကာင္းသူမို႔ ႏႈတ္ခမ္းနီမေလးေတြ သည္းသည္းလႈပ္အားေပးတာခံရတဲ့ အဆိုေတာ္ျဖစ္တဲ့ ဇြဲျပည္႕နဲ႔ ပတၱျမား FM က အစီစဥ္တင္ဆက္သူ ဖိုးျပည္႕တို႕နွစ္ေယာက္ကေတာ့ Clean Together Challenge အတြက္ ရန္ကုန္ျမိဳ႕မွာ အမိႈက္ေတြ လိုက္ေကာက္ျပီး ပတ္၀န္းက်င္သန္႕ရွင္းဖို႕ ၾကိဳးစားေနၾကပါတယ္ ။ ဇြဲျပည္႕က မႏၱေလးျပန္မယ့္ ဦးေလးကို လုိက္ပို႕ရင္းနဲ႔ အမိႈက္ေတြ ပံုေနတာေတြ႕တာနဲ႕ တစ္ရက္ေလာက္အားရင္ အမိႈက္ေတြလာေကာက္ ဦးမယ္ဆိုတဲ့ စိတ္နဲ႕လာေကာက္ျဖစ္တာလို႕ေျပာျပခဲ့ပါတယ္ ။

 

ဖိုးျပည္႕ကေတာ့ ဇြဲျပည္႕ရဲ႕အကူညီေတာင္းမႈေၾကာင့္ ေရာက္လာခဲ့တာျဖစ္ျပီး ဘူတာၾကီးမွာ သက္ဆိုင္ရာ ရဲစခန္းနဲ႔ တာ၀န္ရွိတဲ့သူေတြ ကို ခြင့္ေတာင္းျပီး ေသခ်ာရွင္းလင္းခဲ့ၾကတာ ျဖစ္ပါတယ္ ။ သက္ဆိုင္ရာက ေက်းဇူးတင္ စကား လာေျပာျပီး သူတို႕လုပ္တဲ့အလုပ္ကို အသိမွတ္ျပဳေပး တဲ့အျပင္ ခြင့္ျပဳေပး လို႕ေက်းဇူးလည္းတင္ပါတယ္ လို႕ ဇြဲျပည္႕ကေျပာျပခဲ့ပါတယ္ ။ ဖိုးျပည္႕ကလည္း ပရိသတ္ေတြကို ဒီလို Challenge မ်ိဳးနဲ႕အမိႈက္မရွင္းနိုင္ရင္ေတာင္ မိမိအိမ္ပတ္၀န္းက်င္ မိမိရဲ႕ရပ္ကြက္ကို သန္႔ရွင္းေအာင္ ထားရင္ေတာ့ ပိုျပီးေပ်ာ္စရာေကာင္းမယ္ ထင္ပါတယ္လုိ႔ သူ႕ရဲ႕အျမင္ကို ေျပာျပခဲ့ပါတယ္ ။

ကိုဇြဲျပည္႕တို႕လို အႏုပညာရွင္ေတြက နမူနာ စံျပလုပ္ျပတဲ့အခါက်ေတာ့ အႏုပညာရွင္ေတြရဲ႕ ပရိသတ္ေတြေရာ တျခားတျခားေသာသူေတြေရာ ပိုျပီးလုပ္ခ်င္စိတ္ေပၚလာေတာ့ ဒီအလုပ္ေလးကေကာင္းပါတယ္လို႕ ဖိုးျပည္႕က ဆိုပါတယ္ ။ ရန္ကုန္ျမိဳ႕လည္ေခါင္မွာ ေရြးျပီး သန္႕ရွင္းလုပ္ရတဲ့ရည္ရြယ္ခ်က္ ကေတာ့ ရန္ကုန္ဘူတာၾကီးမွာ တစ္ေန႕ကို လူသိန္းေပါငး္မ်ားစြာသြားလာေနတဲ့ ေနရာၾကီးမွာ ဒီလို အက်ည္းတန္တယ္ ျမင္မေကာငး္ဘူးဆိုျပီး ရွင္းခ်င္စိတ္ေပါက္ လာလို႕ လာရွင္းျဖစ္တာပါ လုိ႕လည္း သိရပါတယ္ ။ နာမည္ၾကီးခ်င္လုိ႕ လုပ္တာမ ဟုတ္ သလို အျမင္မေတာ္လုိ႕ လာကူေပးတာပါလုိ႕လည္း ဇြဲျပည္႕ကေျပာျပ ခဲ့ပါတယ္ ။ CeleGabar ပရိသတ္ၾကီးလည္း မိမိရပ္ရြာသန္႕ရွင္းသာယာေစဖို႕ Clean Together Challenge ေလးကို လုိက္လုပ္ၾကဖို႕တိုက္တြန္းလိုက္ပါရေစေနာ္ ။

Source : Popular

Photo Source : Irrawaddy

Molly @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

အမှိုက်ကောက်တယ်ဆိုတာက နာမည်ကြီးချင်လို့မဟုတ်ဘူးဆိုတဲ့ ဇွဲပြည့်နဲ့ဖိုးပြည့်

ခန့်ညားတဲ့ ရုပ်ရည်နဲ့ သီချင်းဆိုလဲ ကောင်းသူမို့ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးတာခံရတဲ့ အဆိုတော်ဖြစ်တဲ့ ဇွဲပြည့်နဲ့ ပတ္တမြား FM က အစီစဉ်တင်ဆက်သူ ဖိုးပြည့်တို့နှစ်ယောက်ကတော့ Clean Together Challenge အတွက် ရန်ကုန်မြို့မှာ အမှိုက်တွေ လိုက်ကောက်ပြီး ပတ်ဝန်းကျင်သန့်ရှင်းဖို့ ကြိုးစားနေကြပါတယ် ။ ဇွဲပြည့်က မန္တလေးပြန်မယ့် ဦးလေးကို လိုက်ပို့ရင်းနဲ့ အမှိုက်တွေ ပုံနေတာတွေ့တာနဲ့ တစ်ရက်လောက်အားရင် အမှိုက်တွေလာကောက် ဦးမယ်ဆိုတဲ့ စိတ်နဲ့လာကောက်ဖြစ်တာလို့ပြောပြခဲ့ပါတယ် ။

ဖိုးပြည့်ကတော့ ဇွဲပြည့်ရဲ့အကူညီတောင်းမှုကြောင့် ရောက်လာခဲ့တာဖြစ်ပြီး ဘူတာကြီးမှာ သက်ဆိုင်ရာ ရဲစခန်းနဲ့ တာဝန်ရှိတဲ့သူတွေ ကို ခွင့်တောင်းပြီး သေချာရှင်းလင်းခဲ့ကြတာ ဖြစ်ပါတယ် ။ သက်ဆိုင်ရာက ကျေးဇူးတင် စကား လာပြောပြီး သူတို့လုပ်တဲ့အလုပ်ကို အသိမှတ်ပြုပေး တဲ့အပြင် ခွင့်ပြုပေး လို့ကျေးဇူးလည်းတင်ပါတယ် လို့ ဇွဲပြည့်ကပြောပြခဲ့ပါတယ် ။ ဖိုးပြည့်ကလည်း ပရိသတ်တွေကို ဒီလို Challenge မျိုးနဲ့အမှိုက်မရှင်းနိုင်ရင်တောင် မိမိအိမ်ပတ်ဝန်းကျင် မိမိရဲ့ရပ်ကွက်ကို သန့်ရှင်းအောင် ထားရင်တော့ ပိုပြီးပျော်စရာကောင်းမယ် ထင်ပါတယ်လို့ သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ် ။

ကိုဇွဲပြည့်တို့လို အနုပညာရှင်တွေက နမူနာ စံပြလုပ်ပြတဲ့အခါကျတော့ အနုပညာရှင်တွေရဲ့ ပရိသတ်တွေရော တခြားတခြားသောသူတွေရော ပိုပြီးလုပ်ချင်စိတ်ပေါ်လာတော့ ဒီအလုပ်လေးကကောင်းပါတယ်လို့ ဖိုးပြည့်က ဆိုပါတယ် ။ ရန်ကုန်မြို့လည်ခေါင်မှာ ရွေးပြီး သန့်ရှင်းလုပ်ရတဲ့ရည်ရွယ်ချက် ကတော့ ရန်ကုန်ဘူတာကြီးမှာ တစ်နေ့ကို လူသိန်းပေါင်းများစွာသွားလာနေတဲ့ နေရာကြီးမှာ ဒီလို အကျည်းတန်တယ် မြင်မကောင်းဘူးဆိုပြီး ရှင်းချင်စိတ်ပေါက် လာလို့ လာရှင်းဖြစ်တာပါ လို့လည်း သိရပါတယ် ။ နာမည်ကြီးချင်လို့ လုပ်တာမ ဟုတ် သလို အမြင်မတော်လို့ လာကူပေးတာပါလို့လည်း ဇွဲပြည့်ကပြောပြ ခဲ့ပါတယ် ။ CeleGabar ပရိသတ်ကြီးလည်း မိမိရပ်ရွာသန့်ရှင်းသာယာစေဖို့ Clean Together Challenge လေးကို လိုက်လုပ်ကြဖို့တိုက်တွန်းလိုက်ပါရစေနော် ။

Source : Popular
Molly @CeleGabar
Photo Source : Irrawaddy

scroll to top