အေျခခံလူတန္းစားေတြရဲ႕ အျပံဳးေတြ နဲ႔ တန္ဆာဆင္ေပးခဲ့တဲ့ ခိုင္ႏွင္းေဝရဲ႕ ေမြးေန႕မဂၤလာအလွဴ

005-6.jpg

ဆယ္လီကမၻာ ပရိသတ္ၾကီးေရ ႐ုပ္ရွင္သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝကေတာ့အလွဴေရစက္လက္ နဲ႔ မကြာဆိုသလို အၿမဲတမ္းတတ္ႏိုင္သေလာက္ကို လွဴဒါန္းေနတတ္တဲ့စိတ္ထားရွိသူ၊စိတ္ထားမြန္ျမတ္တဲ့ မင္းသမီးေခ်ာေလးတစ္ေယာက္ အျဖစ္ ပရိသတ္ေတြက အသိအမွတ္ျပဳထားျခင္း ခံရသူတစ္ေယာက္ပါ ။အႏုပညာအလုပ္မွာလည္း ပါရမီပါသူတစ္ေယာက္မို႔ သူမရဲ႕ ဇာတ္ကားမ်ားကလည္း ပရိသတ္ရဲ႕ အားေပးမႈ႕ကို ရရွိခဲ့ပါတယ္။ ဒီကေန႕ဟာ ပရဟိတမင္းသမီးေခ်ာ ခိုင္ႏွင္းေဝရဲ႕ ေမြးေန႕ ရက္ျမတ္ မဂၤလာျဖစ္ပါတယ္။ ေမြးေန႔မွာ ခိုင္ႏွင္းေဝတစ္ေယာက္ တကယ့္အလိုအပ္ဆံုးျဖစ္ေနတဲ့ သူေတြအတြက္ လွဴဒါန္းမႈေတြျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္

ခိုင္ႏွင္းေဝရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ “ယေန႔အတြက္ တတိယအႀကိမ္ေျမာက္ ေမြးေန႔အလွဴအျဖစ္
မိသားစုတြက္ ႐ုန္းကန္ေနၾကရတဲ့ လက္လုပ္လက္စား မသန္စြမ္းမ်ားကို ေျခေထာက္အတုမ်ား တပ္ဆင္လႉဒါန္းေပးၿပီး လွဴဒါန္းခဲ့ပါတယ္ရွင္၊ကားတိုက္ခံရ ရထားႀကိတ္ခံရ မိုင္းနင္းၿပီး ေျခေထာက္ျပတ္သြားတဲ့ မသန္စြမ္းေတြ လူေကာင္းတေယာက္လို သြားလာလႈပ္ရွားႏိုင္ရန္ ရည္႐ြယ္ၿပီး ေျခေထာက္အတုမ်ားလွဴဒါန္းေပးခဲ့ျခင္းျဖစ္ပါတယ္ကြၽန္မတို႔ လွဴဒါန္းရာတြင္ ေျခေထာက္ ႏွစ္ေခ်ာင္းျပတ္ လူနာအား လႉဒါန္းရန္ ဆက္သြယ္ခဲ့ေသာ္လည္း ခရီးလြန္ၿပီး အဆက္သြယ္မရသျဖင့္ ေျခေထာက္တေခ်ာင္းျပတ္မသန္စြမ္းမ်ားကိုသာ ဒီေန႔လွဴဒါန္းျဖစ္ခဲ့ပါတယ္၊ထို႔အျပင္ ေဈးဗန္းေခါင္း႐ြက္အသည္မ်ားအား အရိပ္ရေစရန္ ထီးႏွင့္ အေမာေျပ အေအးမ်ား လည္း ေဈးထဲသို႔လိုက္လံလွဴဒါန္းခဲ့ပါတယ္ရွင္။ကြၽန္မ ေမြးေန႔အလွဴသည္ ခုႏွစ္ရက္သားသမီးမ်ား အားလုံး၏အလွဴျဖစ္သျဖင့္ ဝမ္းေျမာက္စြာ သာဓုေခၚဆိုႏိုင္ရန္ ရည္႐ြယ္၍ အလွဳပုံရိပ္မ်ား Post တင္ေပးလိုက္ရပါတယ္ရွင္။ဆိုျပီးေရးသားထားတာကိုေတြ႕ရပါတယ္။ ဆယ္လီကမၻာပရိသတ္ၾကီးေရ တကယ္အကူအညီလိုသူေတြကို ျပံဳးေပ်ာ္ေစခဲ့တဲ့ ခိုင္ႏွင္းေဝ အတြက္ မွတ္ခ်က္ကေန ေမြးေန႕ဆုမြန္ေကာင္းေတာင္းေပးခဲ့ၾကပါဦးေနာ္။

Source – Khine Hnin Wai
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

အခြေခံလူတန်းစားတွေရဲ့ အပြုံးတွေ နဲ့ တန်ဆာဆင်ပေးခဲ့တဲ့ ခိုင်နှင်းဝေရဲ့ မွေးနေ့မင်္ဂလာအလှူ

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေကတော့အလှူရေစက်လက် နဲ့ မကွာဆိုသလို အမြဲတမ်းတတ်နိုင်သလောက်ကို လှူဒါန်းနေတတ်တဲ့စိတ်ထားရှိသူ၊စိတ်ထားမွန်မြတ်တဲ့ မင်းသမီးချောလေးတစ်ယောက် အဖြစ် ပရိသတ်တွေက အသိအမှတ်ပြုထားခြင်း ခံရသူတစ်ယောက်ပါ ။အနုပညာအလုပ်မှာလည်း ပါရမီပါသူတစ်ယောက်မို့ သူမရဲ့ ဇာတ်ကားများကလည်း ပရိသတ်ရဲ့ အားပေးမှု့ကို ရရှိခဲ့ပါတယ်။ ဒီကနေ့ဟာ ပရဟိတမင်းသမီးချော ခိုင်နှင်းဝေရဲ့ မွေးနေ့ ရက်မြတ် မင်္ဂလာဖြစ်ပါတယ်။ မွေးနေ့မှာ ခိုင်နှင်းဝေတစ်ယောက် တကယ့်အလိုအပ်ဆုံးဖြစ်နေတဲ့ သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်

ခိုင်နှင်းဝေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ယနေ့အတွက် တတိယအကြိမ်မြောက် မွေးနေ့အလှူအဖြစ်
မိသားစုတွက် ရုန်းကန်နေကြရတဲ့ လက်လုပ်လက်စား မသန်စွမ်းများကို ခြေထောက်အတုများ တပ်ဆင်လှူဒါန်းပေးပြီး လှူဒါန်းခဲ့ပါတယ်ရှင်၊ကားတိုက်ခံရ ရထားကြိတ်ခံရ မိုင်းနင်းပြီး ခြေထောက်ပြတ်သွားတဲ့ မသန်စွမ်းတွေ လူကောင်းတယောက်လို သွားလာလှုပ်ရှားနိုင်ရန် ရည်ရွယ်ပြီး ခြေထောက်အတုများလှူဒါန်းပေးခဲ့ခြင်းဖြစ်ပါတယ်ကျွန်မတို့ လှူဒါန်းရာတွင် ခြေထောက် နှစ်ချောင်းပြတ် လူနာအား လှူဒါန်းရန် ဆက်သွယ်ခဲ့သော်လည်း ခရီးလွန်ပြီး အဆက်သွယ်မရသဖြင့် ခြေထောက်တချောင်းပြတ်မသန်စွမ်းများကိုသာ ဒီနေ့လှူဒါန်းဖြစ်ခဲ့ပါတယ်၊ထို့အပြင် ဈေးဗန်းခေါင်းရွက်အသည်များအား အရိပ်ရစေရန် ထီးနှင့် အမောပြေ အအေးများ လည်း ဈေးထဲသို့လိုက်လံလှူဒါန်းခဲ့ပါတယ်ရှင်။ကျွန်မ မွေးနေ့အလှူသည် ခုနှစ်ရက်သားသမီးများ အားလုံး၏အလှူဖြစ်သဖြင့် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ရန် ရည်ရွယ်၍ အလှုပုံရိပ်များ Post တင်ပေးလိုက်ရပါတယ်ရှင်။ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ တကယ်အကူအညီလိုသူတွေကို ပြုံးပျော်စေခဲ့တဲ့ ခိုင်နှင်းဝေ အတွက် မှတ်ချက်ကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။

Source – Khine Hnin Wai
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top