လူမှုကွန်ယက် က ပရိသတ်တွေကျေးဇူးကြောင့် ညီငယ်လေးကို ပြန်လည်တွေ့ရှိသွားတဲ့ ညီမင်းခိုင်

collage-43.jpg

ပရိသတ်တွေကြောင့် ညီငယ်လေးကို ပြန်လည်တွေ့ရှိသွားပြီ လို့ ညီမင်းခိုင်ကရေးသားထားပါတယ် ။ ဖြစ်ပုံက ဒီလိုပါ ညီမင်းခိုင်ရဲ့ ညီလေး ဟာ ကျောင်းကဆင်းပြီးအိမ်ပြန်လာတဲ့အချိန်မှာ သူ့ကိုပေးထားတဲ့အိမ်သော့ကျပျောက်ကျန်ခဲ့လို့ ကလေးစိတ်နဲ့ပဲ သူ့ရဲ့အုပ်ထိန်းသူ သူ့ရဲ့အစ်မဆီမှာအဆူခံရမှာကြောက်လို့ အိမ်ကထွက်ပြေးသွားတာပါ…ကျောင်းလွယ်အိတ်တစ်လုံးနဲ့ကျောင်းစိမ်းဝတ်စုံနဲ့အတိုင်းထွက်သွားခဲ့တာပါ

 


ကျောင်းက နေ အောင်မင်္ဂလာ အထိ ခြေကျင်လျှောက်ခဲ့ပြီး အောင်မင်္ဂလာဝန်းထဲ့ လက်ဖက်ရည် ဆိုင်မှာ မိုးလင်းခဲ့ပါတယ်။ မနက်မိုးလင်းတော့ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်က ဆွမ်းခံကြွလာတဲ့ဘုန်းကြီးတစ်ပါးကိုလျှောက်ပြီး သူ့ကိုခေါ်သွားပေးဖို့ပြောပြီးဘုန်းကြီးဝတ်ချင်တယ်လို့တဆက်တည်းပြောပါတယ်တဲ့…၎င်းဘုန်းကြီးမှာလူပျောက်ကြော်ငြာထားတဲ့အကြောင်းအရာတွေကိုလည်းဘာမှမသိတော့ သနားပြီးခေါ်ဆောင်သွားခဲ့တာပါတဲ့…အဲလိုနဲ့ပဲ ဘုန်းကြီးကျောင်းရောက်တော့ကျောင်းမှာရှိတဲ့တခြားရဟန်းဦးဇင်းတွေက လူပျောက်သတင်းတင်ထားတာတွေ့ထားကြတော့ ဟိုမေးဒီမေး မေးမြန်းကြည့်ကြတော့ပျောက်နေတဲ့ကောင်လေးသေချာတယ်ဆိုပြီး သူ့ကိုပြုစုစောင့်ရှောက်ထားခဲ့ကြပါတယ်…ပြီးတော့လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အရမ်းကိုရင်းနှီးခဲ့တဲ့ဦးဇင်းတစ်ပါး(ထိုအချိန်က လူ)လည်းအဲကျောင်းမှာရောက်နေခဲ့တော့ပိုပြီး အဆင်ပြေသွားခဲ့ပါတယ်…ထို့နောက် facebook post မှာပါတဲ့ဖုန်းနံပါတ်ကိုပြန်ရှာပြီး မိသားစုဆီကိုဆက်သွယ်လာခဲ့တာပါ.. လို့ ညီမင်းခိုင်ရဲ့ ရေးသားထားချက်အရ သိရပါတယ်

ကလေးငယ်တွေကို ကြောက်လန့်အောင် ဆူပုကြိမ်းမောင်းတာတွေများလာရင် အလားတူ ရင်နာစရာကိစ္စရပ်တွေဖြစ်တတ်တာမို သတိပြုကြစေလိုပါတယ်။

Source – Nyi Min Khine
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top