လမ္းခြဲတာ ေသခ်ာသေလာက္နီးနီးျဖစ္သြားျပီ လို႕ ပရိသတ္ေတြေျပာေနၾကတဲ့ G Fatt နဲ႕ နန္းစုရတီစိုး

collage-45.jpg

မေန႕ က အကြဲအျပဲ သတင္းေတြထြက္ခဲ့တဲ့ G Fatt နဲ႕ နန္းစုရတီစိုးတို႕ေၾကာင့္ ပရိသတ္ေတြစိတ္မေကာင္းျဖစ္ခဲ့ရတာပါ ။ G Fatt ကေတာ့ ဒါဟာ စိတ္ဆိုးလို႕တင္တာသာျဖစ္ေၾကာင္း လူမႈကြန္ရက္ေပၚကေန ျပန္လည္ေျဖရွင္းခဲ့ေပမယ့္ နာရီပိုင္းအတြင္းမွာပဲ စာကို ျပန္ဖ်က္ခဲ့ပါတယ္။

အံ့ၾသစရာေကာင္းတာက နန္းစုရတီစိုးရဲ႕ လူမႈကြန္ရက္ နဲ႕ အင္စတာဂရမ္ ေပၚမွာတင္ထားတဲ့ G Fatt နဲ႕ စံုတြဲရိုက္ထားတဲ့ ဓာတ္ပံုေတြ မေတြ႕ရေတာ့တာပါ ။ ဖ်က္လိုက္တာလား ၊ Only me အျဖစ္ သိမ္းလိုက္တာလားဆိုတာ ကေတာ့ ေ၀ခြဲမရပါဘူး ။ ဒီေန႕ ညေနပိုင္းမွာ နန္းစုတစ္ေယာက္ နင္ရွိတဲ့အရပ္ကို ေက်ာခိုိင္းလိုက္ျပီဆိုျပီး G fatt နဲ႕ တြဲဆိုထားတဲ့ သီခ်င္းစာသား ကို ေျပာင္းျပန္လုပ္ျပီးတင္ခဲ့ပါတယ္။ ခရီးထြက္မယ္ဆိုတဲ့ စာကိုလည္းတင္ထားတာေတြ႕ရေတာ့ အသည္းကြဲတာကို ကုစားဖို႕မ်ားလားလို႕ ပရိသတ္ေတြက ေတြးေတာေနၾကပါတယ္။

ဒီေန႕မွာေတာ့ G fatt တစ္ေယာက္ ဂီတညီအစ္ကို ေန၀င္း ရဲ႕ အေခြကို ၀န္းရံဖို႕ လူမႈကြန္ယက္ေပၚမွာတင္ထားတာကိုသာေတြ႕ရပါတယ္။ ပရိသတ္ေတြကေတာ့ နန္းစု ကို စိတ္ေကာက္ေျပပါေတာ့လို႕ ၾကားထဲကေန ဖ်န္ေျဖေပးေနၾကေပမယ့္ လတ္တေလာမွာ လမ္းခြဲလိုက္ျပီဆိုတဲ့ သတင္းက အတည္ျဖစ္သြားျပီလို႕လည္း ပရိသတ္ေတြက ယူဆေနၾကပါတယ္။

Source – Nansu Yati Soe / G fatt
Nay Madhuri
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

လမ်းခွဲတာ သေချာသလောက်နီးနီးဖြစ်သွားပြီ လို့ ပရိသတ်တွေပြောနေကြတဲ့ G Fatt နဲ့ နန်းစုရတီစိုး

မနေ့ က အကွဲအပြဲ သတင်းတွေထွက်ခဲ့တဲ့ G Fatt နဲ့ နန်းစုရတီစိုးတို့ကြောင့် ပရိသတ်တွေစိတ်မကောင်းဖြစ်ခဲ့ရတာပါ ။ G Fatt ကတော့ ဒါဟာ စိတ်ဆိုးလို့တင်တာသာဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်ကနေ ပြန်လည်ဖြေရှင်းခဲ့ပေမယ့် နာရီပိုင်းအတွင်းမှာပဲ စာကို ပြန်ဖျက်ခဲ့ပါတယ်။

အံ့သြစရာကောင်းတာက နန်းစုရတီစိုးရဲ့ လူမှုကွန်ရက် နဲ့ အင်စတာဂရမ် ပေါ်မှာတင်ထားတဲ့ G Fatt နဲ့ စုံတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ မတွေ့ရတော့တာပါ ။ ဖျက်လိုက်တာလား ၊ Only me အဖြစ် သိမ်းလိုက်တာလားဆိုတာ ကတော့ ဝေခွဲမရပါဘူး ။ ဒီနေ့ ညနေပိုင်းမှာ နန်းစုတစ်ယောက် နင်ရှိတဲ့အရပ်ကို ကျောခိုင်းလိုက်ပြီဆိုပြီး G fatt နဲ့ တွဲဆိုထားတဲ့ သီချင်းစာသား ကို ပြောင်းပြန်လုပ်ပြီးတင်ခဲ့ပါတယ်။ ခရီးထွက်မယ်ဆိုတဲ့ စာကိုလည်းတင်ထားတာတွေ့ရတော့ အသည်းကွဲတာကို ကုစားဖို့များလားလို့ ပရိသတ်တွေက တွေးတောနေကြပါတယ်။

ဒီနေ့မှာတော့ G fatt တစ်ယောက် ဂီတညီအစ်ကို နေဝင်း ရဲ့ အခွေကို ဝန်းရံဖို့ လူမှုကွန်ယက်ပေါ်မှာတင်ထားတာကိုသာတွေ့ရပါတယ်။ ပရိသတ်တွေကတော့ နန်းစု ကို စိတ်ကောက်ပြေပါတော့လို့ ကြားထဲကနေ ဖျန်ဖြေပေးနေကြပေမယ့် လတ်တလောမှာ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းက အတည်ဖြစ်သွားပြီလို့လည်း ပရိသတ်တွေက ယူဆနေကြပါတယ်။

Source – Nansu Yati Soe / G fatt
Nay Madhuri

scroll to top