
collage-52.jpg



 


Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

CARSDB AUTOSHOW -Yangoon 2018 ဖျော်ဖြေရေးကနေ အသက်လုပြေးခဲ့ကြရသူများ

မနေ့ က သုဝဏ္ဏဘူမိကွင်း မှာ ပြုလုပ်တဲ့ ကားပြပွဲ မှာ မိုးတွေလေတွေ ဖျက်တာကြောင့် ကွင်းထဲမှာ ခင်းကျင်းပြသထားတဲ့ ဆိုင်ခန်းတွေ ၊ စက်ပစ္စည်းတွေ ပျက်ဆီးပြီး ကွင်းထဲမှာ ရှိတဲ့ ဆိုင်ရာပြခန်းအသီးသီးက လူတွေ အသက်လုပြေးခဲ့ကြရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ် ။

ကိုယ်တွေ့ ကြုံခဲ့ရတဲ့ အဆိုတော် ၊ အစီအစဉ်တင်ဆက်သူ အားမာန် ရဲ့ ဖော်ပြချက်အရ “ပွဲတင်ဆက်ရင်း မသေတာကံကောင်းအားလုံးဒုက္ခတွေရောက်ကုန်ကြတဲ့ ဘေးဗျာလေပြင်းလေကြမ်းကြောင့် ခုတော့အားလုံးပြေးတာမြန်ကြပေလို့
အသက်ဆုံးရှုံးသူမရှိတာ ဘုရားကယ်လို့ဗျာ” လို့ ရေးသားပြီး ကွင်းထဲကမြင်ကွင်းတွေကို ဗီဒီယိုရိုက်ကူးပြီးလူမှုကွန်ရက်ပေါ်ကနေ မျှဝေခဲ့ပါတယ်။ မော်ဒယ် ကယ်လီ ကလည်း တော်တော်ကြောက်သွားပါပီ သုဝဏ္ဏဘူမိရေ….ကိုယ့်ကိုယ်ကိုအသက်ရှင်သေးပါတယ်ဆိုတဲ့ စိတ်နဲ့ ကျေနပ်နေရတယ် တစ်ခါမှ ဒီလောက်လဲ မကြောက်ဖူးပါဘူး…ထိခိုက်သွားတဲ့ သူတွေ အားလုံးရော ပျက်စီးဆုံးရှုံးမှု အားလုံးအတွက်ရော တကယ် စိတ်မကောင်းပါဘူး ခွေးလိုဝက်လိုပြေးဖူးတာ ဒါပထမဆုံးပါ လို့ဖော်ပြထားပါတယ်

ပျက်စီးဆုံးရှုံးမှု အတိအကျ နဲ့ ထိခိုက်မိတဲ့ သူတွေရဲ့ စာရင်းအတိအကျကိုတော့ CARSDB AUTOSHOW -Yangoon 2018 စီစဉ်သူများဘက်က ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Source – အားမာန် အားမာန်၊ Kelly ၊86 Racing Garagen
Nay Madhuri

 

 

Posted by အားမာန် အားမာန် on Sunday, November 18, 2018

 

Posted by အားမာန် အားမာန် on Sunday, November 18, 2018

 

 

AutoShow2018 by CarsDB was cancelled due to incident

ဒီနေ့ carsdb က ကျင်းပပြုလုပ်တဲ့ autoshow2018 ကို သွားေ၇ာက်လေ့လာခဲ့ရာမှ ကြုံတွေ့ ခဲ့တဲ့ မိုးပြင်း လေပြင်းတိုက်ခတ်မှု နဲ့အတူ ပျက်စီးဆုံဒရှူံးမှုတွေ အများကြီးဖြစ်ပေါ်ခဲ့ရပါတယ် တော်တော်လေးစိတ်မကောင်းဖစ်မိပါတယ် I used some photos uploaded on social media and credit goes to original uploader for some photos

Posted by 86 CarVlog on Sunday, November 18, 2018

scroll to top