
collage-53.jpg

 



Min Thar Ke – ရခိုင်တို့မြေ…လာခဲ့လေ

ကျနော့်ကို ချစ်ခင်အားပေးကြတဲ့ ချစ်ပရိတ်သတ်များ သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမများ အမျိုးများအားလုံးကို မင်္ဂလာပါ-သာလီစွပါ လို့ အရင်ဆုံးနှုတ်ဆက်ပါတယ်…"ရခိုင်တို့မြေ…လာခဲ့လေ" ဆိုတဲ့သီချင်းလေးကို ရခိုင်လူမျိုးတစ်ယောက်အနေနဲ့ အဖရခိုင်ပြည်ကြီးကို ချစ်တဲ့စိတ်ရယ်၊ကျနော်တို့မြန်မာနိုင်ငံမှာ တကယ့်ကိုကြီးကျယ်ခမ်းနားခဲ့ပီး တန်ဖိုးဖြတ်လို့မရနိုင်တဲ့ ဗုဒ္ဓ ယဉ်ကျေးမှု အမွှေအနှစ်တွေဟာ အခုထိထင်ထင်ရှားရှားရှိနေသေးတယ်ဆိုတာကိုအားလုံးကိုသိစေမြင်စေချင်တဲ့စိတ်ဆန္ဒရယ်၊စိမ်းညို့ညို့တောင်တန်းကြီးတွေနဲ့ ၊ညိုပြာပြာဘင်္ဂလားပင်လယ်ပြင်ကြီးရဲ့အလှသဘာဝတွေနဲ့ အနားယူချင်စရာကောင်းလှတဲ့ သဲဖြူဖြူကမ်းခြေအလှတွေမှာလာပြီးအပန်းဖြေအနားယူဖို့အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကို လာလည်စေချင်တဲ့စိတ်စေတနာကိုအရင်းတည်ပြီးတော့ ဒီသီချင်းလေးနဲ့ရခိုင်မြေကိုဖိတ်ခေါ်ပါရစေ။ဒီသီချင်းကို မြောက်ဦးမှာသွားမရိုက်ခင်ရော ရိုက်ပီးတဲ့အထိရော ကျနော့်မှာ အခက်အခဲတွေ အများကြီးကြုံခဲ့ရပါတယ် (ပြန်ပြောပြရင် ဇာတ်ရှည်နေမှာမို့ ကြုံမှပဲပြန်ပြောပြပါတော့မယ်ခင်ဗျာ)ရိုက်ကူးရေးခရီးစဉ် အချိန်အခက်အခဲကြောင့် ကျန်ရှိနေတဲ့ ကျနော်တို့ ရခိုင်ပြည်ကြီးရဲ့အလှတရားတွေ စုံစုံလင်လင် တင်ပြချင်တဲ့ စိတ်ရင်းဖြင့် YouTube မှ View Scene အနည်းငယ် ယူသုံးမိသည့်အတွက်လည်း မူရင်းပိုင်ရှင်တွေကို စိတ်မဆိုးကြဖို့ အပြစ်မမြင်စေဖို့ လေးစားစွာမေတ္တာရပ်ခံပါတယ်ခင်ဗျာ..ကျနော့ကိုယ်ကျိုးအတွက်မဟုတ်ပဲ ရခိုင်မြေရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ သဘာဝအလှတွေကို ကိုယ်စားပြုထားတဲ့အနေနဲ့ ယူသုံးထားခြင်းဖြစ်လို့ အားလုံးကိုCredit ပေးပီးအထူးကျေးဇူးတင်စကားဆိုပါရစေခင်ဗျာ🙏🙏🙏ဒီသီချင်းလေးဖြစ်မြောက်အောင် အစစအရာရာပံ့ပိုးပေးတဲ့ ကျနော့ရဲ့ကျေးဇူးရှင်မိဘနှစ်ပါးကိုလည်းရှစ်ခိုးကန်တော့လျက်ပါ🙏🙏🙏အမျိုးများ ပရိတ်သတ်များ အားလုံး Share ပေးပီးဝိုင်းရံပေးကြဖို့ တောင်းဆိုပါရစေနော်အားလုံးကို ချစ်ခင်လေးစားလျက်…😊"ရခိုင်တို့မြေ…လာခဲ့လေ"Composer – ညီထွေးVocalist – မင်းသာကီCast – မင်းသာကီ ၊ ရခိုင်စည်လေးဝတီအဖွဲ့ (ရန်ကုန်) ၊ မြောက်ဦးအက နှင့် စည်အဖွဲ့Music Band – ROSMixing – မြင့်ဇော်Harmony – ညီထွေးEditing – ဝေယံ ရခိုင်စည် ၊ ပုလွေ – ကိုကျော်သိန်းDOP – ဇော်ဖြိုးရုပ်သံအကြည်ကြည့်ချင်တဲ့သူတွေ Down ချင်တဲ့သူတွေအောက်က YouTube Link မှာ ၀င်ကြည့်ပြီး Down ပေးကြနော် YouTube Link – https://youtu.be/ALgIUwgaqg4

Posted by Min Thar Ke on Saturday, November 17, 2018

Source- Min Thar Ke
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရခိုင်ပြည်ရဲ့ ခမ်းနားထည်ဝါမှုတွေကို ရိုက်ကူးတင်ပြလိုက်တဲ့ မင်းသာကီရဲ့ သီချင်းတစ်ပုဒ်

မင်းသားသစ်လေးတစ်ယောက်ဖြစ်သလို တေးသီချင်းတွေကိုလည်း ကောင်းကောင်းဆိုပြနိုင်နေတဲ့ ရခိုင်သားလေး တစ်ယောက်လည်းဖြစ်ပါတယ်။မင်းသာကီက ” ရခိုင်တို့မြေ…လာခဲ့လေ” ဆိုတဲ့သီချင်းလေးကို ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ အဖရခိုင်ပြည်ကြီးကို ချစ်တဲ့စိတ်ရယ်၊ကျနော်တို့မြန်မာနိုင်ငံမှာ တကယ့်ကိုကြီးကျယ်ခမ်းနားခဲ့ပီး တန်ဖိုးဖြတ်လို့မရနိုင်တဲ့ ဗုဒ္ဓ ယဉ်ကျေးမှု အမွှေအနှစ်တွေဟာ အခုထိထင်ထင်ရှားရှားရှိနေသေးတယ်ဆိုတာကိုအားလုံးကိုသိစေမြင်စေချင်တဲ့စိတ်ဆန္ဒ၊စိမ်းညို့ညို့တောင်တန်းကြီးတွေနဲ့ ၊ညိုပြာပြာဘင်္ဂလားပင်လယ်ပြင်ကြီးရဲ့အလှသဘာဝတွေနဲ့ အနားယူချင်စရာကောင်းလှတဲ့ သဲဖြူဖြူကမ်းခြေအလှတွေမှာလာပြီးအပန်းဖြေအနားယူဖို့အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကို လာလည်စေချင်တဲ့စိတ်စေတနာကိုအရင်းတည်ပြီးတော့ ဒီသီချင်းလေးနဲ့ရခိုင်မြေကိုဖိတ်ခေါ်ပါရစေ လို့ လည်း လူမှုကွန်ရက်ပေါ်မှာရေးသားထားတာ ကိုတွေ့ရပါတယ်။

မင်းသာကီရဲ့ ရှုမောဖွယ်ရိုက်ချက်တွေနဲ့ ရခိုင်မြေ အလှတရားကိုဖော်ဆောင်ထားတဲ့ သီချင်းလေးဟာ ရခိုင်သူ ရခိုင်သားတွေအပြင် မြန်မာပရိသတ်တွေ ကြိုက်နှစ်သက်ကြတာကြောင့် လူမှုကွန်ရက်ပေါ်မှာရေပန်းစားနေတယ်လို့ သိရပါတယ်။

Source- Min Thar Ke
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top