collage-57.jpg
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်
နေထက်လင်း နဲ့ နေတိုး ရဲ့ ကြားက ထူးခြားတဲ့ ပဌာန်းဆက် နဲ့ တိုက်ဆိုင်မှုများ
နေထက်လင်း တစ်ယောက် အနုပညာလောက မှာ နာမည်ကြီး မင်းသားမင်းသမီးတွေ ဖြစ်တဲ့ ဆုပန်ထွာ၊ ခိုင်နှင်းေ၀ ၊ သူထူးစံ ၊ နေမျိုးအောင် အစရှိတဲ့ မင်းသားတွေကို စင်ပေါ်တင်ပေးရုံသာမက နေတိုး ကိုလည်း အောင်မြင်ထူးချွန်တဲ့မင်းသားတစ်လက်ဖြစ်အောင် စင်ပေါ်တင်ပေးခဲ့တာပါ ။ နေတိုး ဟာ မကြာသေးခင်က နေထက်လင်းကို လက်ဦးဆရာအဖြစ် ပရိသတ်တွေရှေ့မှောက်ကို ထုတ်ပြခဲ့တာပါ။ နေထက်လင်းဆီက အနုပညာနဲ့ ပတ်သက်ပြီးအခုအချိန်ထိသင်ယူနေရသေးတယ်လို့လည်းဆိုထားပါတယ်။
မအောင်မြင်ခင်က အနုပညာလောကမှာ ဇင်မင်း ၊ ဟိန်းဇော်၊ ညီတိုး စတဲ့ နာမည်တွေနဲ့ လှုပ်ရှားခဲ့ဖူးပါတယ်။ နေတိုးဟာ ဖိုက်တင်မင်းသားဘ၀ ကနေ ရုပ်ရှင်မင်းသားအဖြစ်ကို ရောက်ရှိခဲ့တာပါ။တိုက်ဆိုင်မှုတစ်ခုက စနေသားတွေဖြစ်ကြတဲ့ နေထက်လင်း ရဲ့ သားနာမည်က ထက်လင်းအောင် ဖြစ်ပြီး နေတိုးရဲ့ နာမည်အရင်းက နေလင်းအောင်ဖြစ်ပါတယ်။ နေထက်လင်းကတော့ နေတိုးကို တပည့်ဆိုတာထက် နေထက်လင်းရဲ့ ကိုယ်ပွားတစ်ခုအဖြစ် ၊ သားတစ်ယောက်အဖြစ် တန်ဖိုးထားကြောင်းလည်း ပြောဆိုထားပါတယ်။ ရုပ်ရှင်လောက ကို ကျောခိုင်းခဲ့တဲ့ နေထက်လင်းတစ်ယောက် နေတိုး နဲ့ တွဲဖက်ပြီး ကျား နဲ့ဆင် အမည်ရှိတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်
Source – Skynet Up to Date
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်
scroll to top