ဇာတ်ပို့သရုပ်ဆောင် ကြာဥအဖြစ်နဲ့ အကယ်ဒမီရဖို့ တစ်ပြေးနေတဲ့ မအေးသောင်း

Collage_Fotor-48.png

 

အရှင်ဆန္ဒာဓိက ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားသော ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်တဲ့ မုန်းစွဲ မှ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အနေနဲ့ တဖက်တလှမ်းကနေ ဇာတ်အိမ်ကြီးကို အသက်ဝင်စေသူ တစ်ဦးကတော့ အေးဝတ်ရည်သောင်း ခေါ် မအေးသောင်းဖြစ်ပြီင်္း ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရရှိဖို့ တစ်ပြေးနေပါတယ်။

 

 

 

 

 

 

ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ သိပ်ကို ချစ်တတ်လွန်းသူ မကြာဥ ဆိုတဲ့ ဇာတ်ကောင်နဲ့ထူးဇော်(နေတိုး) ရဲ့အိမ်သူသက်ထား ဇနီးမယားအဖြစ်နဲ့ ချစ်စွဲစွဲကာ နောင်ဘ၀တွေထိ ဘ၀တွေသာခြားသွားသော်လည်း အချစ်မပြယ်နိုင်တဲ့ သူမဟာ ကြာဥ ဇာတ်ရုပ်နဲ့ တကယ့်ကို ဒီနှစ်ရဲ့ ဇာတ်ပို့ အကယ်ဒမီ မင်းသမီးတစ်ယောက်ဖြစ်လာဖို့ အရမ်းကို ထိုက်တန်လွန်းလှတယ် လို့ ဆိုရမှာပါ။

 

 

” ဒီ လူဆိုးလူမိုက်ကြီးကိုမှ ကျုပ်ချစ်လို့ ပါတော် ” ဆိုတဲ့ စကားတွေနဲ့ အတူ
ချစ်၍ စွဲသော အချစ်ကြီးသူ မကြာဥ အဖြစ် ချစ်ခြင်း၊ လွမ်းခြင်း၊ ပေးဆပ်ခြင်းတွေကို အပီအပြင် ပုံဖော်သရုပ်ဆောင်နိုင်သူအဖြစ် ကြည့်ရှူသူရဲ့ မျက်ရည်နဲ့ ရသတွေကို ယူဆောင်လာပေးနိုင်တဲ့ မအေးသောင်းဟာ ဒီနှစ်မှာ အကယ်ဒမီဆုသာရရှိခဲ့မယ်ဆိုရင် သူမရဲ့ သရုပ်ဆောင် မင်းသမီး ဘ၀ရဲ့ ပထမဆုံးအကယ်ဒမီ ဆုလေးအဖြစ် မှတ်ကျောက်တင်နိုင်မှာ ဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မအေးသောင်းကို ရစေချင်ရဲ့ လား….?

Source : မုန်းစွဲ & CeleGabar creation ;
Khin Mi Mi @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

 

 

 

scroll to top