
003-14.jpg

 






 


Source – Mudras Calling
ယူနီကုဒ်ဖြင့်ဖတ်ရန်

အကယ်ဒမီ ကို စတင်စိန်ခေါ်လိုက်တယ်လို့ ပရိသတ်တွေ သုံးသပ်နေကြတဲ့ မုဒြာခေါ်သံရဲ့ ကြော်ငြာ

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ မကြာမီ အချိန်ပိုင်းအတွင်းမှာ ကျင်းပတော့ မှာဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ မုဒြာခေါ်သံရုပ်ရှင်ဇာတ်ကားကြီးက သူ ရရှိထားသမျှ နိုင်ငံတကာဆုတွေအကုန်ကို ပရိသတ်တွေကို ချပြပြီး ရုပ်ရှင်ပြသမယ့် ရက်ကြေညာချက်တစ်ခုကို လူမှုကွန်ရက်ပေါ်ကနေ တင်လိုက်ပါတယ်။ အဆိုပါရုပ်ရှင်ကြော်ငြာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေပွဲဆူသွားခဲ့တာပါ

မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီး Page ကနေ ရေးသားဖော်ပြချက်အရ “မုဒြာရဲ့ခေါ်သံ ရုပ်ရှင် ဇာတ်ကားကြီးကို CayFilm Cayman International Film Festival, Kota Kinabalu International Film Festival, Canadian Diversity International Film Festival, Mexico International Film Festival, Scarlarama Film Festival, Kashmir International Film Festival, ASEAN India Film Festival, 2015 ASEAN International Film Festival & Awards, Guwahati International film festival, I Filmmaker International Film Festival (Marbella, Spain) Semi-Finalist, Hobnobben Film Festival တွင် People’s Choice Award, Phnom Penh International Film Festival – PPIFF နှင့် ISENMA Film Festival တို့တွင် official selection အဖြစ်ပြသခဲ့ရပြီး Mexico festival မှ Silver Palm award နှင့် ISENMA မှ အမြင့်ဆုံး Platinum ဆုတို့ကိုလဲ ဆွတ်ခူးထားတဲ့ အပြင် NUMAUK London, မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံမှာပါ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။”ဆိုတဲ့ အချက်ကိုရေးသားထားတာပါ ။ အကယ်ဒမီပေးပွဲ နဲ့ အချိန်ကိုက် ကြေညာလိုက်တာကြောင့် ပရိသတ်တွေက စိန်ခေါ်လိုက်တာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြသလို ၊ အကယ်ဒမီ ပေးပွဲမှာ အကယ်ဒမီ မရခဲ့ရင်တောင် နိုင်ငံတကာက ဆုတွေကို သိမ်းပိုက်ထားတယ်ဆိုတဲ့ သဘောကို ပြသချင်တာ ဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။ ဆယ်လီကမ္ဘာပရိ သတ်ကြီးရေ မုဒြာခေါ်သံ ရဲ့ အခုစာအတွက် အမြင်တွေ သဘောထားေ တွမှတ်ချက်ကနေပြောပြခဲ့ကြပါနော်။

Source – Mudras Calling
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top