004-14.jpg
Source – zalen / Aroma
ယူနီကုဒ်ဖြင့်ဖတ်ရန်
အောက်ချင်းငှက်ကို တင်ပါးနောက်မှာထားတဲ့ ဝတ်စုံကြောင့် ချင်းလူမျိုးတွေ ဝေဖန်ခံနေရတဲ့ မင်းထက်တို့ စုံတွဲ
ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ မကြာမီအချိန်ပိုင်းအတွင်းမှာ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးကို ကျင်းပတော့မှာဖြစ်ပါတယ်။ အကယ်ဒမီပွဲတက်ဖက်ရှင်ကြောင့် အနုပညာရှင်စုံတွဲဖြစ်တဲ့ မင်းထက် နဲ့ စိုးနန္ဒကျော်တို့ စုံတွဲဟာ ချင်းလူမျိုးတွေရဲ့ ဝေဖန်ခြင်းကိုခံနေရတယ်လို့ဆိုပါတယ်။ ကာမလိမ်လည်မှုနဲ့ တရားစွဲခံရတဲ့ သရုပ်ဆောင်မင်းထက်ကြောင့် စိုးနန္ဒာကျော် ရဲ့ အောက်ချင်းငှက် ဝတ်စုံ ဟာ မသင့်တော်ဘူးလို့ ချင်းလူမျိုးတွေရဲ့ ဝေဖန်တာခံရပါတယ်။ အဆိုပါဝတ်စုံကို Aroma ကဒီဇိုင်းဆင်ပေးထားပြီး ၎င်းတို့လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံဖော်ပြထားပါတယ်။
အဆိုပါ ဓာတ်ပုံအောက်တွင် Salai Paing Soe အကောင့်ပိုင်ရှင်က “အောက်ချင်းငှက်ဟာ ချင်းတစ်မျိုးသားလုံးရဲ့ အလေးထားမွန်မြတ်တဲ့ သင်္ကေတငှက်ပါ။ လူမျိုးတစ်မျိုးရဲ့အထွဋ်အမြတ်ထားတဲ့ ကိုယ်စားပြုတဲ့ မည်သည့်အရာကိုမဆို စိတ်ဓာတ်မြင့်မြတ်တဲ့သူက မစော်ကားပါဘူး။ ခုက ကျွန်တော်တို့ အမျိုးသားသင်္ကေတကို ခုလိုထမိန်အောက်ခြေမှာထားခြင်းဟာ ချင်းတစ်မျိုးသားလုံးကို စော်ကားရာရောက်သလို ခင်ဗျားတို့ရဲ့ မမြင့်မြတ်တဲ့စိတ်ဓာတ်ကိုဖော်ပြခြင်းဖြစ်တယ်။ ဒီဇိုင်းကိုပြန်ပြောင်းပေးပါ”လို့ မှတ်ချက်ပေးထားပါတယ်။ဆက်လက်ပြီး Khin May Htun ဆိုတဲ့အကောင့်ပိုင်ရှင်က “သစ္စာမရှိတဲ့လူကို အောက်ချင်းငှက်နဲ့ပေးဝတ်ထားတာ ရွဲ့နေသလားထင်မိ” လို့မှတ်ချက်ပြုထားပါတယ်။အောက်ချင်းဒီဇိုင်း အစစ်ဟာ ငှက်မောင်နှံကို တင်နောက်မှဘယ်ေတော့မှမထားဘူး အရှေ့မှာပဲထားတာပါ တဲ့၊ တင်နောက်ထားတဲ့အောက်ချင်းငှက် ကို ချင်းတွေဘယ်တော့မှမဝတ်ဘူး “လို့လည်းသိရပါတယ် ။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဒီဝတ်စုံနှင့် ပတ်သက်ပြီး အမြင်တွေသဘောထားတွေ ပြောပြခဲ့ပါဦးနော်။
Source – zalen / Aroma
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
scroll to top