(၂၀၁၈)ခုနှစ်ရဲ့ အကယ်ဒမီပေးပွဲကို ချစ်ခင်ပွန်း အဆိုတော် ရွှေထူးနဲ့ စုံတွဲလိုက် တက်ရောက်ခဲ့တဲ့ ရွှေမှုန်ရတီ

Collage_Fotor4533-1.png

မင်းသမီးချောလေး ဖြစ်တဲ့ ရွှေမှုန်ရတီကတော့ အိမ်ထောင်ကျသွားတာ မကြာသေးသလို အကယ်ဒမီပေးပွဲ နှစ်တိုင်းကို တော့ သူမရဲ့ အမေဖြစ်သူနဲ့ အတူတူ တက်ရောက်နေကျဆိုပေမဲ့လည်း ဒီနှစ်မှာတော့ သူမဘ၀ရဲ့ အပြောင်းအလဲလေးတစ်ခုအဖြစ်နဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်ရမဲ့သူတော့ ပြောင်းလဲသွားခဲ့ပါပြီ။

 

 

သူမရဲ့ သိပ်ကို ချစ်ရ သော ခင်ပွန်းဖြစ်သူ အဆိုတော် ရွှေထူးနဲ့ အတူတူ ဒီနှစ်မှာ ရွှေလက်တွဲလို့ တက်ရောက်ဖြစ်ခဲ့ပြီး ဒီနှစ်ရဲ့ သူမတို့ ဇနီးမောင်နှံ အကယ်ဒမီဖက်ရှင်လ်လေးကတော့ အဖြူရောင်ဖြစ်ပါတယ်။ သူမ၀တ်ဆင်ထားတဲ့ ဖက်ရှင်နဲ့ ပတ်သက်လို့ ဒီနှစ်မှာတော့ ခပ်ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှု တစ်မျိုးလေး ရှိနေခဲ့ပြီး သူမရဲ့ ခင်ပွန်းနဲ့ အတူတူတက်ရောက်ခွင့်ရခဲ့လို အရမ်းကို ပျော်ရွှင်နေပုံပါပဲ။

 

 

ပွဲကို လာတဲ့ လမ်းမှာလည်း ပရိသတ်တွေကို Live နဲ့စကားတွေပြောရင်း ” ငါ့ယောကျာ်းက ချစ်ဖို့ကောင်းလိုက်၊ ချစ်စရာလေး “လို့ တဖွဖွ ဆိုလာတာမို့ ရွှေမှုန်တစ်ယောက် ခင်ပွန်းဖြစ်သူ ရွှေထူးကို ဘယ်လောက်ထိချစ်လဲ သိသာနေပါတယ်။ေ၇ွှမှုန်ဟာ ဒီနှစ်မှာ “ငယ်ကျွန်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရရှိနိုင်သလို သဲရဲ့ ပထမဆုံးဖြစ်လာမဲ့ ဒီ အမျိုးသမီးဇာတ်ဆောင်အကယ်ဒမီဆုကြီးအတွက် ဆယ်လီကမ္ဘာပရိသတ်များ ဆုတောင်းပေးကြပါဦေးနာ်..။

Source : CeleGabar creation & Shwemhone yati;
Khin Mi Mi @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

scroll to top