
007-5.jpg

 







Source – Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရွံတတ်၊ အန်တတ်ပေမယ့် Clean up Challange မှာ ထိပ်ဆုံကပါဝင်ဆောင်ရွက်ခဲ့တဲ့ မုဏ်း

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး မုဏ်းကို သိကြပြီးဖြစ်ကြမှာပါနော် ။မုဏ်းကတော့ MRTV 4 ဇာတ်လမ်းတွေကနေ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ် အသိမှတ်ပြုလက်ခံလာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။သူမကတော့နောက်ပိုင်းမှာ ကြော်ငြာများ ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးလာရကာ ပရိသတ် အခိုင်အမာရရှိပြီး အောင်မြင်ကျော်ကြားလာသူတစ်ယောက်လည်းဖြစ်ပါတယ်။မုဏ်းတစ်ယောက် အင်မတန် ရွံရွာတတ်သူဖြစ်ပေမယ့် အများအကျိုးအတွက် Clean up Challange မှာ ပါဝင်ခဲ့တယ် လို့ သိရပါတယ်.

အဆိုပါအကြောင်းအရာ ကို ကိုအရည်ကြို ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေဖော်ပြထားတာပါ ။ ကို အရည် ကြို က “#ကျေးဇူးပါမင်းသမီးမုဏ်း CleanUpChallenge မှာ ပါမယ်နော်ဆိုပီး ပထမဆုံး ဖုန်းလှမ်းဆက်သူ ရိုးရိုးသာ မာန်နံရင်တောင် ရွံတက်ပီး၊ အန်တက်သူကအနံတွေထောင်းထောင်းထနေတာကို တစ်ချက်မျက်နှာမပျက်ဘဲ အမှိုက်တောင်းတွေသယ်ပို့ပီး လာရောက်ကူညီပေးသွားတဲ့ MRTV မင်းသမီး မုဏ်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်
ချစ်ခြင်းများစွာဖြင့် အရည်ကြို” လို့ ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အများအကျိုးအတွက် စွမ်းစွမ်းတမံရှေ့ဆုံးက ပါဝင်ခဲ့တဲ့ မုဏ်းအတွက် မှတ်ချက်ကနေတစ်ခုခုပြောပြခဲ့ကြပါနော်။

Source – Cele Gabar
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top