Collage_Fotor1021.png


 


 

 


 

 

Khin Mi Mi @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဒီနှစ်ရဲ့ အကယ်ဒမီပေးပွဲကတော့ တကယ့်ကို ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး ဇာတ်ကားကောင်းတွေ များလွန်းတဲ့ ဒီနှစ်မှာ ဘယ်သူများရနိုင်မလဲ လို့ ခန့်မှန်းရင်း ရင်ခုန်နေကြမှာပါ။ ဒီနှစ်ရဲ့ မင်းသား၊ မင်းသမီးချောတွေဟာလည်း ကိုယ်ပိုင်ဖက်ရှင်အမျိုးမျိုး နဲ့ တက်ရောက်လာခဲ့ကြသလို ဒီနေ့မှာတော့ အကယ်ဒမီပေးပွဲတက်ရောက်လာခဲ့တဲ့ မင်းသမီး သင်ဇာဝင့်ကျော် နဲ့ ဟိန်းမင်းသူ တို့ရဲ့ ဖက်ရှင် အရောင်ကတော့ ထူးထူးခြားခြား တူညီနေတာပါ။

ပုစွန်ဆီရောင် နဲ့ လိမ္မော်ကို အသားပေးထားတဲ့ ဟိန်းမင်းသူ နဲ့ သင်ဇာတို့ရဲ့ ဖက်ရှင်လ် အရောင်ဟာ ထူးထူးခြားခြား တူညီနေပြီး ပရိသတ်တွေကလည်း သူတို့နှစ်ယောက် ဒိတ်နေကြသလားဆိုတာ အရမ်းကို စိတ်ဝင်စားလို့နေပါတယ်။ သင်ဇာ က ပွဲရဲ့ ကော်ဇောနေီ ထက်ကို အရင်ရောက်ရှိလို့ လာပြီးနောက် ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဟိန်းမင်းသူ ပါ ရောက်ရှိလာခဲ့ပြီး သူတို့နှစ်ယောက် ပွဲ ကို အတူတူပဲ တက်ရောက်လာသလားဆိုပြီး စိတ်ဝင်စားလို့ နေပါတယ်။

ပရိသတ်ကြီးတို့ ကော အချစ်တော် မင်းသမီးလေး သင်ဇာက Justin Bieber နဲ့ တူတဲ့ အဆိုတော် ချောလေး ဟိန်းမင်းသူနဲ့ တွဲနေမယ်ဆိုရင် သဘောတူရဲ့လား၊ ဒါမှမဟုတ် ဒီနေ့ သူတို့ရဲ့ ဖက်ရှင်နဲ့ပတ်သက်လို့ အမြင်လေေးတွ ဖြေသွားကြပါဦးနော်…။

Source : CeleGabar creation & Photo;
Khin Mi Mi @CeleGabar

 

 

 

 

 

 

 

 

 

scroll to top