
008.jpg






Source – MRTV LIVe /
ယူနီကုဒ်ဖြင့်ဖတ်ရန်

(၂၀၁၈)ခုနှစ် အတွက် အကောင်းဆုံးရုပ်ရှင်တစ်သက်တာ ထူးချွန်ဆု ဆုရ ရှိသွားပြီဖြစ်တဲ့ အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဒီနေ့ညမှာဆိုရင် အားလုံးမျှော်လင့်တောင့်တနေကြတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ကျင်းပပြုလုပ်နေပြီဖြစ်ပါတယ် ။ (၂၀၁၈)ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုကို မင်းသမီးကြီး ငါးထပ်ကွမ်း အကယ်ဒမီ ပိုင်ရှင် စည်သူ ဒေါ်မြင့်မြင့်ခင် က ရရှိသွားပြီဖြစ်ပါတယ်။ ငါးထပ်ကွမ်းအကယ်ဒမီ စည်သူဘွဲ့ရ မြင့်မြင့်ခင်ဟာ
၁၉၅၇- ချစ်ညီမ (အမျိုးသမီး ပညာသည်ဆု)
၁၉၅၈- ဖြေလျော့ခွေ(အမျိုးသမီး ပညာသည်ဆု)
၁၉၇၃- မုန်းပါတယ် မောင့်ကို(ဇာတ်ဆောင်)
၁၉၈၃- မှတစ်ပါး အခြားမရှိပြီ(ဇာတ်ပို့)
၁၉၉၆-မြင်းမိုရ်တောင်ဦး မကကျူးသား(ဇာတ်ပို့) တို့နှင့် ထူးချွန်ဆုပေါင်းများစွာကို ပိုင်ဆိုခဲ့သူပါ ။ လက်ရှိ အချိန်မှာ အသက် (၈၇)နှစ်ရှိနေပြီဖြစ်တဲ့ အန်တီဘေဘီဟာ မြန်မာ့ရုပ်ရှင်ကို အင်မတန်ချစ်မြတ်နိုးသူပါ ။

(၂၀၁၈) ခုနှစ်အတွက် အခုလို တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု ကို ရရှိခဲ့တဲ့ အကယ်ဒမီဒေါ်မြင့်မြင့်ခင်အတွက် ရွှေစင်ငါးကျပ်သား ရွှေကြယ် နှင့် အသက်ရှိထင်ရှားရှိချိန်ထိ လစဉ်ထောက်ပံ့ကြေး ငါးသိန်းတိတိ တို့ကို ရရှိခဲ့တယ်လို့ဆိုပါတယ်။ ကဲ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ နားပန်းဆံသီချင်း ပိုင်ရှင် အမေ ဒေါ်မြင့်မြင့်ခင်အတွက် မှတ်ချက်ကနေ ဂုဏ်ပြုပေးခဲ့ကြပါနော်။

Source – MRTV LIVe /
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top