
009.jpg





Source – Mahar
ယူနီကုဒ်ဖြင့်ဖတ်ရန်

မုန်းစွဲ ရုပ်ရှင်ဖြင့် (၂၀၁၈)ခုနှစ် အတွက် အကောင်းဆုံးရုပ်ရှင်ဓါတ်ပုံဆုရ ရှိသွားပြီဖြစ်တဲ့ ဝင်းလွင်ထက်

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဒီနေ့ညမှာဆိုရင် အားလုံးမျှော်လင့်တောင့်တနေကြတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ကျင်းပပြုလုပ်နေပြီဖြစ်ပါတယ် ။ (၂၀၁၈)ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဓါတ်ပုံဆုကို ကိုဝင်းလွင်ထက် က မုန်းစွဲဇာတ်ကားဖြင့် ရရှိသွားပြီဖြစ်ပါတယ်။ကိုဝင်းလွင်ထက် အကယ်အမီ ရရှိခဲ့တဲ့ မုန်းစွဲ ဇာတ်ကားကြီးဟာ ဆိုရင် လည်း ပရိသတ်တွေရဲ့ သောင်းသောင်းဖြဖြ အားပေးမှုကို ရရှိခဲ့တဲ့ ဇာတ်ကားကြီးတစ်ခုလည်းဖြစ်ပါတယ်။

ဝင်းလွင်ထက်ရဲ့ သဘာဝကျကျ ရိုက်ကူးချက်တွေ ၊ အရောင် အယူအဆ၊ နောက်ခံရှုခင်းများအသုံးပြုမှု ၊ ကရိန်းထရော်လီများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်မှုတွေကြောင့်အခုလို အကယ်ဒမီ အကဲဖြတ်အဖွဲ့ရဲ့ ထိုက်ထိုက်တန်တန်ရွေးချယ်မှုကို ခံခဲ့ရတာပါ ။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အကယ်ဒမီ တွေ သိမ်းကျုံးယူမယ့် မုန်းစွဲကတော့ ဖြစ်လာဦးမလား ပရိသတ်တွေကသုံးသပ်နေကြပါတယ်။အကယ်ဒမီဆုကြီးကို ထိုက်ထိုက် တန်တန် ရရှိသွားခဲ့တဲ့ ရုပ်ရှင်ဓါတ်ပုံဆုရှင် ကို ဝင်းလွင်ထက် အတွက် မှတ်ချက်ကနေ ဂုဏ်ပြုစကားလေးတွေ ပြောပေးသွားဖို့ မမေ့ကြနဲ့နော် ။

Source – Mahar
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top