အကယ်ဒမီဆုတွေသိမ်းကြုံး ရရှိခဲ့တဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီး

Collage_Fotor1202.png

 

 

 


 

 

 


အသံဆု- ကိုအေး (မုန်းစွဲ)

 

 

 


 

 


Khin Mi Mi @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဒီနှစ်ရဲ့ အကောင်းဆုံးသော ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပြီးဇာတ်အိမ်ဇာတ်ညွန်းဖွဲ့ ရိုက်ကူးထားတဲ့ ဘာသာရေးပညာပေး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဖန်တီးသူဖြစ်တဲ့ ဒါရိုက်တာ – သြရသ ဟာလည်း ဒီနှစ်ရဲ့ အကယ်ဒမီဆုရှင် ဒါရိုက်ကောင်းတစ်ယောက်ဖြစ်လာခဲ့သလို ဒီနှစ်ဟာ မုန်းစွဲရဲ့ အကယ်ဒမီနှစ် လို့လည်း ဆိုနိုင်ပါတယ်။ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးနဲ့ စုစုပေါင်း အကယ်ဒမီရုပ်ရှင်(၄) ဆု ရရှိခဲ့ပြီး –

အသံဆု- ကိုအေး (မုန်းစွဲ)
ဓာတ်ပုံဆု- ဝင်းလွင်ထက်( မုန်းစွဲ)
ဒါရိုက်တာ- သြရသ (မုန်းစွဲ)
ဇာတ်ပို့ အမျိုးသားဆု – ကျော်ကျော်ဗို (မုန်းစွဲ)
တို့ ရရှိခဲ့ပြီး ဇာတ်ဆောင်ဆုအနေနဲ့ သရုပ်ဆောင် မင်းသားချော နေတိုးကို ခန့်မှန်းခဲ့သော်လည်း အကယ်ဒမီနဲ့ လွဲခဲ့ရပါတယ်။ မည်သို့ပြင်ဖြစ်စေကာမူ မုန်းစွဲဟာ အကယ်ဒမီဆု အများဆုံးနဲ့ ဆုတွေသိမ်းကြုံး ရယူခဲ့ပြီး ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့မယ်လို့ ထင်ပါတယ်။

Source : CeleGabar creation & Photo;
Khin Mi Mi @CeleGaba

scroll to top