ယင်းမာ ဇာတ်ရုပ်နဲ့ အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ အေးမြတ်သူ

Collage_Fotor10.png

 

 


 

 

 


 

 


Source : CeleGabar creation & Mahar;
Khin Mi Mi @CeleGabar

 

 

 

တစ်ချိန်က မော်ဒယ်မ လေးတစ်ယောက်အဖြစ် ကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ယနေ့မှာ နာမည်ကြီး မင်းသမီးတစ်ယောက် အနေနဲ့ အေးမြတ်သူ ခေါ် မမြတ်လေးကတော့ ဒီနေ့မှာ ထိပ်တန်း အကယ်ဒမီ မင်းသမီးတစ်ယောက်အဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

သူမဟာ ” နောင်တွင် ဥဒါန်းသွင်စေသတည်း “ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ယင်းမာ ဆိုတဲ့ ဇာတ်ကောင်နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့အကယ်ဒမီဆုကို ရရှိခဲ့ပြီး သူမရဲ့ ငယ်ရွယ်ပြီး စိတ်ကစားတဲ့ ကာရိုက်တာကနေ အဖေမရှိပဲ မွေးဖွားလာတဲ့ ဆရာဝန်တစ်ယောက်ရဲ့ မိခင်တစ်ယောက်ကာရိုက်တာထိ အားလုံးပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့ပြီး ဒီနှစ်ရဲ့ အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။

သူမရဲ့ မော်ဒယ်လ်တစ်ယောက်ဘဝကနေ မင်းသမီးတစ်ယောက်ဖြစ်ချိန်ထိ သူမကိုလက်တွဲခေါ်ခဲ့တဲ့ ဆရာတွေဖြစ်ကြတဲ့ စူပါစတားအေဂျင်စီ ဦးချိုကြီး နဲ့ ဆရာ ဂျွန် တို့အပြင် သူမရဲ့ သူငယ်ချင်း ချစ်ငယ်တို့ အဆုံး အားလုံးကို မချွင်းချန်ပဲ ကျေးဇူးတင်စကားအကြာကြီး ပြောသွားခဲ့ပြီး ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း မမြတ်လေး ဆုရရှိခဲ့တဲ့ အတွက် ကျေနပ်ကြတယ် မဟုတ်လားနော်…။

scroll to top