ျပည္႕တန္ဆာမေလး ေရႊၾကာဇာတ္ရုပ္နဲ႕ သံုးထပ္ကြမ္းအကယ္ဒမီဆြတ္ခူးခဲ့တဲ့ ေဖြးစိန္ေလး

Collage_Fotor5402434.png

ဒီနွစ္ရဲ႕ အကယ္ဒမီစာရင္း၀င္ ရုပ္ရွင္(၁၀)ကားထဲမွာ (၆)ကားပါ၀င္ျပီး ဇာတ္ေဆာင္ မင္းသမီးေနရာကေန သရုပ္ေဆာင္ခဲ့တဲ့ ထိပ္တန္းမင္းသမီး ေဖြးေဖြးျဖစ္ျပီး ပရိသတ္ေတြ ရရွိေစခ်င္တဲ့ တတိယေျမာက္ အေကာင္းဆံုး ရုပ္ရွင္ဇာတ္ေဆာင္ အမ်ိဳးသမီးဆုကို ထပ္မံရရွိခဲ့ျပန္ျပီျဖစ္ပါတယ္။

 

 

 

 

သူမဟာ အရည္အခ်င္းျပည္႕မီျပီး တကယ့္ကို စံခ်ိန္တင္ မင္းသမီးတစ္ေယာက္အေနနဲ႕
အရမ္းကို ေမွာင္မိုက္ျပီး မထူးဇာတ္ခင္းေနရတဲ့ ျပည္႕တန္ဆာအမ်ိဳးသမီးငယ္ေလးတစ္ေယာက္ရဲ႕ဘ၀ကို ေလာကဓံရဲ႕ က်ရာဇာတ္ေတြအတိုင္း ပီျပင္ေအာင္ သရုပ္ေဆာင္နိုင္ခဲ့ျပီး တဖက္မွ အားကိုးစရာ၊ ရင္ဖြင့္စရာ ေကာင္ေလးတစ္ေယာက္နဲ႕ ဆံုေတြ႕ခ်ိန္မွာ ခ်စ္ခြင့္ေတာင္ မရွိတဲ့ မိန္းမတစ္ေယာက္အေနနဲ႕ ဘ၀တူမိန္းကေလးေတြကို ကူညီရင္း “ဒီဘ၀ထဲကို ၀င္မလာပါနဲ႕။ ေအာက္တန္းက်လြန္းလို႕ပါ၊ လူနိမ္ခံရလြန္းလို႕ပါ။ လူျဖစ္ရွံဴးလြန္းလို႕ပါ” ဆိုတဲ့ စကားေတြနဲ႕ ပရိသတ္ေတြကို ထိရွေစခဲ့တာျဖစ္ပါတယ္။

 

ေရႊၾကာ ဆိုတဲ့ ျပည္႕တန္ဆာမိန္းကေလး ဇာတ္ေကာင္နဲ ႕ ဒီနွစ္ရဲ႕ အကယ္ဒမီ ဆုကို ထပ္မံရရွိခဲ့ျပီး ေရႊၾကာလိုမိန္းကေလးေတြအတြက္ ဒီဇာတ္ကားေလးဟာ ပညာအေနနဲ႕ပါ လည္းေကာင္း၊ တကယ့္ကို အားျဖစ္ေစတဲ့ ျပယုပ္ေလးတစ္ခုအျဖစ္လည္းေကာင္း အကယ္ဒမီ ဆု(၃) ဆု သိမ္းပိုက္ခဲ့တဲ့ ေရႊၾကာရုပ္ရွင္ ဇာတ္ကားၾကီးကို ဂုဏ္ျပဳရင္း ေဖြးစိန္ေလးအတြက္ ေပ်ာ္ၾကတယ္မဟုတ္လား…. ဆယ္လိီကမာၻပရိသတ္ၾကီးေရ…။

Source : CeleGabar creation & Mahar;
Khin Mi Mi @CeleGabar

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဒီနှစ်ရဲ့ အကယ်ဒမီစာရင်းဝင် ရုပ်ရှင်(၁၀)ကားထဲမှာ (၆)ကားပါဝင်ပြီး ဇာတ်ဆောင် မင်းသမီးနေရာကနေ သရုပ်ဆောင်ခဲ့တဲ့ ထိပ်တန်းမင်းသမီး ဖွေးဖွေးဖြစ်ပြီး ပရိသတ်တွေ ရရှိစေချင်တဲ့ တတိယမြောက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ဆောင် အမျိုးသမီးဆုကို ထပ်မံရရှိခဲ့ပြန်ပြီဖြစ်ပါတယ်။

သူမဟာ အရည်အချင်းပြည့်မီပြီး တကယ့်ကို စံချိန်တင် မင်းသမီးတစ်ယောက်အနေနဲ့
အရမ်းကို မှောင်မိုက်ပြီး မထူးဇာတ်ခင်းနေရတဲ့ ပြည့်တန်ဆာအမျိုးသမီးငယ်လေးတစ်ယောက်ရဲ့ဘဝကို လောကဓံရဲ့ ကျရာဇာတ်တွေအတိုင်း ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့ပြီး တဖက်မှ အားကိုးစရာ၊ ရင်ဖွင့်စရာ ကောင်လေးတစ်ယောက်နဲ့ ဆုံတွေ့ချိန်မှာ ချစ်ခွင့်တောင် မရှိတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘဝတူမိန်းကလေးတွေကို ကူညီရင်း “ဒီဘဝထဲကို ဝင်မလာပါနဲ့။ အောက်တန်းကျလွန်းလို့ပါ၊ လူနိမ်ခံရလွန်းလို့ပါ။ လူဖြစ်ရှူံးလွန်းလို့ပါ” ဆိုတဲ့ စကားတွေနဲ့ ပရိသတ်တွေကို ထိရှစေခဲ့တာဖြစ်ပါတယ်။

ရွှေကြာ ဆိုတဲ့ ပြည့်တန်ဆာမိန်းကလေး ဇာတ်ကောင်နဲ့ ဒီနှစ်ရဲ့ အကယ်ဒမီ ဆုကို ထပ်မံရရှိခဲ့ပြီး ရွှေကြာလိုမိန်းကလေးတွေအတွက် ဒီဇာတ်ကားလေးဟာ ပညာအနေနဲ့ပါ လည်းကောင်း၊ တကယ့်ကို အားဖြစ်စေတဲ့ ပြယုပ်လေးတစ်ခုအဖြစ်လည်းကောင်း အကယ်ဒမီ ဆု(၃) ဆု သိမ်းပိုက်ခဲ့တဲ့ ရွှေကြာရုပ်ရှင် ဇာတ်ကားကြီးကို ဂုဏ်ပြုရင်း ဖွေးစိန်လေးအတွက် ပျော်ကြတယ်မဟုတ်လား…. ဆယ်လီကမ္ဘာပရိသတ်ကြီးရေ…။

Source : CeleGabar creation & Mahar;
Khin Mi Mi @CeleGabar

scroll to top