ပရိသတ္ေတြၾကားမွာပြဲဆူေနတဲ့ (၂၀၁၈) ခုႏွစ္အကယ္ဒီဆုရရွိစာရင္းမ်ားေပါက္ၾကားမႈ

guess-1-ed.png

(၂၀၁၉) ခုႏွစ္မတ္လ (၂၃) ရက္ေန႕ မွာ (၂၀၁၈) ခုႏွစ္အတြက္ အကယ္ဒမီရုပ္ရွင္ထူးခြ်န္ဆုေပးအပ္ခ်ီးျမွင့္ခဲ့ပါတယ္။ အရင္ႏွစ္ေတြတုန္းကလည္း အကယ္ဒမီေပးပြဲမတုိင္ခင္မွာ ဆုရရွိသူစာရင္းေပါက္ၾကားမႈေတြရွိခဲ့ၾကပါတယ္။ ယခုႏွစ္မွာလည္းေပါက္ၾကားမႈေတြ (၂) ႀကိမ္တိတိျဖစ္ေပၚခဲ့ပါတယ္။

ယခုႏွစ္အကယ္ဒမီေပးပြဲမတုိင္ခင္ ၂ ရက္ခန္႕အလုိမွာ ဆုရရွိသူစာရင္းေပါက္ၾကားခဲ့ပါတယ္။ ထုိစာရင္းမွာ ဓာတ္ပံုဆု ဝင္းလြင္ထက္ (တိမ္တုိ္က္တံတား)၊ အသံဆု ကိုေအး (မုန္းစြဲ)၊၊ အေကာင္းဆံုးအမ်ိဳးသားဇာတ္ပို႕ဆုမွာ ေက်ာ္ေက်ာ္ဗုိလ္ (မုန္းစြဲ) ၊ ဒါရုိက္တာဆု ၾသရသ (မုန္းစြဲ)၊ ရုပ္ရွင္တသက္တာဆု ေဒၚျမင့္ျမင့္ခင္ သူတုိ႕သာ အမွန္တကယ္အကယ္ဒမီဆု ရရွိခဲ့ၿပီး ထုိစာရင္းက တစ္ဝက္ပဲမွန္ခဲ့ပါတယ္။

ဒါေပမယ့္ ဆုေပးပြဲမတုိင္ခင္မွာ ထြက္ရွိခဲ့တဲ့ ေပါက္ၾကားသတင္းတစ္ခုကေတာ့ လံုးဝကို မွန္ကန္ေနတာပါ။ ထုိစာရင္းက ဘယ္သူကေနတစ္ဆင့္ေပါက္ၾကားခဲ့တယ္ဆုိတာ တပ္အပ္ေျပာလုိ႕မရေပမယ့္ စာရြက္ေပၚမွာ ေဘာပင္နဲ႕သာေရးသားထားတဲ့ စာရင္းတစ္ခုပါ။ အခုလုိမ်ိဳးကြက္တိ ထြက္ေပၚသတင္းေတြၾကား ပရိသတ္ၾကားမွာ ေဝဖန္ေျပာဆုိမႈေတြမ်ားေနပါတယ္။

ဒီလုိမ်ိဳးပြဲႀကီးတစ္ပြဲအေနနဲ႕ လွ်ိဳ႕ဝွက္ရမယ့္သတင္းေတြေပါက္ၾကားတာမ်ိဳး မရွိသင့္ဘူးထင္ပါတယ္။ ဆယ္လီကမၻာပရိသတ္ႀကီးရဲ႕ ကေရာ ဘယ္လုိျမင္ပါသလဲ…

Ribo (CeleGabar)

Unicode Version
ပရိသတ်တွေကြားမှာပွဲဆူနေတဲ့ (၂၀၁၈) ခုနှစ်အကယ်ဒီဆုရရှိစာရင်းများပေါက်ကြားမှု

(၂၀၁၉) ခုနှစ်မတ်လ (၂၃) ရက်နေ့ မှာ (၂၀၁၈) ခုနှစ်အတွက် အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အရင်နှစ်တွေတုန်းကလည်း အကယ်ဒမီပေးပွဲမတိုင်ခင်မှာ ဆုရရှိသူစာရင်းပေါက်ကြားမှုတွေရှိခဲ့ကြပါတယ်။ ယခုနှစ်မှာလည်းပေါက်ကြားမှုတွေ (၂) ကြိမ်တိတိဖြစ်ပေါ်ခဲ့ပါတယ်။

ယခုနှစ်အကယ်ဒမီပေးပွဲမတိုင်ခင် ၂ ရက်ခန့်အလိုမှာ ဆုရရှိသူစာရင်းပေါက်ကြားခဲ့ပါတယ်။ ထိုစာရင်းမှာ ဓာတ်ပုံဆု ဝင်းလွင်ထက် (တိမ်တိုက်တံတား)၊ အသံဆု ကိုအေး (မုန်းစွဲ)၊၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုမှာ ကျော်ကျော်ဗိုလ် (မုန်းစွဲ) ၊ ဒါရိုက်တာဆု သြရသ (မုန်းစွဲ)၊ ရုပ်ရှင်တသက်တာဆု ဒေါ်မြင့်မြင့်ခင် သူတို့သာ အမှန်တကယ်အကယ်ဒမီဆု ရရှိခဲ့ပြီး ထိုစာရင်းက တစ်ဝက်ပဲမှန်ခဲ့ပါတယ်။

ဒါပေမယ့် ဆုပေးပွဲမတိုင်ခင်မှာ ထွက်ရှိခဲ့တဲ့ ပေါက်ကြားသတင်းတစ်ခုကတော့ လုံးဝကို မှန်ကန်နေတာပါ။ ထိုစာရင်းက ဘယ်သူကနေတစ်ဆင့်ပေါက်ကြားခဲ့တယ်ဆိုတာ တပ်အပ်ပြောလို့မရပေမယ့် စာရွက်ပေါ်မှာ ဘောပင်နဲ့သာရေးသားထားတဲ့ စာရင်းတစ်ခုပါ။ အခုလိုမျိုးကွက်တိ ထွက်ပေါ်သတင်းတွေကြား ပရိသတ်ကြားမှာ ဝေဖန်ပြောဆိုမှုတွေများနေပါတယ်။

ဒီလိုမျိုးပွဲကြီးတစ်ပွဲအနေနဲ့ လျှို့ဝှက်ရမယ့်သတင်းတွေပေါက်ကြားတာမျိုး မရှိသင့်ဘူးထင်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရဲ့ ကရော ဘယ်လိုမြင်ပါသလဲ…

Ribo (CeleGabar)

scroll to top