ျမန္မာနိုင္ငံဒိတ္ဒိတ္ၾကဲ မင္းသမီး(၁၀)ဦးရဲ႕ အလွဆံုးအကယ္ဒမီဖက္ရွင္မ်ား

Collage_Fotor42.png

၀တ္မွုန္ေရႊရည္ (ေရႊကစ္)

ဒီနွစ္မွာ ေရႊကစ္ရဲ႕ အကယ္ဒမီ ပြဲတက္ဖက္ရွင္လ္ကေတာ့ သူမကို္ယ္တိုင္ ေရြးခ်ယ္ထားတဲ့ ပုစြန္ဆီေရာင္ေလးျဖစ္ျပီး သူမနဲ႕ တကယ္ကို လိုက္ဖက္ညီမွုရွိလြန္းလွပါတယ္။မိတ္ကပ္ကိုေတာ့ ေမဦး (magic) ကျပင္ဆင္ေပးထားျပီး ဒီဇိုင္နာက ေတာ့ ကိုမင္းသက္စံ (Sweet & Smart Fashion Collection) မွ ဖန္တီးေပးထားတာျဖစ္သလို ဒီ၀တ္စံုရဲ႕ တန္ဖိုး၀န္းက်င္ကို သိန္း ေထာင္ဂဏန္း၀န္းက်င္မွာ ခန္႕မွန္းေနၾကပါတယ္။

မိုးေဟကို (မိုး)

ထုတ္လုပ္ေရး နဲ႕ စီးပြားေရးလုပ္ငန္းစုတခ်ိဳ႕ရဲ႕ ပိုင္ရွင္ မင္းသမီးေလး မိုးကေတာ့ ဒီနွစ္မွာ ရိုးရွင္းစြာ ေငြမွ်င္ေရာင္ေလးနဲ႕ ပြဲတက္ခဲ့ျပီး ၀တ္စံုနဲ႕ လက္၀တ္ရတနာ တန္ဖိုးအားလံုးကို သိန္းေသာင္းဂဏန္း၀န္က်င္ မွာ ခန္႕မွန္းရျပီး မိတ္ကပ္ကေတာ့ ေမဦး(Magic) နဲ႕ ၀တ္စံုရဲ႕ ဒီဇိုင္နာက ေတာ့ ျဖိဳးကို ျဖစ္ပါတယ္။

အိျႏၵာေက်ာ္ဇင္ (အူ၀ဲ)

ဇကာတင္ရုပ္ရွင္ဇာတ္ကားၾကီးစာရင္းမွာ အူ၀ဲရဲ႕ ၾကတ္ဂူ မပါ၀င္ခဲ့ေသာ္လည္း ဒီနွစ္ရဲ႕ အကယ္ဒမီကို မွန္းထားပံုမရသလို အားေပးဖို႕သက္သက္ပြဲတက္လာခဲ့တဲ့ အူ၀ဲကေတာ့ ဒီဇိုင္နာ အိေက်ာ္ဇင္ ( Vivid Fashion ) ရဲ႕ ပတၱျမားေရာင္ နဲ႕ ပန္းမိတ္ကပ္နုေရာင္ တြဲဖက္ထားတဲ့ ၀တ္စံုနဲ႕ ပြဲတက္လာခဲ့ျပီး မဟာဆန္ဆန္ ေနာက္တြဲဆံထံုး ခပ္ၾကီးၾကီးေလးထံုးထားတာကို ျမင္ေတြ႕ရရမွာပါ။

ေအး၀တ္ရည္ေသာင္း(ေအးေသာင္း)

ေတာ္၀င္နန္းထိုက္တဲ့ အလွနတ္သမီးတပါးအျဖစ္ ေရႊအဆင္းေတြ လႊမ္းျခံုလို႕ ပြဲတက္ေရာက္လာသူေလးက မေအးေသာင္းျဖစ္ျပီး မိတ္ကပ္ ေမဦး (magic) ျပင္ဆင္ျခယ္သေပးကာ ၀တ္စံုကို ေတာ့ ဒီဇိုင္နာ မင္းသက္စံ (Sweet & Smart Fashion Collection) မွ ဖန္တီးေပးထားတာျဖစ္ပါတယ္။ ဒီနွစ္ရဲ႕ ဇာတ္ပို႕ အမ်ိုးသမီးဆုကို မေအးသာင္းကို ပရိသတ္ေတြက အရမ္းကို ရေစခ်င္ေပမဲ့လည္း အကယ္ဒမီနဲ႕ လြဲခဲ့ရတဲ့ အရမ္းကို စိတ္မေကာင္းျဖစ္ေနၾကပါတယ္။

 

ေအးျမတ္သူ (ျမတ္ေလး)

ဒီနွစ္ရဲ႕ အကယ္ဒမီအမ်ိဳးသမီးဇာတ္ပို႕ ဆုကို ပရိသတ္ေတြ ေမွ်ာ္လင့္ထားတဲ့ မင္းသမီးေတြထဲက တစ္ေယာက္ျဖစ္တဲ့ မျမတ္ေလးက ရရွိခဲ့ျပီး ေအးျမတ္သူကိုယ္တိုင္ကလည္း ထင္မထားရေလာက္ေအာင္ ၀မ္းသာပီတီျဖစ္ခဲ့ရပါတယ္။ ဒီနွစ္ရဲ႕ အကယ္ဒမီဖက္ရွင္လ္မွာေတာ့ အရိုးရွင္းဆံုးနဲ႕ အျဖဴေရာင္၊ ေငြမွ်င္ေရာင္ ေဖာက္ခ်ိတ္ေလးနဲ႕ အတူ ခပ္ျမင့္ျမင့္ဆ့ထံုးေလးမွာ အျဖဴေရာင္သစ္ခါေလးေတြ ပန္ဆင္ထားတာကို ျမင္ေတြ႕ရမွာပါ။

ေနျခည္ဦး (ခ်ီခ်ီ)

ဒီနွစ္ရဲ႕ ဇကာတင္ အကယ္ဒမီရုပ္ရွင္စာရင္းေတြထဲမွာ တစ္ခုအပါအ၀င္ျဖစ္တဲ့ ရန္သူ ရုပ္ရွင္ဇာတ္ကားၾကီးကေတာ့ ခ်ီခ်ီအတြက္ ပထမဆံုးကားျဖစ္ေသာ္လည္း မ်က္နာသစ္မင္းသမီးတစ္ေယာက္ အေနနဲ႕ ခုလို အခြင့္အေရးမ်ိဳးဆိုတာ မလြယ္လွပါဘူး။ ခ်ီခ်ီကေတာ့ ဒီနွစ္မွာ အျပာေရာင္ ေရခဲေတာင္နဂါးကို Inspired ယူလို႕ ဖန္တီးထားတဲ့ ဒီဇိုင္နာ Ahlatt Lumyang ရဲ႕ ၀တ္စံုျဖစ္ျပီး တကယ့္ကို ဖက္ရွင္က်သလို ထူးျခားတဲ့ ဒီဇိုင္ေလးျဖစ္ပါတယ္။

 

 

 

 

 

 

စံရတီမိုးျမင့္

လိေမၼာ္ေရာင္၀တ္စံုေလးနဲ႕ ထင္ရွားလွပေနတဲ့ မင္းသမီးေလး စံရတီမိုးျမင့္ကေတာ့ ဒီဇိုင္နာ ေကာင္းျမတ္ (Haute Couture ) ရဲ႕ ၀တ္စံု နဲ႕ ပြဲတက္လာတာျဖစ္ျပီး သူမရဲ႕ မိတ္ကပ္ကို ေတာ့ ေအပရယ္သုတ က ဖန္တီးလိမ္းျခယ္ေပးထားပါတယ္။

 

အိေခ်ာပို (စူစူ)

မင္းသမီးေခ်ာေလး အိေခ်ာပိုကေတာ့ ဒီနွစ္ရဲ႕အကယ္ဒမီ ေပးပြဲဆုကို လိေမၼာ္ေရာင္၊ ပန္းေရာင္နဲ႕ ေရႊေရာင္ ဖက္စပ္လို႕ ငွက္မေလးအသြင္၀တ္စံုေလးကို ၀တ္ဆင္လာခဲ့ျပီး သူမ၀တ္စံုရဲ႕ ဒီဇိုင္နာကေတာ့ စုနနၵာလွိုင္ ျဖစ္ပါတယ္။ စူစူ ၀တ္စံုေလး က အျမင္တမ်ိုးဆန္းေနတယ္ ဟုတ္…?

 

ေဖြးေဖြး (ေဖြးစိန္)

ဒီနွစ္ရဲ႕ အကယ္ဒမီ ဇာတ္ေဆာင္အမ်ိဳးသမီးဆုကို ရရွိခဲ့တဲ့ ေဖြးစိန္ေလးကေတာ့ စိတ္မေကာင္းစြားနဲ႕ပဲ ယဥ္တိုက္မွုေၾကာင့္ လက္က်ိုးေနေသာ္လည္း ပြဲေလးကို ျဖစ္ေအာင္ တက္ခဲ့ပါတယ္။ ဒီဇိုင္နာ ကိုၿဖိဳးကို (Extraordinary Fashion Team) ဖန္တီးေပးထားေသာ ေငြမွ်င္ေရာင္ ၀တ္စံုေလးမွာ စိန္ေတြအျပည္႕ စီျခယ္ထားျပီး သိန္းေသာင္းဂဏန္းတန္ဖိုးရွိတယ္လို႕ ခန္႕မွန္းရပါတယ္။ Make Up & Hair Artist ကေတာ့ တီခိုင္၊တီခ်ိဳ (HELLO) မွ ျပင္ဆင္ေပးထားျပီး ေဖြးရဲ႕ ၀တ္စံုေလးဟာလည္း စိန္တလက္လက္နဲ႕ တဖိတ္ဖိတ္ေတာက္ေနခဲ့ပါတယ္။

 

သင္ဇာ၀င့္ေက်ာ္

ေနြဦးရဲ႕ ငွက္မေလးအသြင္ နဲ႕ ပုစြန္ဆီေရာင္ ငွက္ေတာင္ေမႊးေလးေတြ ပါ၀င္လို႕သစ္ရြက္ဖတ္ေလးေတြ အျပည္႕စီျခယ္ထားျပီး ဒီဇိုင္နာ Ahlatt Lumyang ဖန္တီးထားေသာ သင္ဇာ ရဲ႕ ၀တ္စံုေလးကလည္း အျမင္တမ်ိဳးဆန္းလို႕ ေနျပန္သလို ဆံပင္ျပင္ဆင္မွုလည္း ခပ္မိုက္မိုက္နဲ႕ လွပေနျပန္ပါတယ္။

Source : CeleGabar creation & Photo;
Khin Mi Mi @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဝတ်မှုန်ရွှေရည် (ရွှေကစ်)

ဒီနှစ်မှာ ရွှေကစ်ရဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင်လ်ကတော့ သူမကိုယ်တိုင် ရွေးချယ်ထားတဲ့ ပုစွန်ဆီရောင်လေးဖြစ်ပြီး သူမနဲ့ တကယ်ကို လိုက်ဖက်ညီမှုရှိလွန်းလှပါတယ်။မိတ်ကပ်ကိုတော့ မေဦး (magic) ကပြင်ဆင်ပေးထားပြီး ဒီဇိုင်နာက တော့ ကိုမင်းသက်စံ (Sweet & Smart Fashion Collection) မှ ဖန်တီးပေးထားတာဖြစ်သလို ဒီဝတ်စုံရဲ့ တန်ဖိုးဝန်းကျင်ကို သိန်း ထောင်ဂဏန်းဝန်းကျင်မှာ ခန့်မှန်းနေကြပါတယ်။

မိုးဟေကို (မိုး)

ထုတ်လုပ်ရေး နဲ့ စီးပွားရေးလုပ်ငန်းစုတချို့ရဲ့ ပိုင်ရှင် မင်းသမီးလေး မိုးကတော့ ဒီနှစ်မှာ ရိုးရှင်းစွာ ငွေမျှင်ရောင်လေးနဲ့ ပွဲတက်ခဲ့ပြီး ဝတ်စုံနဲ့ လက်ဝတ်ရတနာ တန်ဖိုးအားလုံးကို သိန်းသောင်းဂဏန်းဝန်ကျင် မှာ ခန့်မှန်းရပြီး မိတ်ကပ်ကတော့ မေဦး(Magic) နဲ့ ဝတ်စုံရဲ့ ဒီဇိုင်နာက တော့ ဖြိုးကို ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင် (အူဝဲ)

ဇကာတင်ရုပ်ရှင်ဇာတ်ကားကြီးစာရင်းမှာ အူဝဲရဲ့ ကြတ်ဂူ မပါဝင်ခဲ့သော်လည်း ဒီနှစ်ရဲ့ အကယ်ဒမီကို မှန်းထားပုံမရသလို အားပေးဖို့သက်သက်ပွဲတက်လာခဲ့တဲ့ အူဝဲကတော့ ဒီဇိုင်နာ အိကျော်ဇင် ( Vivid Fashion ) ရဲ့ ပတ္တမြားရောင် နဲ့ ပန်းမိတ်ကပ်နုရောင် တွဲဖက်ထားတဲ့ ဝတ်စုံနဲ့ ပွဲတက်လာခဲ့ပြီး မဟာဆန်ဆန် နောက်တွဲဆံထုံး ခပ်ကြီးကြီးလေးထုံးထားတာကို မြင်တွေ့ရရမှာပါ။

အေးဝတ်ရည်သောင်း(အေးသောင်း)
တော်ဝင်နန်းထိုက်တဲ့ အလှနတ်သမီးတပါးအဖြစ် ရွှေအဆင်းတွေ လွှမ်းခြုံလို့ ပွဲတက်ရောက်လာသူလေးက မအေးသောင်းဖြစ်ပြီး မိတ်ကပ် မေဦး (magic) ပြင်ဆင်ခြယ်သပေးကာ ဝတ်စုံကို တော့ ဒီဇိုင်နာ မင်းသက်စံ (Sweet & Smart Fashion Collection) မှ ဖန်တီးပေးထားတာဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဇာတ်ပို့ အမျိုးသမီးဆုကို မအေးသာင်းကို ပရိသတ်တွေက အရမ်းကို ရစေချင်ပေမဲ့လည်း အကယ်ဒမီနဲ့ လွဲခဲ့ရတဲ့ အရမ်းကို စိတ်မကောင်းဖြစ်နေကြပါတယ်။

အေးမြတ်သူ (မြတ်လေး)

ဒီနှစ်ရဲ့ အကယ်ဒမီအမျိုးသမီးဇာတ်ပို့ ဆုကို ပရိသတ်တွေ မျှော်လင့်ထားတဲ့ မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ မမြတ်လေးက ရရှိခဲ့ပြီး အေးမြတ်သူကိုယ်တိုင်ကလည်း ထင်မထားရလောက်အောင် ဝမ်းသာပီတီဖြစ်ခဲ့ရပါတယ်။ ဒီနှစ်ရဲ့ အကယ်ဒမီဖက်ရှင်လ်မှာတော့ အရိုးရှင်းဆုံးနဲ့ အဖြူရောင်၊ ငွေမျှင်ရောင် ဖောက်ချိတ်လေးနဲ့ အတူ ခပ်မြင့်မြင့်ဆ့ထုံးလေးမှာ အဖြူရောင်သစ်ခါလေးတွေ ပန်ဆင်ထားတာကို မြင်တွေ့ရမှာပါ။

နေခြည်ဦး (ချီချီ)

ဒီနှစ်ရဲ့ ဇကာတင် အကယ်ဒမီရုပ်ရှင်စာရင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ချီချီအတွက် ပထမဆုံးကားဖြစ်သော်လည်း မျက်နာသစ်မင်းသမီးတစ်ယောက် အနေနဲ့ ခုလို အခွင့်အရေးမျိုးဆိုတာ မလွယ်လှပါဘူး။ ချီချီကတော့ ဒီနှစ်မှာ အပြာရောင် ရေခဲတောင်နဂါးကို Inspired ယူလို့ ဖန်တီးထားတဲ့ ဒီဇိုင်နာ Ahlatt Lumyang ရဲ့ ဝတ်စုံဖြစ်ပြီး တကယ့်ကို ဖက်ရှင်ကျသလို ထူးခြားတဲ့ ဒီဇိုင်လေးဖြစ်ပါတယ်။
စံရတီမိုးမြင့်

လိမ္မော်ရောင်ဝတ်စုံလေးနဲ့ ထင်ရှားလှပနေတဲ့ မင်းသမီးလေး စံရတီမိုးမြင့်ကတော့ ဒီဇိုင်နာ ကောင်းမြတ် (Haute Couture ) ရဲ့ ဝတ်စုံ နဲ့ ပွဲတက်လာတာဖြစ်ပြီး သူမရဲ့ မိတ်ကပ်ကို တော့ အေပရယ်သုတ က ဖန်တိးလိမ်းခြယ်ပေးထားပါတယ်။

အိချောပို (စူစူ)

မင်းသမီးချောလေး အိချောပိုကတော့ ဒီနှစ်ရဲ့အကယ်ဒမီ ပေးပွဲဆုကို လိမ္မော်ရောင်၊ ပန်းရောင်နဲ့ ရွှေရောင် ဖက်စပ်လို့ ငှက်မလေးအသွင်ဝတ်စုံလေးကို ဝတ်ဆင်လာခဲ့ပြီး သူမဝတ်စုံရဲ့ ဒီဇိုင်နာကတော့ စုနန္ဒာလှိုင် ဖြစ်ပါတယ်။ စူစူ ဝတ်စုံလေး က အမြင်တမျိုးဆန်းနေတယ် ဟုတ်…?

သင်ဇာဝင့်ကျော်

နွေဦးရဲ့ ငှက်မလေးအသွင် နဲ့ ပုစွန်ဆီရောင် ငှက်တောင်မွှေးလေးတွေ ပါဝင်လို့သစ်ရွက်ဖတ်လေးတွေ အပြည့်စီခြယ်ထားပြီး ဒီဇိုင်နာ Ahlatt Lumyangဖန်တီးထားသော သင်ဇာ ရဲ့ ဝတ်စုံလေးကလည်း အမြင်တမျိုးဆန်းလို့ နေပြန်သလို ဆံပင်ပြင်ဆင်မှုလည်း ခပ်မိုက်မိုက်နဲ့ လှပနေပြန်ပါတယ်။

ဖွေးဖွေး (ဖွေးစိန်)

ဒီနှစ်ရဲ့ အကယ်ဒမီ ဇာတ်ဆောင်အမျိုးသမီးဆုကို ရရှိခဲ့တဲ့ ဖွေးစိန်လေးကတော့ စိတ်မကောင်းစွားနဲ့ပဲ ယဉ်တိုက်မှုကြောင့် လက်ကျိုးနေသော်လည်း ပွဲလေးကို ဖြစ်အောင် တက်ခဲ့ပါတယ်။ ဒီဇိုင်နာ ကိုဖြိုးကို (Extraordinary Fashion Team) ဖန်တီးပေးထားသော ငွေမျှင်ရောင် ဝတ်စုံလေးမှာ စိန်တွေအပြည့် စီခြယ်ထားပြီး သိန်းသောင်းဂဏန်းတန်ဖိုးရှိတယ်လို့ ခန့်မှန်းရပါတယ်။ Make Up & Hair Artist ကတော့ တီခိုင်၊တီချို (HELLO) မှ ပြင်ဆင်ပေးထားပြီး ဖွေးရဲ့ ဝတ်စုံလေးဟာလည်း စိန်တလက်လက်နဲ့ တဖိတ်ဖိတ်တောက်နေခဲ့ပါတယ်။

scroll to top