အကယ္ဒမီ(၄)ဆုဆြတ္ခူးခဲ့ျပီး ေကာ္ပီလို႕ ပရိသတ္ေတြဆိုေနတဲ့ ေရႊၾကာ ရုပ္ရွင္အေပၚ စာေရးဆရာမ ပုညခင္ရဲ႕ ရွင္းလင္းခ်က္

Collage_Fotor25542.png

 

ဒီနွစ္ရဲ႕ အကယ္ဒမီစင္ျမင့္ထက္ မွာ တည္းျဖတ္- ေက်ာ္ခိုင္စိုး ၊ ဇာတ္ေဆာင္အမ်ိဳးသမီး- ေဖြးေဖြး ၊ ဇာတ္ညြန္းဆု- ၀ိုင္း နဲ႕ ဇာတ္ကားဆု- ေငြေသာ္တာထုတ္လုပ္ေရး (ေဒၚေလး စနၵာျမင့္) စသျဖင့္ အကယ္ဒမီ(၄) ဆု ဆြတ္ခူးရရွိခဲ့တဲ့ ေရႊၾကာ ရုပ္ရွင္ဇာတ္ကားၾကီးနဲ႕ ပတ္သက္လို႕ ပရိသတ္အေတာ္အမ်ား မေက်နပ္ခဲ့ၾကသလို ေရႊၾကာ ရုပ္ရွင္ဇာတ္ကားၾကီးဟာ ၁၉၇၄ခုနွစ္ကထြက္ရွိခဲ့တဲ့ ေဟာင္ေကာင္ လိင္ရုပ္ရွင္ကို ကူးခ်ထားတယ္လို႕ပါ သတင္းထြက္ရွိလာခဲ့ျခင္းျဖစ္ပါတယ္။

 

 

The Golden Lotus (1974) အမည္ရ ေဟာင္ေကာင္ ေရႊၾကာရုပ္ရွင္ဟာ ျပည္႕တန္ဆာဆန္ဆန္ လိင္ခန္းေတြပါ၀င္ျပီး (18)နွစ္ေအာက္ မၾကည္႕ရ လိင္အသားေပးရုပ္ရွင္ျဖစ္သလို ဒီနွစ္အကယ္ဒမီဆုရရွိခဲ့တဲ့ ျမန္မာ ေရႊၾကာ နဲ႕ပါ နာမည္ခ်င္းဆင္တူတာေၾကာင့္ ပရိသတ္အမ်ား ေ၀ဖန္ေနလ်က္ရွိရာ ဒီေရႊၾကာ ၀တၳဳကို ေရးသားသူ စာေရးဆရာမ ပုညာခင္ဘက္ကလည္း ဒီ၀တၳဳဟာ ေကာ္ပီမဟုတ္သလို ကူးခ်ထားတာ တစ္ခုမွ မပါေၾကာင္း ခုလို ရွင္းလင္းစကားဆိုထားပါတယ္။

 

” ဒီေန႔ ေနသိပ္မေကာင္းလို႔ အကယ္ဒမီပြဲ မသြားေတာ့ဘူးလို႔ေနခဲ့တယ္..ေနာက္ေတာ့ ဘယ္သူရရ လက္ခုပ္တီးေပးဖို႔သြားခဲ့တယ္ ။ ၿပီးေတာ့ အေမွာင္ထဲမွာ တိတ္တိတ္ေလး ၾကည္ႏူးမ်က္ရည္ဝဲၿပီး ျပန္ခဲ့တယ္ ။ ျပန္ေရာက္ၿပီး fbၾကည့္ေတာ့မွ Congratulationsလုပ္ထားတဲ့မတ္ေဆ့ေတြ wallေပၚမွာ လာေရးထားတဲ့ဆုေတာင္းစကားေတြေတြ႕ရတယ္ ။ အားလံုးကို ေက်းဇူးတင္ပါတယ္။

ေနာက္တစ္ခုေတြ႕ရတာက က်မရဲ႕ဝတၳဳကို copyလို႔ စြပ္စြဲထားတဲ့postေတြျဖစ္ပါတယ္ ။
ဒီဝတၳဳဟာ ကၽြန္မကိုယ္တိုင္ အလႊာအသီးသီးက ျပည့္တန္ဆာမ်ားစြာကို ေတြ႕ဆံုေမးျမန္းၿပီး သူတို႔ဘဝေတြကို ေလ့လာေရးသားခဲ့တဲ့ ဝတၳဳျဖစ္ပါတယ္ ။ ကေလးဘဝကတည္းက ဘာခိုင္းခိုင္းၾကာတတ္လို႔ ေရႊၾကာလို႔ နာမည္ေပးခဲ့တာျဖစ္ပါတယ္ ။ ဇာတ္ေကာင္အမည္ကသာ ေရႊၾကာျဖစ္ၿပီး ဝတၳဳအမည္က #အေရွ႕တံခါးအဝင္ ျဖစ္ပါတယ္။ေရႊၾကာအျဖစ္ဖန္တီးခဲ့တဲ့ မီးပူကပ္ခံထားရတဲ့အမာရြတ္ျကီးနဲ႔ အဲ့ဒီ့မိန္းကေလးဟာ အခုထိသက္ရွိထင္ရွားရွိပါတယ္ ။ က်မဝတၳဳဟာ ၾကာပန္းနဲ႔လည္း မဆိုင္ပါ ။ ဝတၳဳထဲမွာ sexခန္းလည္းမပါပါ။

 

စားဝတ္ေနေရးအခက္အခဲျဖစ္ၾကရတဲ့ ဘဝမလံုျခံဳရွာတဲ့မိန္းကေလးေတြ ဒီလိုလမ္းကို မလိုက္မိၾကဖို႔ ဒီဘဝရဲ႕ လူျဖစ္ရွံုးရပံုကို ေရးဖြဲ႕ခဲ့ျခင္းျဖစ္ပါတယ္ ။ မဆီမဆိုင္တာေတြ ဇြတ္အတင္းဆြဲစိတိုက္ခိုက္ေနၾကတာေတာ ႐ုပ္ရွင္ရံုတင္ကတည္းက ျဖစ္ပါတယ္ ။ တတ္ႏိုင္သမွ် သည္းခံခဲ့ပါတယ္ ။ တုန္႔ျပန္ေျဖရွင္းတာေတြလည္းမလုပ္ခဲ့ပါဘူး ။ ဒါေပမယ့္ ၿငိမ္ေနရင္ အမွန္ကိုမသိဘဲ အထင္မွားရင္း ပူေလာင္ေနၾကမွာစိုးတာမို႔ ခုလိုေျပာျပရျခင္းျဖစ္ပါတယ္ ။ေက်းဇူးတင္ပါတယ္ ။ေအးခ်မ္းၾကပါေစေ…..ေမတၱာျဖင့္ပုညခင္ ” လို႕သူမရဲ႕ လူမွုကြန္ရက္ စာမ်က္နာထက္ေဖာ္ျပေျဖရွင္းခဲ့ျပီး ဆယ္လီကမာၻပရိသတ္ၾကီးတို႕အေနနဲ႕ေကာ တကယ္ပဲ ေရႊၾကာဟာ ေကာ္ပီလို႕ ထင္ပါသလား…ဒါမွမဟုတ္ တကယ္ပဲ ဒီနွစ္ရဲ႕ အေကာင္းဆံုးရုပ္ရွင္ ရသင့္တယ္ ထင္ပါသလား…ေျဖခဲ့ပါဦးေနာ္…။

 

Source : CeleGabar creation & Photo;
Khin Mi Mi @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒီနှစ်ရဲ့ အကယ်ဒမီစင်မြင့်ထက် မှာ တည်းဖြတ်- ကျော်ခိုင်စိုး ၊ ဇာတ်ဆောင်အမျိုးသမီး- ဖွေးဖွေး ၊ ဇာတ်ညွန်းဆု- ဝိုင်း နဲ့ ဇာတ်ကားဆု- ငွေသော်တာထုတ်လုပ်ရေး (ဒေါ်လေး စန္ဒာမြင့်) စသဖြင့် အကယ်ဒမီ(၄) ဆု ဆွတ်ခူးရရှိခဲ့တဲ့ ရွှေကြာ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်လို့ ပရိသတ်အတော်အများ မကျေနပ်ခဲ့ကြသလို ရွှေကြာ ရုပ်ရှင်ဇာတ်ကားကြီးဟာ ၁၉၇၄ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟောင်ကောင် လိင်ရုပ်ရှင်ကို ကူးချထားတယ်လို့ပါ သတင်းထွက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။

The Golden Lotus (1974) အမည်ရ ဟောင်ကောင် ရွှေကြာရုပ်ရှင်ဟာ ပြည့်တန်ဆာဆန်ဆန် လိင်ခန်းတွေပါဝင်ပြီး (18)နှစ်အောက် မကြည့်ရ လိင်အသားပေးရုပ်ရှင်ဖြစ်သလို ဒီနျစ်အကယ်ဒမီဆုရရှိခဲ့တဲ့ မြန်မာ ရွှေကြာ နဲ့ပါ နာမည်ချင်းဆင်တူတာကြောင့် ပရိသတ်အများ ဝေဖန်နေလျက်ရှိရာ ဒီရွှေကြာ ဝတ္ထုကို ရေးသားသူ စာရေးဆရာမ ပုညာခင်ဘက်ကလည်း ဒီဝတ္ထုဟာ ကော်ပီမဟုတ်သလို ကူးချထားတာ တစ်ခုမှ မပါကြောင်း ခုလို ရှင်းလင်းစကားဆိုထားပါတယ်။

” ဒီနေ့ နေသိပ်မကောင်းလို့ အကယ်ဒမီပွဲ မသွားတော့ဘူးလို့နေခဲ့တယ်..နောက်တော့ ဘယ်သူရရ လက်ခုပ်တီးပေးဖို့သွားခဲ့တယ် ။ ပြီးတော့ အမှောင်ထဲမှာ တိတ်တိတ်လေး ကြည်နူးမျက်ရည်ဝဲပြီး ပြန်ခဲ့တယ် ။ ပြန်ရောက်ပြီး fbကြည့်တော့မှ Congratulationsလုပ်ထားတဲ့မတ်ဆေ့တွေ wallပေါ်မှာ လာရေးထားတဲ့ဆုတောင်းစကားတွေတွေ့ရတယ် ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

နောက်တစ်ခုတွေ့ရတာက ကျမရဲ့ဝတ္ထုကို copyလို့ စွပ်စွဲထားတဲ့postတွေဖြစ်ပါတယ် ။
ဒီဝတ္ထုဟာ ကျွန်မကိုယ်တိုင် အလွှာအသီးသီးက ပြည့်တန်ဆာများစွာကို တွေ့ဆုံမေးမြန်းပြီး သူတို့ဘဝတွေကို လေ့လာရေးသားခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ် ။ ကလေးဘဝကတည်းက ဘာခိုင်းခိုင်းကြာတတ်လို့ ရွှေကြာလို့ နာမည်ပေးခဲ့တာဖြစ်ပါတယ် ။ ဇာတ်ကောင်အမည်ကသာ ရွှေကြာဖြစ်ပြီး ဝတ္ထုအမည်က #အရှေ့တံခါးအဝင် ဖြစ်ပါတယ်။ရွှေကြာအဖြစ်ဖန်တီးခဲ့တဲ့ မီးပူကပ်ခံထားရတဲ့အမာရွတ်ကြီးနဲ့ အဲ့ဒီ့မိန်းကလေးဟာ အခုထိသက်ရှိထင်ရှားရှိပါတယ် ။ ကျမဝတ္ထုဟာ ကြာပန်းနဲ့လည်း မဆိုင်ပါ ။ ဝတ္ထုထဲမှာ sexခန်းလည်းမပါပါ။

စားဝတ်နေရေးအခက်အခဲဖြစ်ကြရတဲ့ ဘဝမလုံခြုံရှာတဲ့မိန်းကလေးတွေ ဒီလိုလမ်းကို မလိုက်မိကြဖို့ ဒီဘဝရဲ့ လူဖြစ်ရှုံးရပုံကို ရေးဖွဲ့ခဲ့ခြင်းဖြစ်ပါတယ် ။ မဆီမဆိုင်တာတွေ ဇွတ်အတင်းဆွဲစိတိုက်ခိုက်နေကြတာတော ရုပ်ရှင်ရုံတင်ကတည်းက ဖြစ်ပါတယ် ။ တတ်နိုင်သမျှ သည်းခံခဲ့ပါတယ် ။ တုန့်ပြန်ဖြေရှင်းတာတွေလည်းမလုပ်ခဲ့ပါဘူး ။ ဒါပေမယ့် ငြိမ်နေရင် အမှန်ကိုမသိဘဲ အထင်မှားရင်း ပူလောင်နေကြမှာစိုးတာမို့ ခုလိုပြောပြရခြင်းဖြစ်ပါတယ် ။ကျေးဇူးတင်ပါတယ် ။အေးချမ်းကြပါစေေ…..မေတ္တာဖြင့်ပုညခင် ” လို့သူမရဲ့ လူမှုကွန်ရက် စာမျက်နာထက်ဖော်ပြဖြေရှင်းခဲ့ပြီး ဆယ်လီကမ္ဘာပရိသတ်ကြီးတို့အနေနဲ့ကော တကယ်ပဲ ရွှေကြာဟာ ကော်ပီလို့ ထင်ပါသလား…ဒါမှမဟုတ် တကယ်ပဲ ဒီနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင် ရသင့်တယ် ထင်ပါသလား…ဖြေခဲ့ပါဦးနော်…။

Source : CeleGabar creation & Photo;
Khin Mi Mi @CeleGabar

 

scroll to top