ဇာတ္ေဆာင္ဆုေၾကညာခါနီးလူေတြ၀ိုင္းလာလို႕ အရွက္မခြဲၾကပါနဲ႕လို႕ေတာင္းပန္ခဲ့ရတယ္ဆိုတဲ့ သူထူးစံ

Collage_Fotor5623.png

 

 

မေန႕ကျပီးဆံုးခဲ့ျပီျဖစ္တဲ့ အကယ္ဒမီေပးပြဲၾကီးအေပၚ ပရိသတ္ေတြ ေ၀ဖန္မွုေတြ ဆက္တိုက္ျဖစ္ေပၚခဲ့ျပီး ဒီနွစ္ရဲ႕ အကယ္ဒမီအမ်ိဳးသားဇာတ္ေဆာင္ဆုကို ေတာ့ သမန္းက်ား ရုပ္ရွင္ဇာတ္ကားၾကီးမွ သူထူးစံက ဆြတ္ခူးရရွိခဲ့တာပါ။

သူထူးစံအတြက္ မိန္းမလည္းရ၊ အကယ္ဒမီလည္း ရ နဲ႕ တကယ့္ကိုကံေကာင္းတဲ့ နွစ္တစ္နွစ္လို႕ ဆိုနိုင္သလို အကယ္ဒမီ ရရွိဖို႕ သူထူးစံဘက္ကေတာ့ လံုး၀မေမွ်ာ္လင့္ထားပံုပါပဲ။ ဇာတ္ေဆာင္အမ်ိဳးသားဆုကို ေၾကညာခါနီးမွာ သူထူးစံ အနားကို လူေတြ၊ ကင္မရာမန္းေတြ ၀ိုင္းလာခဲ့ခ်ိန္မွာ ကၽြန္ေတာ္ကို အရွက္မခြဲၾကပါနဲ႕ဗ်ာ လို႕ ဆိုခဲ့ပါတယ္။

 

သူထူးစံ

ထင္မထားလို႔ လာဝိုင္းတဲ့သူေတြကို အရွက္မခြဲနဲ႔လို႔ေတာင္ ေျပာခဲ့တဲ့ သူထူးစံ အကယ္ဒမီရတဲ့အခါ #CG#Celegabar#MyanmarAcademyAwards2018

Posted by Cele Gabar on Sunday, March 24, 2019

ကိုယ္ဆုရတဲ့ ယခုအခ်ိန္ထိ သမန္းက်ားကားကိုမၾကည္႕ရေသးသလို ဆုရဖို႕လည္း မေမွ်ာ္လင့္ထားဘူးဆိုတဲ့ သူထူးစံကေတာ့ ဇာတ္ေဆာင္ေနရာမွာ အကယ္ဒမီရရွိေစခ်င္တဲ့ သူက သူကိုယ္တိုင္မဟုတ္ခဲ့ပါဘူး။ “ကၽြန္ေတာ္မွာ အားနည္ခ်က္ေတြအမ်ားၾကီးပါပဲ။ က်ားရုပ္မပီျပင္တာေကာ အသံေတြေကာေပါ့။ ကၽြန္ေတာ္ကိုယ္ကၽြန္ေတာ္သိပါတယ္။ အသံဖမ္းတဲ့ လူကလည္းေသသြားေတာ့ အေတာ္ဒုကၡေရာက္ပါတယ္။ အမွန္ေျပာရရင္ သမန္းက်ားကို မၾကည္႕ရေသးပါဘူး။ ကၽြန္ေတာ္သြားၾကည္႕ျဖစ္တာ မုန္းစြဲ နဲ႕ သမၼတၾကီးထံ ေပးစာ နွစ္ကားပဲ။ ဒီနွစ္ကားလံုး အရမ္းေကာင္းေတာ့ ကၽြန္ေတာ္ အရမ္းေက်နပ္ခဲ့တာပါ။ ” လို႕ ဆယ္လီကမာၻအင္တာဗ်ဴးကို ခုလိုေျပာၾကားခဲ့တာမို႕ ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္..။

Source : CeleGabar creation, Video & Photo;
Khin Mi Mi @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

မနေ့ကပြီးဆုံးခဲ့ပြီဖြစ်တဲ့ အကယ်ဒမီပေးပွဲကြီးအပေါ် ပရိသတ်တွေ ဝေဖန်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဒီနှစ်ရဲ့ အကယ်ဒမီအမျိုးသားဇာတ်ဆောင်ဆုကို တော့ သမန်းကျား ရုပ်ရှင်ဇာတ်ကားကြီးမှ သူထူးစံက ဆွတ်ခူးရရှိခဲ့တာပါ။

သူထူးစံအတွက် မိန်းမလည်းရ၊ အကယ်ဒမီလည်း ရ နဲ့ တကယ့်ကိုကံကောင်းတဲ့ နှစ်တစ်နှစ်လို့ ဆိုနိုင်သလို အကယ်ဒမီ ရရှိဖို့ သူထူးစံဘက်ကတော့ လုံးဝမမျှော်လင့်ထားပုံပါပဲ။ ဇာတ်ဆောင်အမျိုးသားဆုကို ကြေညာခါနီးမှာ သူထူးစံ အနားကို လူတွေ၊ ကင်မရာမန်းတွေ ဝိုင်းလာခဲ့ချိန်မှာ ကျွန်တော်ကို အရှက်မခွဲကြပါနဲ့ဗျာ လို့ ဆိုခဲ့ပါတယ်။

ကိုယ်ဆုရတဲ့ ယခုအချိန်ထိ သမန်းကျားကားကိုမကြည့်ရသေးသလို ဆုရဖို့လည်း မမျှော်လင့်ထားဘူးဆိုတဲ့ သူထူးစံကတော့ ဇာတ်ဆောင်နေရာမှာ အကယ်ဒမီရရှိစေချင်တဲ့ သူက သူကိုယ်တိုင်မဟုတ်ခဲ့ပါဘူး။ “ကျွန်တော်မှာ အားနည်ချက်တွေအများကြီးပါပဲ။ ကျားရုပ်မပီပြင်တာကော အသံတွေကောပေါ့။ ကျွန်တော်ကိုယ်ကျွန်တော်သိပါတယ်။ အသံဖမ်းတဲ့ လူကလည်းသေသွားတော့ အတော်ဒုက္ခရောက်ပါတယ်။ အမှန်ပြောရရင် သမန်းကျားကို မကြည့်ရသေးပါဘူး။ ကျွန်တော်သွားကြည့်ဖြစ်တာ မုန်းစွဲ နဲ့ သမ္မတကြီးထံ ပေးစာ နှစ်ကားပဲ။ ဒီနှစ်ကားလုံး အရမ်းကောင်းတော့ ကျွန်တော် အရမ်းကျေနပ်ခဲ့တာပါ။ ” လိုက ဆယ်လီကမ္ဘာအင်တာဗျူးကို ခုလိုပြောကြားခဲ့တာမို့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်..။

Source : CeleGabar creation, Video & Photo;
Khin Mi Mi @CeleGabar

 

scroll to top