ေရႊစင္ေရႊသားအစစ္ေတြနဲ႕ ခ်ဳပ္လုပ္ထားတဲ့ အကယ္ဒမီ ၀တ္မွုန္ေရႊရည္ရဲ႕ ပြဲတက္၀တ္စံုထူးျခားခ်က္မ်ား

Collage_Fotor-51.png

 

 

ဒီနွစ္ရဲ႕ အလွဆံုး အကယ္ဒမီဖက္ရွင္ေတြထဲက တစ္ခုအပါအ၀င္ျဖစ္တဲ့ ေရႊကစ္ရဲ႕ ဖက္ရွင္ကေတာ့ သူမအၾကိဳက္ ကို္ယ္တိုင္ေရြးခ်ယ္ထားတဲ့ ပုစြန္ဆီေရာင္ ေလးျဖစ္ျပီး ေခါင္းကေန ေျခအဆံုး ခ်ိတ္အျပည္႕နဲ႕ ပု၀ါ တဘက္အရွည္ၾကီးကိုခ်လို႕ မဟာဆန္လွပေနတာပါ။

 

 

 

 

 

ပရိသတ္ေတြကို ခုေျပာျပေပးခ်င္တာကေတာ့ ေရႊကစ္ ၀တ္စံုေလးရဲ႕ထူးျခားခ်က္ေလးေတြအေၾကာင္းနဲ႕ ပတ္သက္လို႕ ၀တ္စံုကိုေတာ့ ဒီဇိုင္နာ မင္းသက္စံ (Sweet & Smart Fashion Collection) ကဖန္တီးေပးထားတာျဖစ္ျပီး ဒီဇိုင္နာရဲ႕ စိတ္ကူးစိတ္သန္းနဲ႕ အိုင္ဒီယာက ေတာ့ တကယ့္ကို ခ်ီးက်ဴးစရာပါ။

 

 

ကစ္အတြက္ အကယ္ဒမီပြဲတက္မယ့္ ဝတ္စံုကို Idea ႏွစ္မ်ိဳးနဲ႔ ဖန္တီးေပးထားျပီး ခ်ိတ္ႏွစ္ထည္နဲ႔ဖန္တီးေပးထားတာျဖစ္ပါတယ္။ အကယ္ဒမီေကာေဇာနီထက္ မွာေလ်ာက္လွမ္းရမယ့္ Celebrity တေယာက္ သူမအတြက္ Fashion Trend ကိုဦးေဆာင္ဝတ္ဆင္သူျဖစ္ရမယ္ဆိုတဲ့ စိတ္နဲ႕ အတူ ျမန္မာလည္းဆန္ ၊ ေခတ္လည္းမီေအာင္ ပထမအိုင္ဒီယာျဖစ္တဲ့ ျခံဳလြာပု၀ါအႀကီးကို အကယ္ဒမီေလွ်ာက္လမ္းမွာ ဝတ္ဆင္ေစခဲ့ပါတယ္။

 

 

ဒုတိယအိုင္ဒီယာ ကေတာ့ ပြဲထဲေရာက္လို႔ထိုင္ရခက္မွာစိုးတဲ့အတြက္ ျမပုဝါအေသးကိုဘယ္သူမွ မလုပ္ေသးတဲ့ideaျဖစ္တဲ့ ပိုးစစ္ခ်ိတ္မွာ Witt Mhone Shwe Yi ဆိုတဲ့ English နာမည္ထိုးေပးၿပီး ျမပုဝါအျဖစ္ဖန္တီးေပးထားပါတယ္။ ၀တ္စံုကို ေရအစင္ေရႊသားအစစ္ေတြနဲ႕ ဖန္တီးေပးထားတာဟာ သူမအတြက္အမွတ္တရျဖစ္ေစခ်င္တာေၾကာင့္လို႕ ဒီဇိုင္နာက ဆိုထားပါတယ္။ မ်က္စိထဲတမ်ိဳးျဖစ္ေနေပမဲ့လည္း ၾကည္႕ရင္းၾကည္႕ရင္း ကစ္တစ္ေယာက္ ပိုပိုလွလာသလို ဒီ၀တ္စံုေလးကို သေဘာက်ၾကတယ္ မဟုတ္လား ဆယ္လီကမာၻပရိသတ္ၾကီးေရ…။

Source : CeleGabar creation & Minn Thet Saen;
Khin Mi Mi @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

 

 


ဒီနှစ်ရဲ့ အလှဆုံး အကယ်ဒမီဖက်ရှင်တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ရွှေကစ်ရဲ့ ဖက်ရှင်ကတော့ သူမအကြိုက် ကိုယ်တိုင်ရွေးချယ်ထားတဲ့ ပုစွန်ဆီရောင် လေးဖြစ်ပြီး ခေါင်းကနေ ခြေအဆုံး ချိတ်အပြည့်နဲ့ ပုဝါ တဘက်အရှည်ကြီးကိုချလို့ မဟာဆန်လှပနေတာပါ။

ပရိသတ်တွေကို ခုပြောပြပေးချင်တာကတော့ ရွှေကစ် ဝတ်စုံလေးရဲ့ထူးခြားချက်လေးတွေအကြောင်းနဲ့ ပတ်သက်လို့ ဝတ်စုံကိုတော့ ဒီဇိုင်နာ မင်းသက်စံ (Sweet & Smart Fashion Collection) ကဖန်တီးပေးထားတာဖြစ်ပြီး ဒီဇိုင်နာရဲ့ စိတ်ကူးစိတ်သန်းနဲ့ အိုင်ဒီယာက တော့ တကယ့်ကို ချီးကျူးစရာပါ။

ကစ်အတွက် အကယ်ဒမီပွဲတက်မယ့် ဝတ်စုံကို Idea နှစ်မျိုးနဲ့ ဖန်တီးပေးထားပြီး ချိတ်နှစ်ထည်နဲ့ဖန်တီးပေးထားတာဖြစ်ပါတယ်။ အကယ်ဒမီကောဇောနီထက် မှာလျောက်လှမ်းရမယ့် Celebrity တယောက် သူမအတွက် Fashion Trend ကိုဦးဆောင်ဝတ်ဆင်သူဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ အတူ မြန်မာလည်းဆန် ၊ ခေတ်လည်းမီအောင် ပထမအိုင်ဒီယာဖြစ်တဲ့ ခြုံလွာပုဝါအကြီးကို အကယ်ဒမီလျှောက်လမ်းမှာ ဝတ်ဆင်စေခဲ့ပါတယ်။

ဒုတိယအိုင်ဒီယာ ကတော့ ပွဲထဲရောက်လို့ထိုင်ရခက်မှာစိုးတဲ့အတွက် မြပုဝါအသေးကိုဘယ်သူမှ မလုပ်သေးတဲ့ideaဖြစ်တဲ့ ပိုးစစ်ချိတ်မှာ Witt Mhone Shwe Yi ဆိုတဲ့ English နာမည်ထိုးပေးပြီး မြပုဝါအဖြစ်ဖန်တီးပေးထားပါတယ်။ ဝတ်စုံကို ရေအစင်ရွှေသားအစစ်တွေနဲ့ ဖန်တီးပေးထားတာဟာ သူမအတွက်အမှတ်တရဖြစ်စေချင်တာကြောင့်လို့ ဒီဇိုင်နာက ဆိုထားပါတယ်။ မျက်စိထဲတမျိုးဖြစ်နေပေမဲ့လည်း ကြည့်ရင်းကြည့်ရင်း ကစ်တစ်ယောက် ပိုပိုလှလာသလို ဒီဝတ်စုံလေးကို သဘောကျကြတယ် မဟုတ်လား ဆယ်လီကမ္ဘာပရိသတ်ကြီးရေ…။

Source : CeleGabar creation & Minn Thet Saen;
Khin Mi Mi @CeleGabar

 

scroll to top