ဒီနှစ်သင်္ကြန်မဏ္ဍပ်တိုင်းမှာ ခေတ်စားလာပြန်ဦးမဲ့ မနောရဲ့ သင်္ကြန်သီချင်းသစ်

Collage_Fotor-52.png

 

 

တေးသံရှင် အဆိုတော် မနောကတော့ အထူးတလည်ပြောစရာမလိုအောင် ရင်းနှီးပြီးသား ဖြစ်သလို တစ်ချိန်က ဗိုလ်အောင်ဒင် သီချင်းနဲ့ နိုင်ငံကျော် လူသိများလာသူပါ။ မြန်မာသံကို အထူးပြုသီဆိုသူ မြန်မာသံတေးသံရှင် တစ်ဦးဖြစ်ပြီး သူ့ရဲ့ သီချင်းအတော်အများဟာလ်ညး လွန်စွာမှ အောင်မြင်ကျော်ကြားနာမည်ရရှိခဲ့ပါတယ်။

 

 

 

 

 

လက်ရှိမှာတော့ တန်ခူးလ အချိန်အခါ သင်္ကြန်အခါသမယကလည်း နီးကပ်လာပြီဖြစ်သလို သင်္ကြန်ချိန်ရောက်တိုင်း မနောရဲ့ သီချင်းဖြစ်တဲ့ “မိချော” ကတော့ မဏ္ဍပ်တိုင်းမှာ ဖွင့်ပြီး ဆိုကြ၊ ကကြသလို ဒီနှစ်မှာလည်း ခေတ်စားလူကြိုက်များလာဦးမဲ့ မနောရဲ့ သီချင်းသစ် တစ်ပုဒ် ထွက်ရှိလို့ လာပါတယ်။

 

သီချင်းနာမည်ကတော့ “အဖော်လိုရင် ကိုယ်ရှိတယ် ” ဖြစ်ပြီး မိချော သိချင်းထက် အရမ်းကြီး မမြူးပေမဲ့လည်း အေးအေးငြိမ့်ငြိမ့်နဲ့ မြန်မာသံပရိသတ်တွေကတော့ ကြိုက်နှစ်သက်နေကြပါတယ်။ တောသဘာဝ သင်္ကြန်နဲ့ ပျော်ရွှင်စရာတွေကို ရောစပ်လို့ထားပြီး တကယ့်ကို အပျော်တွေကူးစက်စေမဲ့ မနောရဲ့ သီချင်းသစ် ကို နားဆင်ကြည့်ကြပါဦးနော် … ဆယ်လီကမ္ဘာပရိသတ်ကြီးရေ..။

Source : မနော Manaaw;
Khin Mi Mi @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

တင်ပြီဗျားးး😍ကျနော်တို့ရွာကတော့ တောင်ခြမ်း နဲ့ မြောက်ခြမ်း မဏ္ဍာပ်တွေ အပြိုင်ထိုးပြီး ကောင်မလေးတွေအပြိုင် ပိုးကြမှာဗျားးးဘော်ဒါတို့ဆီမှာရော ဘယ်လိုလဲ🤪 ရေလောင်းမည့်ကောင်မလေးရော ကြိုရှာထားပြီလား 😜 ကျနော်ကတော့သင်္ကြန်ကိုအမြန်ရောက်ချင်နေပြီဗျားးဟဲဟဲ😝😍🎼အဖော်လိုရင် ကိုယ်ရှိတယ် 😍ဆိုတဲ့သီချင်းလေးပါ အားပေးဦးချစ်ဆုံးတို့ရေ 🙏😍🏆မောင်မနော🏆

Posted by မနော Manaaw on Saturday, March 23, 2019

scroll to top